x

28.10.11

အမှတ်တရ ဆုံဆည်းကြစို့


 ကျမ ဘလော့ဂါဘဝ မရောက်ခင် တစ်နှစ်ကို ၂ကြိမ်ခန့် စင်္ကာပူနိုင်ငံသို့ ရောက်ခဲ့ပါတယ်။ ဒါလည်း ၆နှစ်ခန့် ရှိခဲ့ပါပြီ။ အရင်ပို့စ်တွေမှာ ရေးခဲ့သလို အကြောင်းရင်းကတော့ သားနှစ်ယောက်ထံ အလည်လာရင်း လိုအပ်တာလေးတွေကို ဖြည့်ဆည်းဘို့ အဓိကပါ။ နောက်တစ်ချက်က ကျမရဲ့ ညီမလေးတွေနဲ့ ဆုံဆည်းနိုင်ဘို့ပါ။ ကျမရဲ့ ညီမလေးတွေ စင်္ကာပူနိုင်ငံမှာ အခြေချခွင့် ရခဲ့တာကြောင့်လည်း သားတွေအတွက် နောက်ဆံတင်းခြင်းမှ ကင်းလွတ်ပြီး သားတို့ အေးချမ်းစွာ အလုပ်လုပ်ရင်း ပညာသင်ခွင့်ကို ရရှိခဲ့ပါတယ်။ ကျမရဲ့ ညီမလေးများကိုလည်း ကျေးဇူးတင်မိတယ်။ ဘလော့ဂါ ဘဝကို မထင်မှတ်ပဲ ရောက်လာတဲ့ အခါမှာတော့ အတော မသတ်နိုင်တဲ့ လောဘကြောင့် ဒီတစ်ခေါက် ကျမကချစ်သော၊ ကျမကိုချစ်သော၊ ကျမကိုမချစ်သော ဘလော့ဂါများ နဲ့အတူ ပျော်ရွှင်စွာ ဆုံဆည်းလိုစိတ် ဖြစ်ပေါ်လာပါတယ်း) ဒါကြောင့်လည်း ကျမ ဆက်သွယ်ခွင့်ရတဲ့ ဘလော့ဂါများနဲ့ ဆက်သွယ်ပြီး တွေ့ဆုံနိုင်ခဲ့သလို ဆုံဆည်းခွင့် မရသေးတဲ့ ဘလော့ဂါများနဲ့လည်း ဆုံဆည်းလိုတဲ့အတွက် ၃၀၊၁၀၊၂၀၁၁ (တနင်္ဂနွေနေ့)မှာ မနက် ၁၀နာရီကနေ နေ့လည် ၂နာရီအထိ ကျမ လက်ရှိ နေတဲ့ ညီမလိုချစ်ခင်ခဲ့ရသူ၊ တစ်ချိန်က လုပ်ဖော်ကိုင်ဖက်ရဲ့ အိမ်မှာ ‘အသုပ်စုံနဲ့ဟင်းခါး’ ဧည့်ခံကျွေးမွေးမှာ ဖြစ်တဲ့အတွက် ဘလော့ဂါများရဲ့ ကိုယ်ပိုင်အချိန်ထဲက ဆုံဆည်းပွဲလေးအတွက် အချိန်အနည်း ငယ်မျှဖဲ့ပြီး ပေးနိုင်မယ် ဆိုရင်ဖြင့် ကျေးဇူးတင် ဝမ်းသာမိမှာအမှန်ပါ။ လာရောက်နိုင်မည့် စာရင်းပေါ်မူတည်ပြီး အသုပ်စုံလုပ်မှာ ဖြစ်တဲ့အတွက် auntytint@gmail.com ကို‘လာပါမည်’ ဆိုတဲ့ စာသားလေးကို မိမိဘလော့ရဲ့ လင့်ခ်လေးနဲ့ အတူ မေးလ်ပို့စေလိုပါတယ်။ မေးလ်ရောက်ရင် လာရမည့် လိပ်စာကို ပို့ပေးလိုက်ပါမည်။ ‘အမှတ်တရ ဆုံဆည်းကြပါစို့’နော်။ ဖဘမှာလည်း ကြော်ငြာပြီး ဖြစ်ပေမယ့် ဖဘအသုံးနည်းတဲ့ ဘလော့ဂါများ အတွက် သိစေဘို့ ဒီပို့စ်ကို တင်ခဲ့ခြင်းဖြစ်ပါတယ်။ (အသုပ်စုံလေးစားဘို့ အတွက် အလုပ်ရှုပ် လိုက်ပါဘိလို့ မတွေးပဲ ဘလော့ဂါများ ဆုံဆည်းဘို့ အတွက် စာလေး တစ်ကြောင်း ရေးရတယ်လို့ တွေးလိုက် ပါနော်း)) အခုအထိတော့ လာမည့်စာရင်း စုစုပေါင်း ၂၀ဦးရှိပါပြီ။ ဆုံဆည်းဘို့အတွက် ကြိုးစားပေးပါလို့ တောင်းဆိုပါရစေ။
 
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz