x

16.5.11

မေတ္တာပို့အမျိုးမျိုး(အဆက်)



မိဘဆွေမျိုးများအား မေတ္တာပို့ရန်

အနမတဂ္ဂ သံသရာမှစ၍ ယခုဘဝ ဤအချိန်ကျအောင် တော်စပ်၍လာခဲ့ကြသော မိခင်၊ ဖခင် ကျေးဇူးရှင်ကြီး အပေါင်းနှင့် ဆွေမျိုးတော်အပေါင်းတို့သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 ဆရာသခင် ကျေးဇူးရှင်အပေါင်းအား မေတ္တာပို့ရန်

အနမတဂ္ဂ သံသရာမှစ၍ ယခုဘဝ ဤအချိန်ကျအောင် တနပဲ့ပြင် သွန်သင်ပေတတ် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ထားဆရာဟု ဆိုအပ်သော ဆရာသခင် ကျေးဇူးရှင်အပေါင်းတို့သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

ဝိဇ္ဇာများအား မေတ္တာပို့

အားလုံး၊ အားလုံးကုန်သော အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ စမဝိဇ္ဇာ၊ မာဂဓဝိဇ္ဇာ၊ ဓမ္မဝိဇ္ဇာဓိုရ်များ ဖြစ်ကြသော ဘိုးတော်ကြီး၊ မယ်တော်ကြီးအပေါင်းတို့သည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ ကြည်လင်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ ရှိကြပါစေ။
အနမတဂ္ဂ သံသရာမှစ၍ ယခုဘဝ ဤအချိန်တိုင်အောင် ဘုရားတပည့်တော်၏ အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးစလုံးဖြင့် ကူညီခဲ့ကြသူများနှင့် တစ်လုပ်စားဖူး ကျေးဇူးရှင်အပေါင်းတို့သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

ဆရာတော်ကြီးများအား မေတ္တာပို့

ကျေးဇူးရှင် …………………………………………. အရှင်သူတော်မြတ်ကြီးသည် ကျန်းမာပါစေ။ ချမ်းသာပါစေ။ ဝမ်းသာပါစေ။ လန်းဖြာပါစေ။ အသက်ထောင်သောင်း ရှည်ပါစေ။ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့နှင့် (၇)ရက်သား (၇)ရက်သမီး အပေါင်းတို့အား ကယ်တင်နိုင်ပါစေ။ သာသနာတော်ကြီးအား နေရောင်သဖွယ် ထွန်းတောက်နိုင်အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ပါစေ။

အတိတ်ဘဝက တော်စပ်ခဲ့သော ဆွေတော်မျိုးတော်တို့အား မေတ္တာပို့

အနမတဂ္ဂ သံသရာမှစ၍ ယခုဘဝ ဤအချိန်ကအောင် ဆွေမျိုးတော်စပ်၍ လာခဲ့ကြကုန်သော ဝေမာနိက ပြိတ္တာ အပေါင်းတို့သည်လည်းကောင်း၊ မကျွတ်မလွတ်ကြသေးကုန်သော နာမ်လောကသားနှင့် မမြင်နိုင်သော ရုပ်နာမ်ရှင် အပေါင်းတို့သည်လည်းကောင်း၊ သိုက်နန်းရှင်၊ သိုက်နန်းသူ၊ သိုက်နန်းသား အပေါင်းတို့သည် ကိုယ်၏ဆင်းရဲခြင်း ကင်းကြပါစေ။ စိတ်၏ဆင်းရဲခြင်း ကင်းကြပါစေ။ တွေ့ကြုံခံစားနေကြရသော ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်ကြပါစေ။ ကျွတ်ကြပါစေ။ သာသနာတော်ကြီးအား တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ကြပြီးလျှင် ကျွတ်တမ်းဝင်နိုင်ကြပါစေ။
အနမတဂ္ဂ သံသရာမှစ၍ ယခုဘဝ ဤအချိန်ကျအောင် ကျွန်ုပ်နှင့် ဆွေမျိုး မတော်စပ်ခဲ့ကြကုန်သော ဝေမာနိက ပြိတ္တာ အပေါင်းတို့သည်လည်းကောင်း၊ မကျွတ်မလွတ်ကြသေးကုန်သော နာမ်လောကသားနှင့် မမြင်နိုင်သော ရုပ်နာမ်ရှင် အပေါင်းတို့သည်လည်းကောင်း၊ သိုက်နန်းရှင်၊ သိုက်နန်းသူ၊ သိုက်နန်းသား အပေါင်းတို့သည် ကိုယ်၏ဆင်းရဲခြင်း ကင်းကြပါစေ။ စိတ်၏ဆင်းရဲခြင်း ကင်းကြပါစေ။ တွေ့ကြုံခံစားနေကြရသော ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်ကြပါစေ။ ကျွတ်ကြပါစေ။ သာသနာတော်ကြီးအား တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ကြပြီးလျှင် ကျွတ်တမ်းဝင်နိုင်ကြပါစေ။
စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးနှင့် သာသနာ့ဒါယကာ အဘ ဘိုးတော်သိကြား၊ အဘ ဘိုးဘိုးအောင်၊ အဘ ဘိုးမင်းခေါင်၊ ရှင်မထီး ရှင်အဇ္ဇဂေါဏ၊ ရွှေစည်းခုံ ဆရာတော်ကြီး၊ မြတောင်ဆရာတော်ကြီး၊ တကောင်းဆရာတော်ကြီး၊ သူရဿတီမယ်တော်ကြီးအပြင် ဝိဇ္ဇာရှစ်သောင်း ဆရာပေါင်း၊ ရသေ့ရှစ်သောင်း ဆရာပေါင်းနှင့် ခြောက်ကျိပ်ကိုးပါးသော ထွက်ရပ်ပေါက် ဆရာသခင် အပေါင်းတို့သည် လည်းကောင်း၊ ပုပ္ပားတောင်မြတ် တောင်ကလပ်နှင့် ကမ္ဘာတစ်ဝန်းလုံးရှိကြကုန်သော ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပဿီ အပေါင်းတို့သည် လည်းကောင်း၊ မဟိဒ္ဓိရှင်၊ သိဒ္ဓိရှင် အပေါင်းတို့သည် ကောင်းမြတ်ချမ်းသာ မင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံပြည့်ဝကြပါစေ။
သာသနာပြု ပုဂ္ဂိုလ်များဖြစ်သော အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း၊ အရန် ၃၇-မင်း ၁၁၁ပါးသော နတ်အပေါင်းတို့သည် ကောင်းမြတ်ချမ်းသာ မင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံပြည့်ဝကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကြည်လင်အေးမြ ချမ်းသာသုခ ရရှိကြပါစေ။
အကျွန်ုပ်၏ ကိုယ်၌ စောင့်ရှောက်ကြကုန်သော ကိုယ်စောင့်နတ်၊ မိဆိုင်နတ်၊ ဖဆိုင်နတ်၊ တစ်ကျိပ်နှစ်ပါးသော နတ်အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ ကြည်လင်အေးမြ ချမ်းသာသုခ ရရှိကြပါစေ။
လူ့ဘုံဘဝ လူ့လောက၌ လူဟူ၍ ရှိနေကြကုန်သော ဗုဒ္ဓနွယ်ပွား မနုဿလူသား အပေါင်းတို့သည် တွေ့ကြုံဆုံဆည်း နေကြရသော ဆင်းရဲဒုက္ခ အမျိုးမျိုးတို့မှ လွတ်ကင်းကြပါစေ။ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့မှ လွတ်မြောက်ကြပါစေ။
နတ်ဘုံဘဝ နတ်လောက၌ နတ်ဟူ၍ ရှိနေကြကုန်သော ဗုဒ္ဓနွယ်ပွား နတ်အများတို့သည် တွေ့ကြုံဆုံဆည်း နေကြရသော ဆင်းရဲဒုက္ခ အမျိုးမျိုးတို့မှ လွတ်ကင်းကြပါစေ။ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့မှ လွတ်မြောက်ကြပါစေ။
လူ့ဘုံဘဝ လူ့လောက၌ လူဟူ၍ ရှိနေကြကုန်သော ဗုဒ္ဓနွယ်ပွား မနုဿလူသား အပေါင်းတို့သည် စိတ်ကြည်သန့်ရှင်း ကိုယ်တွင်းတရားတွေ ရရှိကြပါစေ။ စိတ်ကြည်သန့်ရှင်း ကိုယ်တွင်းတရားတွေ ကိန်းအောင်းကြပါစေ။
နတ်ဘုံဘဝ နတ်လောက၌ နတ်ဟူ၍ ရှိနေကြကုန်သော ဗုဒ္ဓနွယ်ပွား နတ်အများတို့သည် စိတ်ကြည်သန့်ရှင်း ကိုယ်တွင်းတရားတွေ ရရှိကြပါစေ။ စိတ်ကြည်သန့်ရှင်း ကိုယ်တွင်းတရားတွေ ကိန်းအောင်းကြပါစေ။
ပုဗ္ဗဝိဒေဟ ဒေဝရာဇာ၊ အရှေ့ကျွန်းကြီးတစ်ခွင်လုံးကို ပိုင်သစိုးမိုးတော်မူသော ပုဗ္ဗဝိဒေဟ နတ်မင်းကြီးသည် ကျန်းမာပါစေ။ ချမ်းသာပါစေ။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခ ရရှိပါစေ။
ဇမ္ဗူဒီပ ဒေဝရာဇာ၊ တောင်ကျွန်းကြီးတစ်ခွင်လုံးကို ပိုင်သစိုးမိုးတော်မူသော ဇမ္ဗူဒီပ နတ်မင်းကြီးသည် ကျန်းမာပါစေ။ ချမ်းသာပါစေ။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခ ရရှိပါစေ။
အပ္ပရဂေါ်ရာန ဒေဝရာဇာ၊ အနောက်ကျွန်းကြီးတစ်ခွင်လုံးကို အပိုင်စိုးမိုးတော်မူသော အပ္ပရဂေါ်ရာန နတ်မင်းကြီးသည် ကျန်းမာပါစေ။ ချမ်းသာပါစေ။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခ ရရှိပါစေ။
ဥတ္တရဂုရု ဒေဝရာဇာ မြောက်ကျွန်းကြီးတစ်ခွင်လုံးကို အပိုင်စိုးမိုးတော်မူသော ဥတ္တရဂုရု နတ်မင်းကြီးသည် ကျန်းမာပါစေ။ ချမ်းသာပါစေ။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခ ရရှိပါစေ။

နံနက်အိပ်ရာထ မေတ္တာဖွင့်

ကာယဇကာယ ဒေဝတာ၊ ကာယဇ- ကိုယ်ကာယကို ဖြစ်စေတတ်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
စိတ္တဇသဒ္ဒ ဒေဝတာ၊ စိတ္တဇ အသံကို ဖြစ်စေတတ်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
နက္ခတ္တနိဿယ ဒေဝတာ၊ နက္ခတ်ကိုမှီ၍ ဖြစ်ကြကုန်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
အဌဂဟာ ဒေဝတာ၊ ဂြိုဟ်ကြီးရှစ်လုံးကို ပိုင်ဆိုင်ကြကုန်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
ဣဒ္ဓိဇ ဒေဝတာ၊ ဘုန်းတန်ခိုးဖြစ်စေတတ်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
မနောရဌ ဒေဝတာ၊ စိတ်နှလုံး၏ အလိုကို ဖြစ်စေတတ်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
စတုဗေဒ ဒေဝတာ၊ ဗေဒင်လေးပုံကို စောင့်ရှောက်တတ်ကုန်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
ဝိမာန ဒေဝတာ၊ ဗိမာန်အဆောက်အအုံတို့ကို စောင့်ရှောက်ကြကုန်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
ရတနာမယ ဒေဝတာ၊ ရတနာ (၇)ပါး၊ ရတနာ (၉)ပါးကို ဖြစ်စေတတ်သော နတ်အပေါင်းတို့သည် ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။

သာသနာစောင့် နတ်မင်းကြီး (၄)ပါးနှင့် အခြွေအရံများ မေတ္တာပို့ရန်

၁။       မြင့်မိုရ်တောင်မှ အရှေ့မျက်နှာအရပ်၌ (ဓတ္တရဌ) နတ်မင်းကြီး အမှူးပြုသော ဂန္ဓဗ္ဗ-ဂန္ဓဗ္ဘီ အလီလီသော  နတ်ဒေဝါ အပေါင်းတို့သည် မုန်းမာန်မျက်ပွား၊ ငါးပါးရန်ဘေး ကင်းဝေးကြပါစေ။ ပူလောင်ထန်ပြင်း ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ။ ကြောင့်ကြပူဆာ ဗျာပါကင်းစင် ကြည်လင်အေးမြကြပါစေ။ မိမိတို့၏ ခန္ဓာကိုယ်ကို ချမ်းသာစွာ စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။
၂။       မြင့်မိုရ်တောင်မှ တောင်မျက်နှာအရပ်၌ (ဝိရူဠက) နတ်မင်းကြီး အမှူးပြုသော ကုမ္ဘဏ် နတ်ဒေဝါ အပေါင်းတို့သည် မုန်းမာန်မျက်ပွား၊ ငါးပါးရန်ဘေး ကင်းဝေးကြပါစေ။ ပူလောင်ထန်ပြင်း ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ။ ကြောင့်ကြပူဆာ ဗျာပါကင်းစင် ကြည်လင်အေးမြကြပါစေ။ မိမိတို့၏ ခန္ဓာကိုယ်ကို ချမ်းသာစွာ စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။
၃။       မြင့်မိုရ်တောင်မှ အနောက်မျက်နှာအရပ်၌ (ဝိရူပက္ခ) နတ်မင်းကြီး အမှူးပြုသော ကြည်းနေ၊ ရေနေ၊ အထွေထွေ ဓာတ်ခြား နတ်နဂါးအပေါင်းတို့သည် မုန်းမာန်မျက်ပွား၊ ငါးပါးရန်ဘေး ကင်းဝေးကြပါစေ။ ပူလောင်ထန်ပြင်း ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ။ ကြောင့်ကြပူဆာ ဗျာပါကင်းစင် ကြည်လင်အေးမြကြပါစေ။ မိမိတို့၏ ခန္ဓာကိုယ်ကို ချမ်းသာစွာ စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။
၎။       မြင့်မိုရ်တောင်မှ မြောက်မျက်နှာအရပ်၌ (ကုဝေရ) နတ်မင်းကြီး အမှူးပြုသော နတ်ဘီလူးအပေါင်းတို့သည် မုန်းမာန်မျက်ပွား၊ ငါးပါးရန်ဘေး ကင်းဝေးကြပါစေ။ ပူလောင်ထန်ပြင်း ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ။ ကြောင့်ကြပူဆာ ဗျာပါကင်းစင် ကြည်လင်အေးမြကြပါစေ။ မိမိတို့၏ ခန္ဓာကိုယ်ကို ချမ်းသာစွာ စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။

(ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထူးပွားများစေသော မေတ္တာပို့များ အားဆက်တင်ပါမည်)

မေတ္တာဖြင့်
အန်တီတင့်




ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz