x

29.10.11

အားလုံးအတွက်မနက်ဖြန်


ဒီကနေ့မနက် တီတင့်တစ်ယောက် ယောက်ယက်ခတ်း) တူမလေး မင်္ဂလာဆောင်ကို အချိန်မီပြေးရတယ်။
မင်္ဂလာဆောင်က ပြန်ရောက်တာနဲ့ IMM ကိုတစ်ခေါက်ပြေး မနက်ဖြန်အတွက် Giant မှာ စုံစုံစိစိဝယ်။ အသုတ်စုံ အတွက် အမယ်စုံလေ သစ်သီး အချိုရည် ကော်ဖီ (ကော်ဖီသောက်ရမှ အိပ်ပျော်သူများအတွက်း)) အခုနေတဲ့ ညီမကိုလည်း အားနာလို့ တစ်ခါသုံး ပန်းကန် ခွက် ဇွန်းနဲ့ ဘန်းတွေကအစ လိုမယ်ထင်တာလေးတွေဝယ်။ မရပ်တန်း ဝယ်ကောင်းကောင်းနဲ့ ဝယ်လိုက်တာ လှည်းကြီးပြည့်ရော။ ဒီတော့အိမ်အထိ လှည်းကိုတွန်းလာတယ်။ သဘောကျ မိပါရဲ့ ဈေးဝယ်သူတွေကို အဆင်ပြေအောင် လုပ်ပေးတဲ့ စနစ်လေး တကယ်ကို ကောင်းလှပါတယ်။ ဒီပို့စ်တင်ရခြင်းက လောလောဆယ်တော့ တီတင့် အားလုံးအတွက် အလုံအလောက် ဝယ်ထားပါတယ်ဆိုတာ အသိပေးချင်တာပါ။ အစားကြီးသူတွေ ပါလာလည်း စိတ်တိုင်းကျ ဖြစ်စေရမယ်။ အာမခံတယ်နော်။ အားလုံးအ တွက် မနက်ဖြန်ကို ကြိုဆိုနေပါတယ်လို့။

တစ်ခါသုံး ပန်းကန် ခွက် ဇွန်း ခရင်း
ငှက်ပျောသီး စပျစ်သီး ပန်းသစ်တော် လိမ္မော်သီး (နည်းနည်းပဲပြထားတာနော် ရှိသေးတယ်)
ဂေါ်ဖီ ဗူးသီး ခေါက်ဆွဲ မန်ကျည်းမှည့် ငရုပ်ဆီ ငရုပ်ကောင်းမှုန့်
အာလူး ကြက်သွန်နီ ကြက်သွန်ဖြူ ကြာဇံ
သစ်သီးစုံအအေးဗူး ငံပြာရည်

ဆီ ကြက်ဥ ကြက်ဥချောင်း (အသုပ်မလောက်ရင် ထမင်းဖြူနဲ့ကြော်ကျွေးဘို့း))

တီတင့်ကို လာမယ်ပြောပြီး မလာဖြစ်တဲ့သူတွေ တီတင့်ကို အသုပ်စုံပြန်လုပ်ကျွေးရမယ်နော်း)။ 
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz