x

19.12.11

မြတ်ဆရာပူဇော်ပွဲ


၁၇-၁၂-၂၀၁၁(စနေနေ့) MES(Myanmar Engineering Society) မှာ ရန်ကုန်စက်မှုတက္ကသိုလ် (၁၉၇၅-၈၁) ပညာသင်နှစ် ကျောင်းသူ ကျောင်းသားများရဲ့ ပုလဲရတု မြတ်ဆရာပူဇော်ပွဲနဲ့ ညစာစားပွဲတို့ကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ဓာတ်ပုံလေးတွေနဲ့ စာတမ်းထိုးပြသွားမှာပါ။ ဓာတ်ပုံကများတော့ စိတ်ရှည်ရှည်နဲ့ ကြည့်ကြနော်း)

တစ်ချိန်က ကျောင်းတော်ကြီး နောက်ခံနဲ့ မြတ်ဆရာပူဇော်ပွဲ
ဆရာကြီး ဆရာမကြီးများ ပူဇော်ရန်ခင်းကျင်းထားပုံ
ရောက်ရှိလာတဲ့ သူငယ်ချင်းများ
တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြ
စေတနာရှင် သူငယ်ချင်းတစ်ယောက်က ကော်ဖီအလှူဒါနပြု
နောက်တစ်ယောက်က ဆီထမင်းနဲ့ ပဲပြုတ် ငါးခြောက်ကြော် ဒါနလုပ်
တီတင့်က ဆီထမင်း မစားသူ ဆရာ ဆရာများ အဆင်ပြေရန် Sandwich လုပ်ပေး
မှတ်မိသလိုလိုပဲ ငယ်ရုပ်တော့ မပျောက်ဘူး
မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်တစ်ချို့
နင် 'လဲ့' မဟုတ်လား ငါ ဘယ်သူလဲမှတ်မိလား
မြတ်ပူဇော်ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်သုံးဦးနဲ့အတူ မဆုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း
သူငယ်ချင်းဟောင်းများ ဝိုင်းဝန်းဖွဲ့
တစတစ သူငယ်ချင်းများရောက်လာ
ဆရာကြီး ဆရာမကြီးများ ကန်တော့ခံရန်နေရာ
သူငယ်ချင်းများ ဝင်လာမစဲ တဖွဲဖွဲ
လက်ရှိအခြေအနေများ မေးမြန်းကြ
ဦးစီးကော်မတီ ဒုဥက္ကဌ (လျှပ်စစ်) ဧည့်ကြို
ရောက်ရှိလာ ဆရာ ဆရာမများကို နေရာထိုင်ခင်းပေး
ဆရာကြီးများလည်း ဆုံဆည်းမှုကြောင့်ဝမ်းသာ
ဆရာမကြီးများလည်း ပျော်ရွှင်
အလာပ သလာပ ပြောကြဆိုကြ
ဆရာ ဆရာမတွေ ပြုံးပြုံးပျော်ပျော် မြင်ရတော့ ရင်ကိုကြည်နူးစေတယ်
ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာန ဆရာမကြီးများကိုမြင်တော့ တစ်ခါကကျောင်းတော်ကြီးကိုလွမ်းမိ
ဆရာကြီး ဆရာမကြီးများလည်း ပြန်လည်နုပျိုသွားစေတဲ့ ကန်တော့ပွဲလေး
ဆရာမကြီးများလည်း ရှေးဖြစ်နှောင်းဟောင်းများ မရိုးနိုင်ပြောဆိုကြ
ကော်မတီဝင်များမှ  ဘာသာရပ်အလိုက် ကျောင်းသားများ လက်မှတ်ထိုးခိုင်း
လက်မှတ်ထိုးပြီးသူများစာရင်းစီစစ်
လက်ဆောင်ပစ္စည်းများပေးရန် စီစစ်
ဆရာကြီး ဆရာမကြီးများကို ကန်တော့ခံရန်အတွက် အပေါ်ထပ်သို့ ကြွရောက်ရန် ဖိတ်ခေါ်
ကျောင်းသားများကတော့ ဝင်လာမစဲတသဲသဲ
ငယ်သူငယ်ချင်းများ ဆုံဆည်းပွဲလေးမို့ ပျော်စရာ
တက်ရောက်ကြောင်း ဘာသာရပ်အလိုက် လက်မှတ်ထိုး
သူငယ်ချင်း တစ်ချို့ကတော့ သီးသန့်စီစဉ်ထားတဲ့နေရာလေးမှာ အင်အားဖြည့်
မဆုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်းများနဲ့ အမှတ်တရ
ချည်မျှင်နှင့်အထည်မှ ဆရာ ဆရာမများ
ကန်တော့ခံရန်အတွက် ဆရာ ဆရာမများ နေရာယူပုံ
ဆရာ ဆရာများလည်း သူငယ်ချင်းများနဲ့ ပြန်လည်ဆုံဆည်းရတာမို့ ပျော်နေကြ
ခမ်းမသို့ ဆရာများကြွလာပုံ အမှတ်ရ
ဆရာ ဆရာမများနေရာယူထားပုံ အမှတ်တရ
ပျော်ရွှင်စွာဖြင့် အခမ်းအနားကို ဆရာများရောက်လာ
ဆရာကြီး ဆရာမကြီးများလည်း စကားများဖလှယ်
ဆရာ ဆရာမများပျော်တော့ တပည့်များလည်းပျော်တယ်
အမှတ်တရပုံများရိုက်
တစ်ယောက်ကျန်နေခဲ့လို့ နောက်တစ်ပုံထပ်ရိုက်း)
ကျောင်းသား ကျောင်းသူများလည်း ကန်တော့ဘို့ နေရာယူ
ပျော်ဆုံး မော်မဆုံး တစ်ပြုံးပြုံး


ပူဇော်ကန်တော့ရန် အချိန်ရောက်



သူငယ်ချင်းတစ်ဦးမှ တိုင်တည်ပြီး ကန်တော့ကျိုးလိုက်ဆို
ကန်တော့အပြီး ဆရာကြီး ဆရာမကြီးများအား ကန်တော့လက်ဆောင်ပစ္စည်း အမှတ်တရပေး


 ကန်တော့ပစ္စည်းများအဖြစ် ငွေသား တစ်သိန်းငါးသောင်း လက်ဆွဲအိတ် လိပ်စာ စာအုပ်နဲ့ 
မျက်နှာသုတ်ပုဝါ (သူငယ်ချင်း စုံတွဲမှ လှူဒါန်း)
R.I.T (1975-81) Batch စာတမ်းပါ မျက်နှာသုတ်ပုဝါ လက်ဆောင်အတွက် ကျေးဇူးပါ သူငယ်ချင်းရေ
ဆရာကြီး ဆရာမကြီးများ ကန်တော့လက်ဆောင်များနဲ့ ကြည်နူးစရာမြင်ကွင်း
 ပါမောက္ခချုပ်(ငြိမ်း)ရဲ့ သြဝါဒစကား

ဘာသာရပ်အလိုက် ဆရာကြီးများရဲ့ သြဝါဒစကားများကို ဓာတ်ပုံရိုက်ချိန် မရလိုက်တဲ့အတွက် စီဒီခွေရတဲ့အခါမှ သူငယ်ချင်းတို့ အသေးစိတ် ကြည့်ကြပါလို့ မေတ္တာရပ်ခံပါတယ်နော်။

 ဦးစီးကော်မတီ ဥက္ကဌ ဦးစောမောင်(သတ္ထုတူး) ရဲ့ ပူဇော်ထိုက်သူကို ပူဇော်ရခြင်း အမှတ်တရ
ပါမောက္ခချုပ်(ငြိမ်း)အား ရင်တွင်းခံစားချက် အင်တာဗျူး
 ဆရာကြီးကိုလည်း မြတ်ပူဇော်ပွဲအတွေ့အကြုံ အင်တာဗျူး
တစ်ပြည်လုံးမှာ တစ်ကျောင်းသာရှိတဲ့ တစ်ချိန်က R.I.T ကျောင်းတော်ကြီးအကြောင်း ပြောပြ
MRTV-4 ရဲ့ အင်တာဗျူး အမှတ်တရ
ရင်ထဲမှာ ကြည်နူးပြီး ဝမ်းသာပီတိတွေဖုံးလွှမ်းနေတော့ စကားလုံးတောင် စီလို့မရဖြစ်ခဲ့တယ်

အင်တာဗျူးတဲ့အချိန်က လူစေ့အောင် ဓာတ်ပုံမရိုက်ဖြစ်တဲ့အတွက် အဆင်ပြေသလိုတင်ခဲ့ရတာကို နားလည်ပေးပါ သူငယ်ချင်းတို့ရေ။

တို့နှစ်ယောက် ကြုံတုန်းလေး ကော်ကော်နဲ့အမှတ်တရ
ဖြစ်မြောက်ရေးကော်မတီအဖွဲ့နဲ့အတူ ကော်ကော်ရဲ့ အမှတ်တရ
 လျှပ်စစ်အဖွဲ့ရဲ့ အမှတ်တရ
အမှတ်တရ လက်ဆောင် လက်ဆွဲအိတ်
 စားစရာထည့်တဲ့အိတ်ကိုတောင် အမှတ်တရ ဖြစ်အောင် စီစဉ်ပေးတဲ့ သူငယ်ချင်းလေးရေ ကျေးဇူးပါ
ကျောင်းသားများအတွက် ထောပတ်ထမင်း ကြက်သားဟင်း  ရေသန့်တစ်ဗူး

ညစာစားပွဲကို White Rice Restaurant မှာကျင်းပ

ဝါသနာထုံတဲ့ သူငယ်ချင်းအဖွဲ့က လူမစုံခင် တေးသီချင်းနဲ့ဧည့်ခံ တီးဝိုင်းကတော့
ကိုချစ်ရဲ့လက်သံပါ  မှတ်မိကြမယ်ထင်ပါတယ်း)
 မြိုင်မြိုင်ဆိုင်ဆိုင် အဖွင့်သီချင်းဆို
လူမစုံသေး
 အမှတ်တရ ညစာစားပွဲ
 သူငယ်ချင်းများ စုံစုံလင်လင် ဆုံဆည်းပွဲလေး
သူတို့ဝိုင်းလည်း စိုစိုပြေပြေ

 ကြုံတောင့်ကြုံခဲ အမှတ်တရ


နှုတ်ဆက်လို့ မပြီးနိုင်
 အပြောကောင်းတော့ တိုးနဲ့လဲ့တို့ နှစ်ယောက် တစ်အံ့တစ်သြ
သူငယ်ချင်းများရဲ့ မိသားစုများလည်း ပါဝင်ဆင်နွှဲ
 တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲး)
 ဆိုသူဆို ကသူက
မှောင်နေပေမယ့် မဖြစ်မနေတင်လိုက်တယ် သူငယ်ချင်းစုံတွဲ အမှတ်တရ
 ကော်ကော် (ကျောင်းတုန်းက ကော်ရုပ်ကလေးနဲ့တူလို့) တစ်ဖြစ်လဲ နေရဲမာန်နဲ့ အမှတ်ရ
 စန်းသုံးစန်းအပြိုင်နွှဲ



မြို့ပြ ချည်မျှင် လျှပ်စစ် ဓါတု ဘာသာရပ်စုံ သူငယ်ချင်းများနဲ့ အမှတ်တရ
 ဘဲကင်
 တီတင့်ရဲ့ စေတနာ (ကင်မ်ချီ)
 Sea-Food ထမင်းကြော်
 ကကတစ်ငါးကြော် ပဲငံပြာရည်ဆမ်း
 လော်ဟန့်အရွက်စုံကြော်
  ကြက်သားမျှင်သုပ်
 ပုဇွန်ကြွပ်ကြော်မရောနစ်
 ငါးရှဥ့်ကြော်ချက်မြေအိုး
ကြက်သားချိုချဉ်

ကြက်၊ ဂဏန်းသား၊ ပြောင်းဖူး ကော်ရည်ဟင်းချို (ဓာတ်ပုံမရိုက်လိုက်ရဘူး ကုန်သွားလို့း))

 ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများရဲ့ ဆက်သွယ်ရန် လိပ်စာစာအုပ်
(သူငယ်ချင်းတစ်ယောက်မှလှူဒါန်း)
လိပ်စာ စာအုပ်နောက်ကျောဖက်မှာ သူငယ်ချင်းရဲ့ ကဗျာလေး
ဒီကဗျာလေးဖတ်ပြီး မျက်ရည်ဝိုင်းမိတယ် သူငယ်ချင်းရေ

စွယ်တော်မြေရဲ့ အတိတ်ခြေရာ

နယ်အဝှမ်းဆီက...
ဆယ်တန်းမှာ အောင်ပန်းတဝေဝေနဲ့
ရန်ကုန်မြေ ခြေအချ
ရွှေအလှ စာမျက်နှာ။

ခေတ်ပညာ...
အင်ဂျင်နီယာ ကျောင်းတော်နန်းမှာဖြင့်
စွယ်တော်ပန်း ပွင့်လန်းကာ မွှေးတကြူကြူနဲ့
တက်လူကို ဖေးကူကာ စာသင်ပြ
ပို့ချတဲ့ ဆရာ။

နှုတ်ခမ်းမှာ 'အပြုံး'
မျက်လုံးမှာ 'သော်တာ'
အသံဝါ အသံသြ
မာန်ပါပါ ဌာန်သဘောရယ်နဲ့
ရွှင်အသော မနောဖြူ
ငယ်မူဟန် သည်လိုဟိတ်ကို
အတွယ်တာ ကြည်ညိုစိတ်ရယ်နှင့်
ဘဝနိမိတ် တို့ဆရာ
ရင်ထဲမှာ အောက်မေ့။

တမြန်နေ့ဆီက
ပြန်အတွေ့ တစ်ခါမြင်တော့
ဝါကျင်ကျင် ဆရာ့မျက်လုံး
ပြုံးယဲ့ယဲ့ ဆရာ့မျက်နှာ
ပြာရော်ရော် ဆရာ့နှုတ်ခမ်းတွေက
ရင်နွမ်းစရာ ဧရာဘုံရဲ့
ဖြတ်သန်းကာ ဆရာကြုံခဲ့သဘောပေလို့
သင်ခန်းစာ ပုံဖွဲ့ပြောလေသလား
နှမြောဖွယ် ပျိုရွယ်စဉ်က
စံအသွင် ဆရာ့အရိပ်
သမ္ပဇဉ် ဆရာ့အတိတ်တွေကို
စိတ်မှာ အခါခါမြင်ရင်း
မရွှင်သာ မျှော်ကာတမ်းမိတယ်
[ဆရာရယ်...] လွမ်းတငွေ့ငွေ့။  ။
[ကျေးဇူးရှင် ဆရာ၊ ဆရာမများသို့ ...]

ကျော်မျိုးနွယ် [ကျော်ကျော်-သရက်]

အကြောင်းအမျိုးမျိုးကြောင့် မြတ်ဆရာပူဇော်ပွဲနဲ့ ညစာထမင်းစားပွဲကို မတက်ရောက်နိုင်ခဲ့တဲ့ သူငယ်ချင်းများ အားလုံးရဲ့ ရင်တွင်းစေတနာများကို ကျေးဇူးတင်ရင်း လက်ဆောင်ပစ္စည်းများကိုလည်း ဘာသာရပ်အလိုက် တာဝန်ယူထားတဲ့ အဖွဲ့ဝင်များကနေတဆင့် သူငယ်ချင်းတို့ထံ ပေးပို့မှာဖြစ်တဲ့ အကြောင်း ပြောကြားလိုပါတယ် သူငယ်ချင်းတို့ရေ။

လူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz