11.9.11
လတ်ဆတ်သန့်စင် ထိုင်းငါးကင်
ဆလားဗီးယားငါး (ကျမသားကတော့ တီးလားဗီးယား တဲ့)၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ချီတို (ငရုပ်သီးဆော့)၊ ပဲငံပြာရည်၊ ဆား၊ ကြက်မှုန့်(အရသာမှုန့်)၊ သံပရာသီး၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ အလျူမီနီယံအချပ် (Aluminium Foil) တို့ဖြစ်ပါတယ်။ လုပ်ပုံအဆင့်ဆင့်ကို ပုံလေးတွေနဲ့ ရှင်းပြသွားရင် ပိုမိုလွယ်ကူမယ်လို့ ထင်ပါတယ်။ ကြိုးစားကြည့်ကြနော်း)
ငါးကိုအကြေးထိုးပြီး ဗိုက်ခွဲ အူထုတ် မွှန်းပြီးရင် ဆားနဲ့ ရသာမှုန့်တို့နယ်ထားပါ ငရုပ်သီး ရှမ်းနံနံ ပင်စိမ်းရွက် ကြက်သွန်ဖြူ တို့ကိုဆားအနည်းငယ်ထဲ့ပြီးထောင်းထားပါ
ချီတိုငရုတ်ဆော့ထဲကို ကြက်သွန်ဖြူထောင်း ငရုပ်သီးထောင်းနဲ့ သံပုသီးအရည်ညှစ်ထည့်ပါပင်စိမ်းရွက် ရှမ်းနံနံ ကြက်သွန်ဖြူတို့ကို နယ်ပြီး ၃နာရီကြာ နှပ်ထားပါ

အလျူမီနီယံအချပ်ပေါ်တွင် ရှမ်းနံနံကို ၃ရွက်ခင်းပါတယ်
ရှမ်းနံနံပေါ်သို့ သမထားပြီးသောချီတိုဆော့ ဇွန်းကြီး ၃ဇွန်းဖြူးပါ
အလျူမီနီယံအချပ်ဖြင့် ငါးကို အထုပ်အဖြစ်သို့ ထုတ်ပိုးလိုက်ပါ
ကင်ရန်အတွက် ငါးထုပ်များရပါပြီ
မီးသွေးမီးဖြင့်ကင်ပါတယ် အလျူမီနီယံအချပ် ဖေါင်းလာက အတွင်းငါးသားကျက်ပါပြီ
ငါးထုပ်ကို ကပ်ကျေးဖြင့် အပေါ်ကနေညှပ်ပြီး ဖွင့်ပါတယ်
အနံ့ မွှေးပြီး အရသာရှိတဲ့ ထိုင်းငါးကင်ရပါပြီ သီးသန့်ဆော့မလိုပဲ ငါးဘေးမှအရည်ဖြင့်စားသုံးပါ
လွယ်တယ်မဟုတ်လားဟင်? လဘက်ကောင်းကောင်း စားချင်ရင်တော့ ပလောင်တောင်တက်နှေးရမယ်လေ အစားအသောက်မှာလည်း စိတ်ရှည်တာနဲ့အမျှ အရသာရှိတဲ့ ဟင်းတစ်ပွဲ ရနိုင်ပါတယ်ကွယ်။
ပုစွန်ကျွတ်ကြော် ကြက်ကျွတ်ကြော်
ပါဝင်တဲ့ပစ္စည်းလေးတွေကတော့-
ပုစွန်၊ ကြက်၊ ဂျုံမှုန့်၊ ကြက်ဥ၊ ပေါင်မုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ မိုင်းရိုးနက်စ် (နှစ်သက်သူများအတွက်သာ)
အတော်လွယ်ကူတာမို့ အချိန်ရရင်တော့ လုပ်စားကြပါနော်။ "တတ်ပြီးပညာမလေ့လာ မကြာမရှည်ပျောက် တတ်သည်” တဲ့။ ကျမတော့ ပညာတွေ မေ့သွားမှာစိုးရိမ်လို့ မကြာခန အကောင်အထည်ဖော်လေ့ရှိပါတယ်း) ဒီမှာလည်း ပုံလေးတွေနဲ့ လုပ်ပုံအဆင့်ဆင့်ပြောပြသွားပါ့မယ်။ ကြေသွားတဲ့ ပေါင်မုန့်ကို ဆား ငရုပ်ကောင်း မှုန့်တို့နဲ့ နယ်ပါတယ်။ ပေါင်မုန့် ၁၀၀ ဂရမ်ကို ဆားဇွန်းသေး ၂ဇွန်း ငရုပ်ကောင်းမှုန့် ဇွန်းသေး ၂ဇွန်းသုံးတယ်
ပေါင်မုန့်ကို ဘလင်ဒါနဲ့ကြေအောင် ပြုလုပ်ပါ အဓိကကြေသွားစေရန်
ပုစွန်ကို အညစ်အကြေးထုပ်ဖယ်ပြီး အမြီးချန်ကာ အခွံခွာပါ
ဂျုံမှုန့် ကြက်ဥ ချေပြီးပါင်မုန့်အကြေတို့မှာ အဆင့်ဆင့်နယ်ပါ
ဆီအိုးတွင် မုန့်နှစ်နယ်ပြီး ပုစွန်ကိုကြော်ပါ
ပုစွန်ကို အညစ်အကြေးထုပ်ဖယ်ပြီး အမြီးချန်ကာ အခွံခွာပါ
ဂျုံမှုန့် ကြက်ဥ ချေပြီးပါင်မုန့်အကြေတို့မှာ အဆင့်ဆင့်နယ်ပါ
ဆီအိုးတွင် မုန့်နှစ်နယ်ပြီး ပုစွန်ကိုကြော်ပါ
ပုစွန်ကျွတ်ကြော်
ကြက်ကျွတ်ကြာ်
ပုစွန်ကျွတ်ကြာ် ကြက်ကျွတ်ကြော်တို့ကို ဆော့ဖြစ် ဖြစ်စေ မိုင်းရိုးနက်စ်ဖြင့် ဖြစ်စေ သုံးဆောင်ပါ
ကြက်ကျွတ်ကြာ်
ပုစွန်ကျွတ်ကြာ် ကြက်ကျွတ်ကြော်တို့ကို ဆော့ဖြစ် ဖြစ်စေ မိုင်းရိုးနက်စ်ဖြင့် ဖြစ်စေ သုံးဆောင်ပါ
ကဲ…. ငါးကင်ထက်လွယ်တယ်ဆိုတာ အားလုံးလက်ခံမယ်ထင်ပါတယ်း)
ရိုးရိုးခေါက်ဆွဲကြော်လေးကို ကော်ရည်လေးနည်းနည်းထည့်ကြော်ကြည့်ပါ
ငါးကင်နဲ့ ခေါက်ဆွဲကြော် စားသုံးဖို့ အဆင်သင့်ပါငါးကင်၊ ပုစွန်ကျွတ်ကြော်၊ ကြက်ကျွတ်ကြောတို့နဲ့အတူ ခေါက်ဆွဲကြော်လေးပါကြာ်လိုက်တယ်ဆိုရင် ဒီကနေ့ အတွက်တော့ စားသောက်ဖွယ် ဖူဖူလုံလုံနဲ့ အရသာရှိရှိ သုံးဆောင်လို့ရပြီပေါ့ကွယ်။ ခေါက်ဆွဲကြော်ကတော့ အားလုံးသော စာဖတ်သူတို့ ကြော်စားနေကျမို့ အဆင့်ဆင့်ပြောဖို့ လိုမယ်မထင်ပါဘူး။ ကြက်သား၊ ဘိုစားပဲ သီး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်တို့ကြော်ပြီး ကော်ရည်လေးနည်းနည်းထည့်လိုက်ရင်ရ ပါပြီ။ စိတ်တိုင်းကျ သုံးဆောင်ကြပါနော်။
(အန်တီတင့်ရဲ့ အိမ်လေးကို စိတ်ချစွာနဲ့ ၁၀-ရက် အပ်ခဲ့ပြီနော်း))
(စာဖတ်သူများအားလုံး စိတ်ဓါတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ)
မေတ္တာဖြင့်
အန်တီတင့်
ခဏစောင့်ပါ...