x

31.10.11

ပျော်ရွှင်စရာ တနင်္ဂနွေ


ကျမ တီတင့် အလုပ်နည်းနည်း ရှုပ်နေလို့ ဘလော့များကို လောလောဆယ် လည်ပတ်ဖို့ ပျက်ကွက်နေတာလေး နားလည်ပေးကြပါလို့ ပြောပါရစေနော်။ နောက်နှစ်ရက်လောက် ဆိုရင်ဖြင့် Home sweet home ကို ပြန်လည်လို့ တီတင့်ရောက်ရှိတော့မှပဲ အရင်လို ပုံမှန်လေး ဘလော့တွေကို လည်ပတ်ပြီး ကွန်မန့်လေးတွေဆက် ပေးနိုင်တော့ မှာပါ။ မဖြစ်မနေ တင်ရမဲ့ ပို့စ်လေးမို့ အိမ်မပြန်ခင် တင်ခဲ့ပြီနော်း)။ မနေ့က တီတင့် ခေတ္တတည်းခိုနေတဲ့ အိမ်မှာ အသုပ်စုံလုပ်ပြီး ငယ်သူငယ်ချင်းများနဲ့ ဘလော့ဂါများကို ဖိတ်ကျွေးခဲ့တယ်။ လာဘို့စာရင်းပေးထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့ ဘလော့ဂါများကို အခြေအနေပေးခဲ့ရင် နောက်တစ်ကြိမ် ထပ်ဆုံဘို့မျှော် လင့်ပါတယ်ကွယ်။ ကိုယ်ပိုင်အားလပ်ရက်မှာ အချိန်ပေးပြီး တီတင့်ဆီကို လာရောက်ခဲ့တဲ့ ငယ်သူငယ်ချင်းများနဲ့ ဘလော့ဂါမောင်နှမများ (ဟိဟိ အဲဒီလိုရေးရတာ နည်းနည်းတော့ အားနာတယ် ဘလော့ဂါလေးတွေနဲ့ အသက် ကကွာနေလို့ တခြားစကားလုံးလည်း ရှာမတွေ့လို့း)) အားလုံးကို ကျေးဇူးတင်မိတာ ရင်ထဲကပါ။ ငယ်သူငယ်ချင်း အပေါင်းကတော့ ဘယ်အချိန် ပြန်တွေ့တွေ့ ဟန်ဆောင်မှုကင်းပြီး ပြောမနာ ဆိုမနာတွေမို့ အထူးပြောစရာ မလို ပါဘူး။ အလားတူပဲ ဘလော့ဂါတွေကို တွေ့ရပြန်တော့ တီတင့်ထင်တာထက် ပိုပြီး အားလုံးရဲ့ စိတ်ထားကလေး များဟာဖြူစင် ရိုးသားသလို ချစ်ဖို့ကောင်းနေကြတာ တွေ့ရတယ်။ အခုမှတွေ့ဆုံရတာမျိုး မဟုတ်ပဲ မိတ်ဆွေရင်းချာ များကို ပြန်တွေ့ရသလို ခံစားမိပါတယ်။ အားလုံးက အချင်းချင်း တစ်ရင်းတစ်နှီး ပြောဆိုဆက်ဆံကြတယ်လေ။ ဒီအချိန်မှာ ဘယ်ဘလော့ဂါကို တွေ့တွေ့ အခုလို တူညီတဲ့ ခံစားချက်မျိုးသာ ဖြစ်မယ်ဆိုတာ တစ်ထစ်ချ ယုံကြည် ပါတယ်။ အကြောင်းရင်းကတော့ ဘလော့ဂါအားလုံး တစ်ယောက်နဲ့ တစ်ယောက် မဆုံးဆည်းကြရသေးသည့်တိုင် ကွန်မန့်တွေနဲ့ အချင်းချင်း ရင်းနှီးနေပြီး ဖြစ်လို့ထင်ပါတယ်။ ဒါကြောင့်လည်း ဘလော့ဂါတွေ တစ်ယောက်နဲ့ တစ်ယောက်တွေ့တဲ့အခါ တစ်စိမ်းပြင်ပြင် မဟုတ်ကြတော့ဘူးလေ။

 အသုပ်စုံအတွက် အမယ်တွေကတော့ ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်၊ ပဲပြား၊ အာလူး၊ ပဲကြော်၊ နံနံပင်၊ ရှောက်ရွက်၊  ပဲမှုန့်အကျက်၊ ငရုပ်ဆီ၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ မန်ကျည်းမှည့်၊ ကြက်သွန်နီဆီချက်၊ ကြက် သွန်ဖြူဆီချက်၊ ဗူးသီး၊ ငရုပ်ကောင်းမှုန့်တို့ကို အသုံးပြုပါတယ်။ ပုံလေးတွေနဲ့ ဆက်တင်သွားရင် လုပ်ရတာ ပိုပြီး အဆင်ပြေမှာပါ။ 

အမယ်စုံစုံ အသုပ်စုံနော်

ဆွမ်းတော်တင်ရန်ဦးဖယ်ထား
ဆွမ်းတော်ကပ်
တစ်ပန်းကန်ပြီးတစ်ပန်းကန် အဆက်မပြတ်
ဟင်းခါးပူပူလေးနဲ့ အသုပ်စုံလေး လိုက်မှလိုက်
သစ်သီးတွေလည်း စိတ်တိုင်းကျ
မောင်ညီရဲ တီတင့် မချစ် ကိုဝင်းနိုင် ကိုညိမ်း
မမလေး တီတင့် ခင်နှင်းဝေ နွယ်နွယ်
ကိုခင်လတ် ကိုထင်ဝင်း ကိုသန့်စင် ကိုမြင့်မောင်ထွန်း
မမလေး နွယ်နွယ် ခင်နှင်းဝေ တီတင့်
ကိုညိမ်း တီတင့် ကန်ဒီ မောင်ညီရဲ မချစ်
ကိုခင်လတ် ကိုထင်ဝင်း တီတင့် ကန်ဒီ မောင်ညီရဲ မချစ် ကိုညိမ်း မမလေး နွယ်နွယ်
မောင်ဖိုးစိန် မောင်ဘိုဘို တီတင့်
ရသအလင်း ၆လပြည့် အထိမ်းအမှတ်  ဓာတ်ပုံများကို စိတ်ဝင်တစား
မောင်ဖိုးစိန် မချစ် မောင်ညီရဲ ကိုညိမ်း မောင်ဘိုဘို တီတင့် ကန်ဒီ

အသုပ်စုံ စားပြီးတဲ့အခါမှာတော့ သစ်သီးစုံအချိုရည် သစ်သီးများ ကော်ဖီနဲ့ ဧည့်ခံပြီး ဟိုအကြောင်းရောက် သည် အကြောင်းရောက်နဲ့ ထွေရာလေးပါး ပြောဆိုကြပါတယ်။ ငယ်သူငယ်ချင်းများနဲ့ ဘလော့ဂါများအားလုံး ပျော်ပျော် ပါးပါးဆုံတွေ့ကြပြီး ညနေ ၄နာရီလောက်မှာ တွေ့ဆုံပွဲလေး ပြီးဆုံးသွားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ သူငယ်ချင်းများနဲ့ ဘလော့ဂါများ အားလုံးကိုလည်း အခုလိုဆုံတွေ့ချင်တဲ့ ဆန္ဒလေးရင်ထဲမှာ အမြဲကိန်းအောင်းနေပါတယ်။

ညနေ ၄နာရီကျော်တော့မှ လူစုခွဲကြတယ်။ မောင်ညိန်းနိုင် မောင်ညီရဲသစ် ကန်ဒီတို့က တစ်ဖွဲ့ တီတင့်ကို မချစ်က shopping လိုက်ပို့မယ်ဆိုတော့ မောင်ဘိုဘို၊ မောင်ဖိုးစိန်တို့နဲ့အတူ ထွက်ခဲ့ကြတယ်။ အလုပ်ကိစ္စလေးရှိလို့ ကြိုပြီး ထွက်သွားနှင့်တဲ့ မချစ်ရဲ့ ချစ်ချစ်ကြီးနဲ့ တီတင့်တို့အဖွဲ့ shopping mall မှာပြန်ဆုံကြတယ်။ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။

တီတင့်ရဲ့ အိမ်ဦးသခင်မှာတဲ့ ပစ္စည်းလေးတွေနဲ့ သားငယ်အတွက် ရေမွှေး ဝယ်ပြီးတဲ့အခါ မောင်ဘိုဘို၊ မောင်ဖိုးစိန် တို့နဲ့ လမ်းခွဲကြပြီး တီတင့်ကို မချစ်တို့ မောင်နှံစုံတွဲက sky park ကို လိုက်ပို့ပေးကြတယ်။ လှပတဲ့ ရှုခင်းတွေကို ဓာတ်ပုံတွေရိုက်ပြီး ည၈နာရီကျော်မှာ တီတင့်ကို အိမ်ပြန်ပို့ပေးခဲ့တယ်။ အခုလို တီတင့်ဖိတ်တဲ့ ပွဲလေးကို မဖြစ် မနေ ရောက်အောင်လာခဲ့တဲ့ တစ်ချိန်တုန်းက တက္ကသိုလ်မှ ငယ်သူငယ်ချင်းများနဲ့ ချစ်ခင်စရာ ဘလော့ဂါများ၊ မချစ်တို့ ဇနီးမောင်နှံရဲ့ ရင်းနှီးပျူငှာတဲ့ စိတ်ရင်းစေတနာများ၊ တွေ့ဆုံပွဲလေးအတွက် မငြိုမညင် အစမှအဆုံးတိုင် အကူအညီပေးခဲ့တဲ့ ယခု တီတင့်ရဲ့ သားငယ် ငှားနေတဲ့ အိမ်ရှင် မောင်သန်းထိုက်နဲ့ မမေဇင် တို့ကိုအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီပို့စ်လေးမှာ မှတ်တမ်းလေးအဖြစ် ခြေရာချန်ခဲ့တယ်နော်။
မချစ်(ချစ်ကြည်အေး)နဲ့ တီတင့်အမှတ်တရ





















SKYPARK ပေါ်မှ စင်္ကာပူရဲ့ ညအလှ






လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်


ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz