x

15.5.11

မေတ္တာပို့အမျိုးမျိုး(အဆက်)



နတ်မင်းကြီးများမေတ္တာပို့
၁။  အရှေ့ရပ်မျက်နှာ၌ .စောင့်ရှောက်ကြကုန်သော သာတာဂီရိနတ်မင်းကြီး၊ .ဟေမာဝတနတ်မင်းကြီး၊ ပုဏ္ဏကနတ်မင်းကြီး၊ ဂုတ္တိယနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၂။ .တောင်အရပ်မျက်နှာ၌ .စောင့်ရှောက်ကြကုန်သော ကာလနတ်မင်းကြီး၊ ဥပကာလနတ်မင်းကြီး ပိမ္ဗိနတ်မင်းကြီး၊ ပိမ္ဗိသေနနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၃။       အနောက်အရပ်မျက်နှာ၌ စောင့်ရှောက်ကြကုန်သော ဟာရနတ်မင်းကြီး၊ ဟရအရိယနတ်မင်းကြီး၊ ပါပနတ်မင်းကြီး၊ ပိမ္ဗလနတ်မင်းကြီးတို့သည် ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၎။       မြောက်အရပ်မျက်နှာ၌ စောင့်ရှောက်ကြကုန်သော သံဃနတ်မင်းကြီး၊ သံဃုလိမနတ်မင်းကြီး၊ သုသူရနတ်မင်းကြီး၊ ဥဂ္ဂတေဇနတ်မင်းကြီးတို့သည် ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၅။       အောက်အရပ်မျက်နှာ၌ စောင့်ရှောက်ကြကုန်သော ဓရဌနတ်မင်းကြီး၊ ဓတရဌနတ်မင်းကြီး၊ သေဌနတ်မင်းကြီး၊ သေဌနတ်မင်းကြီး၊ ကဗ္ဗလသေဌနတ်မင်းကြီးတို့သည် ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၆။       အထက်အရပ်မျက်နှာ၌ စောင့်ရှောက်ကြကုန်သော စန္ဒနတ်မင်း၊ သူရိယနတ်မင်း၊ ဣဓာနတ်မင်း  . ဗြဟ္မာနတ်မင်းကြီးတို့သည် ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၇။       (၂၇)လုံးသော နက္ခတ်အိမ်ဆိုင်ရာ နတ်မင်းကြီးအပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ။
၈။       စန်းအိမ်၊ လွန်းအိမ်၊ တြင်းအိမ်၊ နဝင်းအိမ် ဆိုင်ရာ နတ်မင်းကြီးအပေါင်းတို့သည် .ဘေးရန်ကင်းကြ ပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၉။       ကာဝါလမိုင်းကြီး နိုင်ခွန်အား ဂြိုဟ်ကြီးရှစ်ခွင်ဆိုင်ရာ နတ်မင်းကြီးအပေါင်း  တို့သည်ဘေးရန်ကင်း ကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၁၀။     ပိဋကတ်သုံးပုံ၊ ဗေဒင်လေးပုံစောင့်ကုန်များစွာ နတ်ဒေဝါနှင့် သာသနာငါးထောင် ကောင်းကျိုးဆောင်ကြကုန်သော နတ်မင်းကြီးအပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ စိုးရိမ်ခြင်းကင်းကြပါစေ။
၁၁။     စိတ္တရမယ်တော်၊ သွာဒိမယ်တော်၊ ဝိသာခါမယ်တော်၊ အနုရာဓမယ်တော်အားဖြင့် မယ်တော်ကြီး .လေးပါး တို့သည် ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။
၁၂။     သိရိမယ်တော်၊ လက္ချမီမယ်တော်၊ မဟိဒ္ဓိမယ်တော်၊ မယ်တော်ကြီး အပေါင်းတို့သည် ဘေးရန်ကင်း ကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ။

 ·         ဘီလူးစစ်သည်တော်၊ နတ်စစ်သည်တော်၊ ကုမ္ဘဏ်စစ်သည်တော် အပေါင်းတို့သည် ကောင်းမြတ် ချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ။
·         ဒေဝမဟိဒ္ဓိရာဇာ ကြီးသောတန်ခိုး ရှိကြပေကုန်သော ဒေဝမဟိဒ္ဓိ ပုဂ္ဂိုလ်တို့သည် ကောင်းမြတ် ချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ။
·         နာဂမဟိဒ္ဓိရာဇာ ကြီးသောတန်ခိုး ရှိကြပေကုန်သော နာဂမဟိဒ္ဓိ ပုဂ္ဂိုလ်တို့သည် ကောင်းမြတ် ချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ။
·         လောကပါလဒေဝရာဇာ လောကကြီးကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ကြကုန်သော လောကပါလ
     နတ်မင်းကြီးအပေါင်းတို့သည် ကောင်းမြတ်ချမ်းသာ မင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေ။

 
တဆယ့်နှစ်ဌာနမေတ္တာပို့
*ယခုလောလောဆယ်အချိန်ကစ၍ ရှေ့သို့ မေတ္တာဓာတ်ဆက်သွယ်ပေးရန် ပုဂ္ဂိုလ်သတ္တဝါများကို . ရွေးချယ်၍ မေတ္တာပွားများကြပါရန် ရည်သန်၍ စီစဉ်ပေးလိုက်ပါသည်*

၁။       ဝသုနြေ္ဒ မြေစောင့်နတ်မင်းကြီးနှင့်တကွ ဘုမ္မစိုး နတ်မင်းကြီးတို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
          ဂဠုန်မင်း၊ နဂါးမင်းနှင့်တကွ ဂဠုန်ပရိတ်သတ်၊ နဂါးပရိတ်သတ် အပေါင်းတို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ၊ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၂။       နတ်စစ်မှူးကြီးနှစ်ကျိပ်ရှစ်ဦးတို့နှင့်တကွ နတ်ဘီလူးကြီးအပေါင်းတို့သည်လည်းကောင်း ကုမ္ဘဏ် နတ်မင်းကြီး၊ ဂန္ဓဗ္ဗနတ်မင်းကြီးအပေါင်းတို့သည်လည်းကောင်း စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၃။       နေဗိမာန်စောင့်နတ်မင်း၊ လဗိမာန်စောင့်နတ်မင်း၊ နေနတ်သား၊ လနတ်သား၊ ပဇ္ဇုန်မိုး နတ်သားနှင့် လေနတ်သားလေးယောက်တို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၎။       (၂၇)လုံးသော နက္ခတ်ဆိုင်ရာ နတ်အပေါင်းတို့သည်လည်းကောင်း၊ ဂြိုဟ်ကြီးရှစ်ပါး၊ နမိတ်ကြီးရှစ်ပါး၊ ဓာတ်ကြီးဆိုင်ရာ နတ်မင်းကြီးအပေါင်းတို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၅။       ရဿမင်္ချီ၊ သူရဿတီ၊ စန္ဒီ၊ ပရိမိသွာ၊ မဟာပိန္နဲ၊ ဂေါရမန္ဓန နတ်မင်းကြီးအပေါင်းတို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၆။       ဣရံနသီ၊ ဣရံနဒီ၊ ဝိမလဒေဝီ၊ ဣဿကဒေဝီ အစရှိသော နတ်နဂါးအပေါင်းတို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။
၇။       သီတာ(၇)တန်၊ တောင်စဉ်(၇)ထပ်၊ အိုင်ကြီး(၇)အိုင်၊သစ်ပင်ကြီး(၇)ပင်တို့၌ စောင့်ရှောက်ကြ ကုန်သော နတ်ဒေဝါအပေါင်းတို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၈။       မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ သမုဒ္ဒရာ၊ တောတောင်၊ ရေ၊ မြေ၊ အာကာ၊ စကြာဝဠာ အတွင်း၌ စောင့်ရှောက်၍ နေကြကုန်သော နတ်ဒေဝါအပေါင်းတို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၉။       ပစ္စည်းသိုက်၊ ဓာတ်သိုက်၊ ရတနာသိုက်တို့ကို စောင့်ရှောက်၍နေကြကုန်သော သိုက်နန်းရှင်အပေါင်း တို့သည် စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ၊ ဆင်းရဲခြင်းအပေါင်းတို့မှ လွတ်ကင်းကြ ပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၁၀။     နံနက်အချိန်ကာလကို စောင့်ရှောက်၍ နေကြကုန်သော ပုဗ္ဗကာလ နတ်ဒေဝါအပေါင်းတို့သည်လည်းကောင်း၊ ညနေပိုင်းကာလကို စောင့်ရှော်ကကြကုန်သော သာယနကာလ နတ်ဒေဝါအပေါင်းတို့သည် စိုးရိမ်ပူပန်မှု အမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ၊ ဆင်းရဲခြင်းဒုက္ခအပေါင်းတို့မှ ကင်းလွတ်ကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၁၁။     မြို့တော်အနှံ့အပြားကို စောင့်ရှောက်၍နေကြကုန်သော မြို့တော်ရှင်၊ ရွာတော်အနှံ့အပြား ကို စောင့်ရှောက်၍နေကြကုန်သော ရွာတော်ရှင်၊ နယ်တော်အနှံ့အပြားကို စောင့်ရှောက်၍ နေကြကုန်သော နယ်တော်ရှင်အပေါင်းတို့သည် စိုးရိမ်ကြောင့်ကြမှု ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲဒုက္ခ အပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)
၁၂။     အကျွန်ုပ်၏ ကောင်းကျိုးစီးပွားကို လိုလားတောင့်တ၍ နေကြကုန်သော ဟိတကာမ နတ်ဒေဝါ အပေါင်းတို့သည် စိုးရိမ်ကြောင့်ကြမှု ပူပန်မှုအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။ ဆင်းရဲခြင်း ဒုက္ခအပေါင်းတို့မှ လွတ်ကင်းကြပါစေ။ (အဖန်ဖန် အထပ်ထပ် ပွားများပါ)

(မေတ္တာပို့အမျိုးမျိုးအား ဆက်လက်၍ တင်ပါမည်)
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz