x

14.5.11

မေတ္တာပို့အမျိုးမျိုး


ဒီပို့စ်မှာ တင်ထားတဲ့ .ခေါင်းစဉ်လေး .ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ….
(၂၄-၄-၂၀၁၁)တနင်္ဂနွေနေ့မှာ ကျမတို့ညီအမနှစ်ယောက်   ဦးလေးအဒေါ်ငယ်တို့နဲ့ အတူ သစ်တံခါးဆရာတော် ဘဒ္ဒန္တမဏိဇောတ(ယော) သတင်းသုံးတော်မူတဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ .အောင်မြေဇေယျာ မဏိဇောတာရာမကျောင်းတိုက်ကို သွားရောက်ခဲ့ပါတယ်။ သွားရခြင်းကတော့ ဆရာတော်ရဲ့ ကမ္ဘာ့မေတ္တာဓာတ်ပွားများ အားထုတ်နည်းနဲ့ .မေတ္တာပို့အမျိုးမျိုးကို ဓမ္မဒါန ပူဇော်လိုတဲ့ဆန္ဒကြောင့်ရယ် .သောကြာနေ့မှာ ကျမရဲ့နေအိမ်မှာ .နေ့ဆွမ်းကပ်လှူလိုတဲ့အတွက် ဆရာတော်ကိုပင့်ဖိတ်ခြင်းလဲဖြစ်ပါတယ်။ ပဌာန်းဆက်ပါလာတဲ့အတွက် ဆရာတော်ကို ကြည်ညိုစွာနဲ့ ဖူးမြော်ခွင့်ရခဲ့သလို ဆရာတော်ရဲ့ဗုဒ္ဓဓာတ် ကိန်းယူအားထုတ်နည်း ကမ္ဘာ့မေတ္တာဓာတ် ပွားများအားထုတ်နည်းနှင့်မေတ္တာပို့အမျိုးမျိုးတို့ကို ဆည်းပူးခွင့်ရရှိခဲ့ပါတယ်။

ဒါန သီလ ဘာဝနာ ဆိုတာကိုတော့ ကျမတို့ ဗုဒ္ဓနွယ်ပွား မနုဿလူသားအပေါင်းတို့ အနည်းဆုံး အကြမ်းဖျင်းတော့ သိရှိကြပြီးဖြစ်ပါလိမ့်မယ်။ ဒီ ၃ချက်မှာ ကျမအနေနဲ့ ဘာဝနာပွားတာကို အသေးစိတ်လေး ပွားနည်းကို တင်ပြလိုတဲ့အတွက် ဆရာတော်ရဲ့ ခွင့်ပြုချက်ကို ရယူခဲ့ပါတယ်။ ကျမရဲ့ ဘလော့ဂါမိတ်ဆွေများကိုလည်း မျှဝေပေးလိုတဲ့ဆန္ဒကြောင့် ဒီပို့စ်ကို တင်လိုက်ခြင်းဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကလည်း မေတ္တာဓာတ်၏ အကျိုးကြီးပုံကို ဤသို့ မိန့်ဆိုလေ၏-
တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်
ချက်ခါထမင်း၊ ကျွေးလှူခြင်းထက်
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ
မေတ္တာပွားများ၊ ကျိုးကြီးမားသည်
ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။ 

မေတ္တာပို့အမျိုးမျိုး

*မိမိကိုယ်ကို ဦးစွာမေတ္တာပို့ပါ*
ငါသည် ချမ်းသာခြင်းကိုအလိုရှိ၏။ လိုလား၏။ ဆင်းရဲခြင်းကို အလိုမရှိပါ။ ထို့ကြောင့် ကျွန်ုပ်၏ ခန္ဓာကိုယ်သည် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကိုယ်စိတ်နှစ်ဖြာကြည်လင်အေးမြ ချမ်းသာသုခ ရရှိပါစေ။
အခြားသောသတ္တဝါတွေလည်း ငါကဲ့သို့ ချမ်းသာခြင်းကို အလိုရှိကြပေလိမ့်မည်။ ဆင်းရဲခြင်းကို အလိုမရှိကြကုန်။ ထို့ကြောင့် အခြားသောသတ္တဝါတွေလည်း ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ ကိုယ်စိတ်နှစ်ဖြာကြည်လင်အေးမြချမ်းသာသုခ ရရှိကြပါစေ။
ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းသို့ရောက်၍ .နေကြကုန်သော သတ္တဝါအပေါင်းတို့သည် ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း အမျိုးမျိုးတို့မှ ကင်းလွတ်ကြပါစေ။ လွတ်မြောက်ကြပါစေ။ .ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်အဝဝတို့ကို .တွေ့ကြုံနေကြကုန်သော ခပ်သိမ်းသော သတ္တဝါအပေါင်းတို့သည် .ဘေးရန်အမျိုးမျိုးတို့မှ လွတ်မြောက်ကြပါစေ။
စိုးရိမ်ကြောင့်ကြ .သောကအမျိုးမျိုးနှင့် .တွေ့ကြုံနေကြရကုန်သော ခပ်သိမ်းသော သတ္တဝါအပေါင်းတို့သည် စိုးရိမ်ကြောင့်ကြ .သောကအမျိုးမျိုးတို့မှ လွတ်ကင်းကြပါစေ။ လွတ်မြောက်ကြပါစေ။

ကိုယ်စောင့်နတ်များမေတ္တာပို့-

အကျွန်ုပ်၏ ခန္ဓာကိုယ်၌ အမြဲမသွေ .စောင့်ရှောက်နေကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည် .ဘေးရန်ခပ်သိမ်း ဒုက္ခငြိမ်း၍၊ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ။

အိမ်၊ အိမ်ဝိုင်း၊ မြို့၊ မြို့နယ်၊ ဘုရား၊ ကျောင်းစောင့်နတ်များအား .မေတ္တာပို့

ဤအိမ်၊ ဤဝိုင်း၊ ဤမြို့၊ ဤမြို့နယ်၊ ဘုရား၊ ကျောင်းဝင်းအတွင်း .စောင့်ရှောက်နေကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည် .ဘေးရန်ခပ်သိမ်း၊ ဒုက္ခငြိမ်း၍ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ။ ဤအိမ်၊ ဤဝိုင်း၊ ဤမြို့၊ ဤမြို့နယ်၊ ဘုရား၊ .ကျောင်းဝင်းအတွင်း၌ ဘုမ္မဌဒေဝတာ မြေမဟာကြီးကို .စောင့်ရှောက်၍ .နေကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်လည်းကောင်း၊ ရုက္ခဌဒေဝတာ ဤအိမ်၊ ဤဝိုင်း၊ ဤမြို့၊ ဤမြို့နယ်၊ ဘုရား၊ ကျောင်းဝင်းအတွင်း သစ်ပင်ကြီးငယ် အသွယ်သွယ်တို့ကို .စောင့်ရှောက်နေကြကုန်သော ရုက္ခစိုးနတ်မင်းကြီး အပေါင်းတို့သည်လည်းကောင်း၊ အာကာသဌဒေဝတာ .ကောင်းကင်ထိပ်ဖြား ဝတိံကြားအထိ .စောင့်ရှောက်လျက် .နေကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်လည်းကောင်း သာသနာ ရက္ခဒေဝတာ၊ ဤအိမ်၊ ဤဝိုင်း၊ ဤမြို့၊ ဤမြို့နယ်၊ ဘုရား၊ .ကျောင်းဝင်းအတွင်း၌ သာသနာပြု၍ .စောင့်ရှောက်နေကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်လည်းကောင်း .ဘေးရန်ခပ်သိမ်း လွန်အေးငြိမ်း၍ ဆင်းရဲခြင်း .ဘေးဒုက္ခအပေါင်းတို့မှကင်းဝေးကြပါစေ၊စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ချမ်းသာခြင်းနှင့်  ပြည့်စုံပြည့်ဝကြပါစေ။

ရဟန္တာကြီးများမေတ္တာပို့

အရှေ့သမုဒ္ဒရာ၌ သီတင်းသုံးလျက် ရှိတော်မူသော (သျှင်သက္ကောသာရ) ရဟန္တာ အရှင်သူမြတ်ကြီးသည် .ကောင်းမြတ်ချမ်းသာ မင်္ဂလာအဖြာဖြာတို့နှင့် .ပြည့်စုံပြည့်ဝပါစေ။ စိတ်ကြည်သန့်ရှင်း ကိုယ်တွင်းတရားတွေ ရရှိပါစေ။
တောင်သမုဒ္ဒရာ၌ သီတင်းသုံးလျက် ရှိတော်မူသော (သျှင်ဥပဂုတ္တ) ရဟန္တာ အရှင်သူမြတ်ကြီးသည် .ကောင်းမြတ်ချမ်းသာ မင်္ဂလာအဖြာဖြာတို့နှင့် .ပြည့်စုံပြည့်ဝပါစေ။ စိတ်ကြည်သန့်ရှင်း ကိုယ်တွင်းတရားတွေ ရရှိပါစေ။
အနောက်သမုဒ္ဒရာ၌ သီတင်းသုံးလျက် ရှိတော်မူသော (သျှင်မေဓာစာရ) ရဟန္တာ အရှင်သူမြတ်ကြီးသည် .ကောင်းမြတ်ချမ်းသာ မင်္ဂလာအဖြာဖြာတို့နှင့် .ပြည့်စုံပြည့်ဝပါစေ။ စိတ်ကြည်သန့်ရှင်း ကိုယ်တွင်းတရားတွေ ရရှိပါစေ။
.မြောက်သမုဒ္ဒရာ၌ သီတင်းသုံးလျက် ရှိတော်မူသော (သျှင်သာရမတ္တ) ရဟန္တာ အရှင်သူမြတ်ကြီးသည် .ကောင်းမြတ်ချမ်းသာ မင်္ဂလာအဖြာဖြာတို့နှင့် .ပြည့်စုံပြည့်ဝပါစေ။ စိတ်ကြည်သန့်ရှင်း ကိုယ်တွင်းတရားတွေ ရရှိပါစေ။
ကျွန်ုပ်တို့၏ အိုးအိမ်စီးပွား ရတနာများကို .စောင့်ရှောက်ကြကုန်သော ရတနာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ .ကြည်လင်အေးမြ ချမ်းသာသုခ ရရှိကြပါစေ။ ဣဿရိယဒေဝ ပုဂ္ဂိုလ်အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ .ကြည်လင်အေးမြ ချမ်းသာသုခ ရရှိကြပါစေ။
ဘဒ္ဒဇာနကဒေဝ ပုဂ္ဂိုလ်အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ .ကြည်လင်အေးမြ ချမ်းသာသုခ ရရှိကြပါစေ။
အနုပီယဒေဝ ပုဂ္ဂိုလ်အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ .ကြည်လင်အေးမြ ချမ်းသာသုခ ရရှိကြပါစေ။

(မေတ္တာပို့အမျိုးမျိုးအား ဆက်လက်၍ တင်ပါမည်)

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz