x

17.4.12

နှစ်သစ်မင်္ဂလာအခါသမယမှာ-



တရားကွမ်းဆေး
ရေအေးတစ်ခွက် ဆီတစ်စက်နှင့်
လ္ဘက်တစ်ရိုး ကြံတစ်ချိုးမျှ
မြတ်နိုးကြည်ဖြူ ဒါနဟူကား
အလှူကောင်းမှု ရရာပြုလော့။
နှမျောတွန့်တို သူမိုက်ဆိုလျှင် ဒါနစကား နားဝင်ခါး၏။
သဒ္ဓါရွှန်းစို ပညာပိုက ဒါနကထာ ချိုဆိမ့်စွာ၏။
မရှိဆင်းရဲ မလှူရဲက ဆင်းရဲတဖန် ကြုံရပြန်၏။
သဒ္ဓါထူးကဲ လှူရက်ရဲက ထူးကဲချမ်းသာ ရမည်သာတည်း။

ကျက်သရေအပေါင်းနဲ့ပြည့်စုံတဲ့ မြန်မာနှစ်သစ်ကူး မင်္ဂလာအခါသမယမှာ အေအေဘီအဖွဲ့နဲ့ လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz