x

9.10.11

ပြန်လည်ဆုံဆည်းကြပါစို့-၁


ယနေ့ နေ့လည် ၁နာရီက M-3 မှာ ကျမတို့အင်ဂျင်နီယာ သူငယ်ချင်းများ ဆုံကြတယ်။ တစ်နည်းဆိုရရင်  (၁၉၇၅-၈၁) ခုနှစ် ပညာသင်နှစ် အင်ဂျင်နီယာများရဲ့ ပုလဲရတု မြတ်ဆရာပူဇော်ပွဲကို ယခုလာမည့် ဒီဇင်ဘာ လ ၁၇ရက်၊၂၀၁၁ခုနှစ်၊ မနက် ၉နာရီမှ ၁၂နာရီထိ ပြုလုပ်ဘို့ အတည်ပြုဘို့အတွက် ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် က ကျင်းပပြုလုပ်ခဲ့တဲ့ အပေါ်မှာမူတည်ပြီး ဆရာ ဆရာမ ၁၀၀ကျော်၊ ကျောင်းသားကျောင်းသူ ၂၅၀ကျော် စုစုပေါင်း ၃၅၀ ကျော်လောက် တက်ရောက်မယ်လို့ ခန့်မှန်းတွက်ချက်ပြီး လုပ်ဆောင်ရမည့်အစီအစဉ်များ ကို ဆွေးနွေး တိုင်ပင် ညှိနှိုင်းကြပါတယ်။ ဆရာများကို ပူဇော်ကန်တော့ခြင်း ဆရာနဲ့ ကျောင်းသားများအတွက် လက်ဆောင်ပေး ရန်ကိစ္စ၊ ဗလာမပါကံစမ်းမဲကိစ္စတို့ပြုလုပ်ပြီး မြတ်ဆရာပူဇော်ပွဲ ပြီးသွားပါက ညနေပိုင်းတွင် အင်ဂျင်နီယာ ကျောင်း သားများအား ညစာထမင်းစားပွဲ ပြုလုပ်ပေးမည့်အကြောင်း ဆွေးနွေးကြပါတယ်။ မြတ် ဆရာပူဇော်ပွဲနေ့တွင် ရပ်ဝေးရောက်နေသည့် သူငယ်ချင်းများအားလုံးလည်း အဆင်ပြေပါက လာရောက် ပူဇော်နိုင်ဘို့ကို မျှော်လင့် မိပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးက သူငယ်ချင်းများပြန်လည် ဆုံလေတိုင်း ပျော်ရွှင်ကြည်နူး ဘွယ်ကောင်းခဲ့တဲ့ တစ်ချိန်တုန်းက ကျောင်းသားဘဝကို ပြန်လည်လို့ သတိရမိတယ်။ အခုတော့လည်း ဝမ်း တစ်ထွာအတွက် အခက်အခဲအားလုံးကို ရင်ဆိုင်ဖြေရှင်းရင်း အချိန်တွေကို ကုန်လွန်စေပါတယ်။ မြတ်ဆရာ ပူဇော်ပွဲကို သမိုင်းဝင်းအတွင်းရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်း အဆောက်အဦးတွင် ပြုလုပ်မှာဖြစ်ပြီး သူငယ်ချင်းများအတွက် ညနေစာမိတ်ဆုံစားပွဲကို ကန်တော်ကြီးရှိ White Rice မှာကျင်းပမယ်လို့ လျာထား ပါတယ်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကိုတော့ ၃၀-၁၀-၂၀၁၁ ရက်နေ့ M-3 မှာပြန်လည်တွေ့ဆုံ ပြုလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

တီတင့်လည်းပါတယ်နော်း)

 
တာဝန်အသီးသီးခွဲဝေပေး

ဘဏ္ဍာရေးမှူးအလုပ်များနေပုံ

တစ်ကြိမ်ထက်တစ်ကြိမ်ပိုကောင်းလာစေရန်ဆွေးနွေး

ဝိုင်းဝန်းအကြံဥာဏ်များပေး

အင်တိုက်အားတိုက်အစီအစဉ်များဆောင်ရွက်ကြပုံ

စေတနာသဒ္ဓါထက်သန်စွာလှူထားသောအလှူငွေများကိုလွှဲပြောင်း

မြတ်ဆရာပူဇော်ပွဲအတွက် အလှူငွေများလက်ခံလွှဲပြောင်းနေပါပြီ

စီနီယာဆရာကြီးဒီတစ်ခေါက်တော့ရောက်အောင်လာသားပဲ

 နောက်တစ်ကြိမ်အစည်းအဝေးရက်သတ်မှတ်

လောကလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနှင့် ပြည့်ဝကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz