x

7.10.11

အိမ်ဖြစ်ထမင်းလိတ်


တစ်နေ့ကပဲ ချော(အစိမ်းရောင်လွင်ပြင်) ထမင်းလိတ်ကို ကန်တော့ပုံစံလေးနဲ့ပါ လုပ်ပြသွားတာ ဖတ်လိုက်ရ ပါတယ်။ အစားအသောက်တွေ လုပ်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ထည့်တဲ့အစာနဲ့ လုပ်နည်း ကိုင် နည်းလေးတွေ အနည်းနဲ့အများ ကွာကြသလို ပိုကောင်းမယ်ထင်တဲ့ နည်းလေးတွေဆိုရင် ကျမလိုက်လုပ် တတ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ဆရာပြတော့နည်းပိုကျတဲ့ သဘောပေါ့နာ်။

အိမ်ဖြစ်ထမင်းလိတ်လို့ ခေါ်လိုက်တော့မယ်း)  ပါဝင်တဲ့ပစ္စည်းတွေကတော့ -
ဆန်၊ ကောက်ညှင်းဆန်၊ မိုင်းရိုးနက်စ်၊ ဆား၊ ငရုပ်ကောင်းမှုန့်၊ ရေညှိချပ်၊ ယင်းလိတ်၊ မုန်လာ ဥနီ၊ သခွားသီး၊ ကြက်ဥ၊ ကြက်ဥချောင်း၊ ဂဏန်းချောင်း တို့ဖြစ်ပါတယ်။ လက်တွေ့လုပ်ရင်း ပုံလေးတွေနဲ့ပြော သွားမယ်နော်။ အားတဲ့အချိန် စမ်းလုပ်ကြည့်ကြပါ။ 

ယင်းလိပ်နဲ့ရေညှိချက်
ထမင်းလိပ်အတွက် အသုံးပြုမည့် အမယ်များ
ဂဏန်းချောင်း ကြက်ဥချောင်းကို ရေနွေးဖျောရုံသာ
ဆန်နဲ့ကောက်ညှင်းဆန်ကို ၄အချိုး ၁အချိုးသုံး
ကြက်ဥကိုခလောက်ပြီး အချပ်လိုက်ကြော်ပြီးက အချောင်းလိုက်လှီးထားပါ
ထမင်းနဲ့ကောက်ညှင်းကို ဆား မိုင်းရိုးနက်စ်တို့နဲ့ ရောနယ်
ထမင်းလိတ်လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ

ယင်းလိတ်ပေါ်မှာ ရေညှိကိုခင်းပါ
နယ်ထားသော ထမင်း ကောက်ညှင်းကို တစ်ဖက်အစွန်းတွင် တင်ပါ
အပေါ်မှ သခွား မုန်လာဥနီ ဂဏန်းချောင်း ကြက်ဥချောင်း ကြက်ဥကြော်တင်ပါ
အပေါ်မှထမင်းကောက်ညှင်းဖြင့်ပြန်အုပ်ပါ
ယင်းလိပ်ကိုစတင်ပြီးလိပ်ပါ
ပုံပြပါအတိုင်း အဆုံးသို့ရောက်က ယင်းလိပ်ကိုပြန်ဖြည်ပါ
ထမင်းလိပ်ရပါပြီ ဒါးထက်ထက်နဲ့ လိုအပ်တဲ့အရွယ်အစားလှီးပါ
ရှေးဦးစွာရရှိတဲ့ ထမင်းလိပ်ကို ဘုရားကိုကပ်ဘို့အတွက် ဖယ်ပါတယ်
မနက်က ကန်ကော်ပန်းလေးရလို့ ဘုရားကိုကပ်ထားတယ်
လာရောက်အားပေးသော မိတ်ဆွေများအတွက် အိမ်ဖြစ်ထမင်းလိတ်လေးများ
အားလုံးအတွက်လောက်လောက်ငှငှဖြစ်စေဘို့ ပိုလုပ်လိုက်တယ်

ရေညှိထမင်းလိတ်နဲ့ တွဲစားလို့ရအောင် ရေညှိဟင်းချိုလေးလည်း လုပ်ပေးလိုက်တယ်။ ပါဝင်တဲ့ပစ္စည်းများက ကြက်သွန်ဖြူ ဆား ပဲငံပြာရက် ကြက်မှုန့် ရေညှိနဲ့ တို့ဟူးတို့ဖြစ်ပါတယ်။

ရေညှိခြောက်နဲ့ တို့ဟူးကို ရေညှိဟင်းချိုအတွက် ပြင်ဆင်ပါ
ရေကိုဆူစေပြီး ကြက်သွန်ဖြူ ဆား ပဲငံပြာရည်တို့ထည့်ကာ ပွက်ပွက်ဆူစေပြီး ရေညှိနဲ့ တို့ဟူးထည့်ပါ
ငရုပ်ကောင်းမှုန့်ထည့်ပြီး ရေညှိဟင်းချို ပူပူလေးရပါပြီ

ထမင်းလိတ်၊ ရေညှိဟင်းချို တို့နဲ့တင် လာရောက်အားပေးသူတွေ တင်းတိမ်မယ်မထင်လို့ ပုစွန်ကြော်လေးပါ  ထည့်ကြော်ပေး လိုက်တယ်နော်။ မကြာသေးခင်ကပုစွန်ကို အကောင်လိုက် ကြော်ပေးခဲ့ပြီးဖြစ်လို့ ဒီတစ်ခါ အလည်ကြောင်း ခွဲထားတဲ့ ပုံစံမျိုးနဲ့ ကြော်ပေးလိုက်ပါတယ်။ အရသာမှာ ကွဲပြားတာမျိုးမရှိပါဘူး။ 
ပါဝင်တဲ့အမယ်များကတော့-
ပုစွန် ပေါင်မုန့်အကြမ်း ဂျုံမှုန့် ကြက်ဥ ဆား ငရုပ်ကောင်းမှုန့် 

ပုစွန်ကြော်ရန် လိုအပ်တဲ့အမယ်များ ပြင်ဆင်ပါ
ပေါင်မုန့်အကြမ်းကို ကြိတ်ပြီး ဆား ငရုပ်ကောင်းမှုန့်နဲ့ နယ်ထားပါ ကြက်ဥကိုခလောက်ထားပါ
ဒီတစ်ခါပုစွန်ကို အလယ်ကြောင်းခွဲထားပါတယ်
ပုစွန်ကြော်ဘို့ အဆင်သင့်ဖြစ်ပါပြီ
ဂျုံမှုန့်တွင် အရင်ဆုံးနယ်ပါ
ကြက်ဥအနှစ်တွင်နယ်ပါ
ပေါင်မုန့်အမှုန့်တွင်နယ်ပါ
ဆီတွင်ကြော်ပါ
စားသုံးရန်အဆင်သင့်ပါ
ပိုနေတဲ့ ကြက်ဥအနှစ်တွေကြော်လိုက်တယ်

မနက်ပိုင်းမှာ အချိန်တွေကုန်သွားတာကြောင့် ညနေစာတော့ အဆင်ပြေသလိုပဲ ဘဲဥချက် ငါးပိရည်၊ တို့စရာ စိမ်းစိမ်းလေးတွေရယ် အရည်သောက်ကို လိုက်ဖက်အောင် ချဉ်ရည်ဟင်းလုပ်ပြီး နွေးလိုက်ရတယ်လေး))

သခွား ရုံးပဒေသီး ကစွန်းရွက်နဲ့ ဒညင်းဝက်ကြော်
ဘဲဥချက်က ဆီနည်းနည်းများသွားတယ်း)

လာရောက်အားပေးသူ မိတ်ဆွေများအားလုံး ဒီတစ်ခေါက်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြတော့နော်း)

လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပြီး ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz