x

23.9.11

မနက်စာ


ဒီကနေ့ အစောကြီးနိုးနေတယ် နေ့စဉ်မနက် ၅နာရီခွဲလောက်ဆိုရင် နိုးလေ့ရှိပေမယ့် ဒီကနေ့မနက် စောစော ၄နာရီလောက်ထဲက နိုးနေတယ်။ အိပ်ယာနိုးရင် ကုတင်ပေါ်မှာ တစ်မိနစ်တောင်မနေတတ်တာကြောင့် ကျမ အွန်လိုင်းပေါ်ရောက်လာတယ်။ ထုံးစံအတိုင်း ဘလော့တွေကို လိုက်လည်ရင်း ဟိုဖတ်သည်ဖတ်ပေါ့။ ကျမ အတွေးတစ်ခုဝင်လာတယ်။ ဝင်လာတဲ့အတွေးကတော့ မြစ်ဆုံဧရာနဲ့ပတ်သက်ပြီး ပို့စ်တင်သည်ဖြစ်စေ မတင် သည်ဖြစ်စေ မြန်မာပြည်မှာ ပေါက်ဖွားသူ မြန်မာပြည်သားအားလုံး ဧရာဝတီမြစ်ကြီးကို ချစ်ခင် မြတ်နိုး တွယ်တာမှာတော့ အသေအချာပါ။ အကြွင်းမဲ့ယုံကြည်မိတယ်။ ဘလော့မောင်နှမတွေအပါအဝင်ပေါ့လေ။ စိတ်ပင်ပန်းမှု ကိုယ်ပင်ပန်းမှုနဲ့ ပင်ပန်းမှုများစွာနဲ့ ဝမ်းတစ်ထွာအတွက် ကျမရဲ့သားအပါအဝင် လှုပ်ရှားရုန်း ကန်နေကြရတဲ့သူအားလုံးအတွက် မနက်စာလေးတော့ ပြင်ဆင်ကျွေးချင်စိတ်ပေါ်လာတာကြောင့် လွယ်ကူ စွာနဲ့ ပြုလုပ်လို့ရပြီး အရသာရှိတဲ့ ကြက်ဥဆဲန်ဝတ်ခ်ျ လုပ်ခဲ့တယ်။ လူတိုင်းလိုလိုနည်းအစုံစုံနဲ့ လုပ်စားဖူးမှာပါ။ ကျမလုပ်တဲ့ နည်းလေးအတိုင်း စမ်းသပ်လုပ်ကြည့်ကြပါနော်း)

ပါဝင်တဲ့ပစ္စည်းကလည်း ပေါင်မုန့် ကြက်ဥ မိုင်းရိုးနက်စ် ထောပတ် ဆား ငရုပ်ကောင်းမှုန့် (၆)မျိုးထဲပါ။
ကြက်ဥကိုအမာပြုတ်ပြီး ပေါင်မုန့်ကို ထောပတ်သုတ်ထားပါ။ ကြက်ဥကို ဆား ငရုပ်ကောင်းမှုန့် မိုင်းရိုးနက်စ် တို့ထည့်ပြီး ကြေအောင်ချေပါ။ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ထဲကို ထည့်ခြင်းဖြင့်  အဆင်သင့်စားလို့ရတဲ့ ကြက်ဥဆဲန်ဝတ်ခ်ျကို အရသာရှိရှိ သုံးဆောင်ဖို့အဆင်သင့် ဖြစ်ပါပြီ။ တစ်ချို့လည်း Cheese ပါထည့်ပြီး စား ကြပါတယ်။

လောကီလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz