x

17.7.11

ကြည်ညိုစေလို



ဝါလည်းဝင်သွားပြီဆိုတော့ ကျမလည်း ကိုယ်တွေ့ပို့စ်လေးတွေကို တင်ဖို့ရာ အာရုံကသိတ်မရဘူးဖြစ်နေ တယ်။ ဒါကလည်း နှစ်စဉ်နှစ်တိုင်း ဝါဝင်ပြီဆိုရင် ကျန်တဲ့အချိန်တွေထက် ဘာသာရေးကို စိတ်အားက ပိုမိုလို့ ထက်သန်လာတာကြောင့်ပါ။ အခုခေတ်မှာ တချို့လူငယ်လူရွယ်တွေတောင် ဝါတွင်းကာလမှာ တရားဓမ္မတွေ ကို စိတ်အားထက်သန်စွာနဲ့ ဆောင်ရွက်နေကြတာ အားရကျေနပ်စရာပါ။ ဝါတွင်းကာလတိုင်း ကျမလည်း အပတ်စဉ် လိုလို ဘုရားတွေလိုက်ဖူးတတ်သလို အိမ်ကဘုရားမှာလည်း အချိန်ပေးပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက် ပါစေခြင်းအကျိုးငှာ ကျမ မသိသေးတဲ့ တရားဓမ္မတွေကို ရှာဖွေဆည်းပူးသလို ဝတ်ပြုအချိန် တွေလည်း ပိုများ တာမို့ ဘာသာရေးပို့စ်လေးတွေလောက်သာ ဦးစားပေးတင်လိုပါတယ်။

ဒီကနေ့မနက် ရွှေတိဂုံဘုရားကို ရောက်ခဲ့ပါတယ်။ ကျမဖူးရသမျှသော ဘုရားတွေကို ဖူးပြီးတိုင်း ဓာတ်ပုံလေး တွေရိုက်မယ် ပြီးရင်ဘလော့ဂ်မှာတင်ပြီး မဖူးရသေးသူများ မဖူးဘူးသူများလည်း ဖူးနိုင်ဖို့အတွက် မျှဝေခြင်တဲ့ စိတ်စေတနာလေးနဲ့ ဘုရားကို ကင်မရာယူဆောင်သွားခဲ့ပါတယ်။ ကျမရွှေတိဂုံဘုရားကို ရောက်တိုင်း ဖူးနေ ကျနေရာလေးတွေကတော့ အံ့ဖွယ် ၉ နေရာ၊ မုဒ် ၄ခု၊ နေလဘုရား၊ ရှင်စောပုဆုတောင်းပြည့် ဘုရားတို့ဖြစ် ပါတယ်။ အပြန်မှာတော့ အောင်မြေနင်းရင်း သစ္စာဆိုကာ ဆုတောင်းတတ်ပါတယ်။

ဒီကနေ့ မနက် ၆နာရီခွဲမှာ ရွှေတိဂုံဘုရားကို တောင်ဖက်မုဒ်ကနေ ဓါတ်လှေခါးနဲ့ တက်ခဲ့ပါတယ်။ အပေါ်ကို ရောက်တာနဲ့ ဖူးနေကျ အစီအစဉ်အတိုင်း အရင်ဆုံး အင်္ဂါထောင့်အနီးမှာ ရွှေတိဂုံဘုရားကို ရှင်းရှင်းလင်း လင်း ပူဇော် ကန်တော့နိုင်တဲ့ တစ်နေရာကို ရွေးချယ်ပြီး ရှိခိုး ပူဇော် ကန်တော့ပါတယ်။


အဲဒီနောက် အင်္ဂါထောင့်အနီးမှာရှိတဲ့ ပြဒါးရှင်ဘုရား (အံ့ဖွယ်-၉) ဆီကို သွားရောက်ပြီး ဦးတိုက် ရှိခိုးပူဇော် မှုပြု ပါတယ်။


ပူဇော်ပြီးတဲ့အချိန်မှာတော့ မိုးတွေရွာလာပါတယ်။ ကျန်တဲ့နေရာတွေကို ကျမ မရောက်တော့ပါဘူး။ စနေ ထောင့်မှာရှိတဲ့ ကျောက်စိမ်းဘုရား တန်ဆောင်းမှာတင် ကျမ အချိန်များများပေးပြီး ဝတ်ရွတ်ပါတယ်။ မေတ္တာ ပို့အမျိုးမျိုးနဲ့ မေတ္တာပို့ပါတယ်။ မြတ်ဗုဒ္ဓကလည်း မေတ္တာဓာတ်၏ အကျိုးကြီးပုံကို ဤသို့မိန့်ဆိုလေ၏-

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်
ချက်ခါထမင်း၊ ကျွေးလှူခြင်းထက်
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ
မေတ္တာပွားများ၊ ကျိုးကြီးမားသည်
ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။

မိုးစဲသွားတဲ့အခါမှာ အချိန်လည်း လင့်နေပါပြီ။ ဒီတော့ ကျမဒီတစ်ခေါက် စိတ်ထဲရှိတဲ့ ဆန္ဒအတိုင်း ဘုရားတစ် ပတ်ပြည့်အောင် ပတ်ခွင့်မရခဲ့ပါ။ ကျမ လာရာလမ်းအတိုင်း တောင်ဖက်မုဒ်ကို ပြန်လာခဲ့ရင်း ဆယ်တော်မူ ဘုရားကို ဝင်ဖူးခဲ့ပါတယ်။ ယခင်ကတော့ ဆယ်တော်မူဘုရားကို ဘုရားများအကြားမှ ခဲရာခဲဆစ်သွား ရောက် ပြီး နေရာကျဉ်းလွန်းတဲ့အတွက် နောက်လူမလာခင် အမြန်ဖူးခဲ့ရပြီး ယခုအချိန်မှာတော့ တန်ဆောင်း တွင် စိတ်သက်သက်သာသာနှင့် ဖူးခွင့်ရပြီမို့ ဘုရားကို ဦးတိုက် ရှိခိုး ပူဇော် ကန်တော့ပြီး အိမ်သို့ပြန်လာခဲ့ပါ တယ်။


မိတ်ဆွေများအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနှင့် ပြည့်ဝကြပါစေသား။

မေတ္တာဖြင့်
အန်တီတင့်


ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz