x

6.11.11

ကြုံတောင့်ကြုံခဲ မင်္ဂလာပွဲ


မှတ်မှတ်ရရ ၂၉-၁၀-၂၀၁၁ရက်နေ့မှာ တူမလေးရဲ့ သူငယ်ချင်း မင်္ဂလာပွဲလေးကို ကြုံတောင့်ကြုံခဲရောက်ခဲ့တယ်။
မောင်မိုးကျာ်ကျော်နဲ့ မနှင်းပပတို့ရဲ့ မင်္ဂလာပွဲလေးပါ။ Ritz-Carlton Millenia Hotel မှာကျင်းပ ပြုလုပ်ခဲ့ပါတယ်။

သတို့သားနဲ့သတို့သမီး စုံတွဲလေးလည်း ပန်းလေးနဲ့အတူ လန်းဆန်းလှပနေတယ်
ချစ်ခင်ကြင်နာမှုလေးတွေအပြည့်အဝ ထာဝရအတွက် ဖြစ်ပါစေ

ပွဲမစခင် တံခါးဘောင်လေးရဲ့ တစ်ဖက်တစ်ချက်မှာ သတိုးသား သတိုးသမီးတို့အလုပ်ရှုပ်
နှစ်ဖက်မိဘတို့လည်း တစ်ပြုံးပြုံး
သူငယ်ချင်းများလည်း အားကျမဆုံး
လက်ဖွဲ့ပုံးကြီး ပျောက်မှာစိုးလို့ ဘယ်သွားသွားသယ်ရတာအမေား)

လက်ဖွဲ့တာကို ဝိုင်းဝန်းအားပေးကြ
လာရောက်သူများကို အမှတ်တရလက်ဆောင်ပြန်ပေး
တီတင့်က စားပွဲနံပါတ်-၆၅
ခုံနံပါတ်လေးတွေနဲ့ ထိုင်ဘို့စီစဉ်ထား
တက်ရောက်သူတို့ရဲ့ လက်မှတ်အမှတ်တရ
လက်မှတ်ထိုးသူများကို အမှတ်တရ ဓာတ်ပုံရိုက်
ရိုက်ပြီးဓာတ်ပုံ စာအုပ်တွင်ပြန်ကပ်(ကင်မရာကြိုးကဝင်ရှုပ်နေး))
သူတို့ညီအစ်တွေလည်း လုပ်အားပေး 
မောင်နှမသုံးယောက် အမှတ်တရ
စိတ်တိုင်းကျ Buffet (တစ်မယ်ချင်းတော့ ဓာတ်ပုံမရိုက်ဖြစ်ပါ) စားသုံးနေသူတွေကိုအားနာလို့း)
စားသောက်ဖွယ်ရာတွေလိုက်ကြည့်တော့ ပုစွန်ထုပ်ကိုသဘောကျ
ကြက်အူချာင်းဆိုယူမလို့ပဲ ဝက်အူချောင်းဆိုတော့ လက်လျော့ခဲ့
ပင်လယ်စာအစုံတည်ခင်း
ရေညှိလိပ်လေးတွေလည်းစားလို့ကောင်း
သစ်သီးတွေလည်း စုံစုံလင်လင် 
 စားချင်စဖွယ် ကိတ်မျိုးစုံ
အချိုပွဲမှပူတင်းနဲ့ ကိတ်အမျိုးမျိုး
 ဆွေမျိုးမိသင်္ဂဟများ ဧည့်သည်များနှင့်အတူ 
 သတို့သား သတို့သမီးတို့နဲ့ အမှတ်တရ

ဗိုက်လည်းဆာနေပြီဆိုတော့ စောစောပဲအဲဒီလိုစားခဲ့တယ်
သစ်သီးစားသလို ပူတင်းလည်းမလွတ်ဘူးး)
အစာပိတ်အနေနဲ့ အချိုပွဲလေးလည်း အားပေးခဲ့တယ်

ဒီမင်္ဂလာပွဲလေးကို တက်ရောက်ခွင့် ရခဲ့တဲ့အတွက် မောင်မိုးကျော်ကျော်နဲ့ မနှင်းပပတို့ကို ကျေးဇူးတင်ရှိကြောင်း ဒီပို့စ်လေးနဲ့ အမှတ်တရ မှတ်တမ်းအဖြစ် မျှဝေပေးလိုက်ပါတယ်။ တီတင့်ရဲ့ ရင်းနှီးခင်မင်တဲ့ ဘလော့ဂါ စာဖတ်သူ မိတ်ဆွေများလည်း ဒီမင်္ဂလာပွဲလေးကို ကြည့်ပြီး အမြန်အကောင်ထည်ဖော်ကြပါလို့ တိုက်တွန်းလိုက်ပြီနော်။

စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနှင့်ပြည့်စုံကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz