x

26.8.11

ဘလော့ဂ်ဒေး (တဂ်ပို့စ်)



၃၁-၈-၂၀၁၁ ရက်နေ့မှာ ကျရောက်မည့် ဘလော့ဂ်ဒေးအမှတ်တရ တဂ်ခဲ့တဲ့ ညီမရွှေစင်နဲ့ ရာပြည့်ပို့စ်ရဲ့ ကွန်မန့်မှာ ဘလော့ဂ်ဒေးအမှတ်တရ ရေးပေးဖို့ရာ မန့်ခဲ့တဲ့ ကိုအောင်(ပျူနိုင်ငံ) တို့ကို ကျေးဇူးတင်ပါတယ် နော်။ မရေးခင်မှာ ဘလော့ဂ်ဒေးရဲ့အဓိပ္ပာယ်ကို သိဖို့ရန်အတွက် ဟိုဝင်သည်ထွက်နဲ့ လေ့လာမေးမြန်းနေ ရတာ တစ်နေ့လုံး မအားမလပ်ပေါ့း)။  ဘလော့ဂ်ဒေးအမှတ်တရ ပို့စ်တွေအတော်များများကို ဖတ်ခဲ့သည့်တိုင် ကိုယ်တိုင်ရေးဖို့အတွက် စမ်းတစ်ဝါးဝါးမို့ အတိတ်ကအရိပ်ကို ခြေရာပြန်ပြီး ကောက်ခဲ့ပါတယ်။

ဘလော့ဂ်ရဲ့ နက်ရှိုင်းတဲ့တန်ဘိုးကို မသိခင်ကတည်းက ကျမမှာ ဘလော့ဂ်တစ်ခု ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ အကြောင်းရင်းလေးကို အစချီပြီးပြောမှလည်း စာဖတ်သူမိတ်ဆွေများနဲ့ ဆွေမျိုးသားချင်းများ နားလည် သဘောပေါက်မှာမို့ စိတ်ရှည်စွာနဲ့ အားပေးစေလိုပါတယ်။ ၂၀၀၈ခုနှစ်က ကျမကုမ္ပဏီမှာ အလုပ်လုပ်နေဆဲ ကာလပါ။ အမြဲတန်း မိသားစု သိုက်သိုက်ဝန်းဝန်း အတူတကွနေလာရာကနေ သားကြီး သားငယ်တို့လည်း ပညာရေးကြောင့် အသီးသီး မိသားစုအသိုက်အမြုံကနေ အဝေးကို ထွက်ခွာသွားကြသလို ၂၀၀၇ခုနှစ် ကုန်ခါနီးမှာ ကျမရဲ့အမျိုးသား နယ်ဘက်ကိုပြောင်းရွှေ့ခဲ့ရပါတယ်။ ဈေးဝယ်ထွက်တာနဲ့ သူငယ်ချင်းတွေထံ လည်ပတ်တာ ဝါသနာမပါတဲ့ ကျမ ကုမ္ပဏီရဲ့ အားလပ်ချိန်တွေကို အိမ်မှာပဲ စာဖတ် တရားထိုင် မုန့်လုပ် နည်းလမ်းတွေသုံးပြီး အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။ ဒီလိုနဲ့ ၁၄-၉-၂၀၀၈ ရက်နေ့ ကျမရဲ့အမျိုးသားမွေးနေ့ ကျရောက်လာတော့ သူ့အတွက်မွေးနေ့လက်ဆောင် တစ်ခုအဖြစ် ထူးထူးခြားခြားလေး ပေးချင်ခဲ့ပါတယ်။

သားကြီးရဲ့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး အွန်လိုင်းမှာ ဓာတ်ပုံတွေတင်လို့ရတဲ့ ဆိုဒ် တစ်ခုကို လုပ်ပေးဖို့အကူအညီတောင်းတဲ့အခါ http://www.mstint-welcome.blogspot.com ကျမ အတွက်လုပ်ပေးခဲ့တယ်။ ကျမရဲ့ ရည်ရွယ်ချက်က အမျိုးသားအတွက် အမှတ်တရ လက်ဆောင်လည်းဖြစ် နောက်တစ်ချက်က မိသားစုအားလုံး ရောက်ရာအရပ်ကနေ ကျမရဲ့ဆိုဒ်လေးကို ကြည့်ပြီးကြည်နူးစေချင်တဲ့ ဆန္ဒပါ။ ဓာတ်ပုံလေးတွေ ရတဲ့အချိန်လေးတွေမှာ အဆင်ပြေရင် ပြေသလို ကျမရဲ့ ဆိုဒ်လေးမှာဆက်တင်ရင်း အချိန်ကို ကုန်ဆုံးစေပါတယ်။ ကျမအလုပ်လုပ်တဲ့ ကုမ္ပဏီကလည်း နိုင်ငံခြားကို နေ့စဉ်အမြဲ ဆက်သွယ်ရတဲ့ ကုမ္ပဏီဖြစ်တာကြောင့် အင်တာနက်ကို ရုံးဝန်ထမ်းတိုင်းလိုလို အသုံးပြုကြရပြီး အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာရှင်တစ်ယောက်ကိုပါ လပေးနဲ့ ကုမ္ပဏီမှာ ငှားထားတာကြောင့် ဆိုဒ်အားလုံးလိုလို ဖွင့်လို့ရတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဘလော့ဂ်စပေါ့ ဖြစ်နေတဲ့ ကျမရဲ့ဆိုဒ်လေးကို အသုံးပြုလို့ရခဲ့ပါတယ်။ ဒီလိုနဲ့ ၂၂-၉-၂၀၀၈ မှာအဲဒီဆိုဒ်လေးမှာ မွေးနေ့လက်ဆောင်အဖြစ် သားအဖသုံးယောက် ရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံကို တင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘလော့ဂ်တစ်ခုဆိုတာကို သိလာသည့်တိုင် တခြားဘလော့ဂ်တွေကို လိုက်လည်ရကောင်း မသိသေးသလို အသုံးပြုနည်းတွေလည်း မသိသေးတဲ့အခြေအနေမို့ ဓာတ်ပုံတွေသာ မှတ်တမ်းအဖြစ်တင်ရင်း ကျေနပ်နေခဲ့ပါတယ်။ ညပိုင်းတွေမှာ သားတွေနဲ့ အလွယ်တကူ အဆက်အသွယ် ရစေဘို့အင်တာနက်ကို အိမ်မှာတပ်ဆင်ခဲ့ရာကနေ ဘလော့ဂ်အကြောင်းကို စတင်ပြီး လေ့လာခွင့်များ ရလာ သလို ဘလော့ဂ်တွေနဲ့လည်း ရင်းနှီးခဲ့ပါတယ်။

ကုမ္ပဏီပိတ်သွားတဲ့အခါမှာတော့ ကျမအတွက် အချိန်များများ အင်တာနက်ကို သုံးဘို့အခွင့်အရေး ရခဲ့သလို ဘလော့ဂ်တွေကို စမ်းတစ်ဝါးဝါးနဲ့ လည်တတ်ပတ်တတ်လာပါတယ်။ သူများတွေရေးထားတာကို ဖတ်ရင်း မသိစိတ်ကအားကျခဲ့ပါတယ်။ တစ်ခါတစ်ရံ အလွန်သဘောကျတဲ့ ပို့စ်မျိုးမှာ mstint အမည်နဲ့ ကွန်မန့်တွေ ချန်တတ်ပါတယ်။ ကျမသွားနေကျဘလော့ဂ်တွေရဲ့ လင့်ခ်တွေကို အလွတ်ရတဲ့နီးပါး ဖြစ်လာရင်း တစ်နေ့မှာ တော့ ကျမ ဘာသာရေးဘလော့ဂ်တွေကိုဖတ်ရင်း ဂျီတော့မှာ တောသားလေးနဲ့ ခင်မင်ခွင့်ရခဲ့သလို ကျမကို ဘလော့ဂ်မှာပို့စ်ရေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျမရဲ့ ဘလော့ဂ်ကိုလည်း လက်ရှိအသုံးပြုနေတဲ့ ဘလော့ဂ် http://www.auntytint21183.net ကို မြန်မာပြည်က စာဖတ်မိတ်ဆွေများပါ ဖတ်နိုင်စေဘို့ စေတနာထား ပြီး ဒိုမိန်းပြောင်းကာ ပြုလုပ်ပေးခဲ့ပါတယ်။ ကျမကိုယ်တိုင်ကလည်း အားကျပြီးသားမို့ ၂၃-၄-၂၀၁၁ ရက်နေ့ မှာပထမဦးဆုံး ပွဲဦးထွက်ပို့စ်ဖြစ်တဲ့ “နော်ဝေးက စေတနာရှင်မလေး အတွက်” ဓာတ်ပုံမှတ်တမ်းအဖြစ် ရေး တင်ခဲ့ပါတယ်။ တောသားလေး အပါအဝင် လပြည့်ဝန်း ဥယျာဉ်မှူးလေး ပန်းကမ္ဘာ ရပ်ဝေးရောက် ညီမလေး သားများ တူလေးတွေနဲ့ တူမလေးတွေက ကွန်မန့်လေးတွေနဲ့ လာအားပေးတာကို ကျေးဇူးတင်မိ တယ်။ မကြာမီ နေ့ တစ်နေ့တွင် ကျမတို့အိမ်မှာ ဆွေမျိုးတွေဆုံပြီး မိတ်ဆုံစားပွဲအတွက် ဟော့ပေါ့ပ်လုပ်စား ကြရာမှ အစား အသောက် ပို့စ်အဖြစ် ဆက်ပြီးတင်ခဲ့ရာ ကိုဇော်၊ ကိုဟန်ကြည်၊ ကိုထွဋ်နဲ့ ပန်းကဗျာ တို့ရဲ့ ကွန်မန့် (၄) ခုကို ကြည်နူးမှုပီတိဖြစ်မှု အဟုန်ဖြင့်ဖတ်ခဲ့တယ် အကြောင်းရင်းကတော့ အဲဒီဘလော့ဂ်တွေဟာ ကျမ ဘလော့ဂ်ဂါ ဘဝ မရောက်ခင်ကပင် အမြဲလိုလို အလည်အပတ်သွားသွားပြီး ဖတ်တဲ့ဘလော့ဂ်တွေ အနက် ဖတ်နေကျ ဘလော့ဂ်များဖြစ်နေလို့ပါ။

ဘာသာရေးဘလော့ဂ်တွေမှာ တရားတော်ရဲ့ အဆုံးအမများကိုဖတ်ရတဲ့အပြင် ဦးဇင်းတို့နဲ့လည်း ဆွေးနွေး ခွင့် ရခဲ့သလို ဘလော့ဂ်ဂါတစ်ယောက် အနေနဲ့ ကိုယ့်ဘလော့ဂ်မှာသာ အချိန်ကုန်ဆုံးနေတာမျိုး မဖြစ်သင့်ပဲ တခြားဘလော့ဂ်တွေကို လိုက်လည်ဖို့ကို သီတဂူစတား ဘုန်းဘုန်းရဲ့ နည်းလမ်းကောင်းလေးကို ရရှိခဲ့တာမို့ ဘလော့ဂ်လည်ရက် သီးသန့်ထားပြီး လည်ခဲ့သလို ကျမလည်ခဲ့တဲ့ ဘလော့ဂ်များရဲ့ ပို့စ်များမှာ ကွန်မန့်များ ချန်ခဲ့ပါတယ်။ ကွန်မန့်ချန်ရတဲ့ ရည်ရွယ်ချက်ကတော့ တစ်ဦးတစ်ယောက်ရဲ့ စာပေကိုဖတ်ခွင့် ရလိုက်တာ ကြောင့် ကျေးဇူးတုန့်ပြန်တဲ့သဘောပါ။ ပို့စ်တွေထပ်တင်ရင်း ကွန်မန့်လာပေးသူများ jasmine aquarius. san တိုးလာပြီး အဲဒီကနေတဆင့် ညီမရွှေစင်ဦး angelhlaing တို့ရဲ့ ကွန်မန့်လေးတွေကို ကျေနပ်စွာဖြင့် ဖတ်ခွင့်ရခဲ့ပါတယ်။ ကွန်မန့်ကိုမြင်တိုင်း ပို့စ်အသစ်တစ်ပုဒ်အတွက် လျော့သွားတဲ့ စွမ်းအားတွေ အလိုလိုဖြည့် ပြီးသားဖြစ်တာမို့ ပို့စ်များလည်း စဉ်ဆက်မပြတ် တင်ခဲ့မိသလို ဒေါင်းမင်း Caroline တို့အပြင် ညီမလေး Le Yi နဲ့ Tumar စော(အဝါရောင်မြေ) တစ်ခါ ဆက်လက်ပြီး Kwah Win Nweni Oo Saw Kalyar U Than Htay  Myitkyeenar Mon မအိမ်သူ တို့ရဲ့ ကွန်မန့်များကို ဖတ်ရင်း ကျမရဲ့ ပို့စ်ကို လာရောက် အားပေးတဲ့ မိတ်ဆွေအားလုံးကို တုန့်ပြန်လိုတဲ့ စေတနာကြောင့် အားလုံးပိုမိုပြီး စိတ်ဝင်စားမည်ထင်တဲ့ ပို့စ် များကို ရွေးချယ်တင်ဖြစ်ခဲ့ပါတယ်။

ကျမဘလော့ဂ် နှစ်ပတ်လောက်အကြာ ဇွန်လကစပြီး အားပေးတဲ့ စာဖတ်သူများနဲ့ ဘလော့ဂ်ဂါများဖြစ်တဲ့ ဒီမိုဝေယံ ကိုစိုးဝင်း မေသိမ့်သိမ့်ကျော် ငွေလမင်း ချော နေဝဿန် မောင်လှိုင်ဘွား ဖြိုးဖြိုးလှိုင် လရိပ်အိမ် Baby taster မေဓာဝီ အလင်းစက်များ Kyaw Hnin Se Lwin , Evy , Mon Petit Avatar ချစ်ခြင်းအလင်္ကာ လသာည Rose , Phyu , Snow ,ZP , ညယံ တောက်ပကြယ်စင် အဖြူလေး အလင်းသစ် မြစ်ကျိုးအင်း တို့ရဲ့ ထပ်တိုးကွန်မန့်လေးတွေကို ဖတ်ခဲ့ရပြန်ပါတယ်။

ဇူလိုင်လကစပြီး ဇော်သိင်္ခ ညိန်းနိုင် မော်ကွန်းသစ် ကိုကိုမောင် သဒ္ဓါလှိုင်း မောင်ဘကြိုင် စူးနွယ် လေး Nang Myint ကိုအောင် Blackroze နတ်ဆိုးလေး TKLinn မိုးယံ နန်းရှင် အင်္ဂါဟူး San htun သစ္စာအလင်း ကိကိ စိတ်၏ဖြေရာ may kyin ချစ်ကြည်အေး မိုးငွေ့ မုန်းချစ်သူ Khinlay ဆွေလေးမွန် မယု Harry , Leo , Khin, MR MRT, kokoseinygn, koyinkomin , may16 , မဒမ်ကိုး ပါရမီဖြည့်ဖက်လေး izumi အဖြူရောင်နတ်သမီး Pauk , Vista ကြယ်စင် အလင်း ပုသိမ်သားလေးဖြိုးဝေ Song chitthu နေမင်းမောင် တို့ပါထပ်ဆောင်းပြီး အားပေးမှုရရှိခဲ့ပါတယ်။

သြဂုတ်လမှာတော့ ကျမရဲ့ဘလော့ကို နေဇော်လင်း PN , Nandasara.ashin , မောင်(စွယ်စုံကျမ်း) December Mgmg , ခင်မောင်ချင်း ငွေအိမ်စံ T T Sweet , အရိပ် ဆူးသစ် Aunty Oo သက်ဝေ မီးမီးငယ် မောင်မျိုး Sulay , Htaik San သမီးစံ ပန်းချီ နေဝသန် YKKM  တို့ထပ်တိုးပြီး လာရောက်အားပေးသလို၊ အဆင်ပြေသလို စီဘောက်စ်မှာ ကွန်မန့်ပေးခဲ့တဲ့ Candy, Magyi, ဗညားရှိန်း ရွှေဝန်းရတနာ မောင်မောင်တင် မေလေး ဓမ္မဂင်္ဂါ seesein မိစံ L.Linn ကိုရင်ကို ပဥာက် ဘေဘီ မိစံ Waipon , Gyidaw , မင်းလှသားလေး ပူးပူး Skyblue , Shinlay , ချမ်း ,Cherry , PV , ဒုတိယ Barani , MC Waiyan , သစ်ပင်လေး မင်းဧရာ ဂျိုးဂျိုး တို့လည်း ကျေးဇူးတင်မိတယ်။ သြဂုတ်လ (၆)ရက်နေ့မတိုင်မီက မန့်ခဲ့တဲ့ မိတ်ဆွေများရဲ့ နာမည်ကို စီဘောက်စ်မှာ ပြန်ရှာလို့ မရတော့တဲ့ အတွက် နာမည်ကျန်ခဲ့တဲ့မိတ်ဆွေများ တစ်ဦးမကျန်အားလုံးကို လေးစားစွာဖြင့် ကျေးဇူးတင်လျက်ရှိပါတယ်။ လက်ရှိ တန်းပလိတ်အသစ်ကို ပြောင်းပေးခဲ့တဲ့ admin@w2pro.net ကိုလည်း ကျေးဇူးတင်ပါတယ်။

စာဖတ်မိတ်ဆွေများ တိုးလာတာနဲ့အမျှ ကျမအတွက် လည်စရာ ဘလော့ဂ်များလည်း များလာတာကြောင့် ဘာသာရေးဆိုင်ရာ ဓမ္မစာပေများ သုတ ရသ စာပေများကို ကျယ်ပြန့်စွာ လေ့လာခွင့် သိရှိခွင့်နဲ့ မှတ်သားခွင့် များ ရရှိခဲ့ပါတယ်။ ဘလော့ဂ်စတင်ချိန်က အားပေးခဲ့တဲ့ ဘလော့ဂ်ဂါများ စာဖတ် မိတ်ဆွေများနဲ့ ဆွေမျိုးများ အားလုံး စဉ်ဆက်မပြတ်အားပေးနေဆဲကြောင့် အားလုံးကို လေးစားစွာ ကျေးဇူး တင်ရင်း အခွင့်အခါပေးနေ သမျှ ကာလပတ်လုံး ကျမရဲ့အားသန်ရာ ဘဝအတွေ့အကြုံလေးတွေနဲ့ အစား အသောက်ရပ်ဝန်း ဆိုင်ရာ လေးတွေ ဘာသာရေးကဏ္ဍလေးတွေကို စာမျက်နှာအသစ်များအဖြစ် ပို့စ်များကို ဆက်တင်သွားရင်း ကျမရဲ့ ဘလော့ဂ်လေးကို ရှင်သန်စေမှာဖြစ်ပါတယ်လို့ အသိပေးရင်း ဘလော့ဂ်ဒေး အမှတ်တရကို မှတ်တမ်းအဖြစ် ရေးခဲ့ပါတယ်။ ညီမရွှေစင်နဲ့ ကိုအောင် ရေ ရေးရင်းနဲ့အရှိန်က ရလာတာ ကြောင့် နည်းနည်းတော့ရှည်သွား တယ်နော်း)) 

လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပြီး ချမ်းသာသုခနှင့်ပြည့်စုံကြပါစေလို့ တောင်းဆု ချွေရင်း-

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz