x
29.11.11
အေးချမ်းရိပ်မြုံ
၂၆-၁၁-၂၀၁၁ (စနေ)နေ့ ညနေ ၄နာရီမှာ ကျမနဲ့အတူ ညီမလေး အဒေါ်ငယ်တို့ လိုက်ပါပြီး မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယကို သွားရောက်ခဲ့တယ်။ အခုလို သွားရောက်ခဲ့ခြင်းရဲ့ အကြောင်းရင်း ကတော့ လှူဒါန်းမှုမှာ ဝါသနာထုံတဲ့ နော်ဝေးက ညီမမြကြေးမွန်ရဲ့ မိတ်ဆွေဖြစ်သူ နော်ဝေးနိုင်ငံ ထရော့ဟိုင်းမြို့မှ မမြကေခိုင်ရဲ့ အလှူအတွက် ကူညီပံ့ပိုးခြင်းပါ။ ကျမရဲ့ ဘလော့ဂါဘဝမှာ ရပ်တည်ခွင့်ပေးခဲ့တဲ့ ပို့စ်လေးအဖြစ် ပထမဆုံးတင်ခဲ့တဲ့ ‘နော်ဝေးကစေတနာရှင်မလေးအတွက်’ ပို့စ်ကို ပြန်သတိရမိပါတယ်။ ကျမတို့ ဧည့်ကြိုဌာနမှာ စုံစမ်းတော့ လေးနာရီအတိမှာ ကလေးတွေ ညနေစာ ထမင်းကျွေးချိန် ရောက်ပြီမို့ တစ်ခါတည်း လှူလို့ရတယ် ပြော ပါတယ်။ ဒါနဲ့ကျမတို့လည်း ကလေးတွေရဲ့ ထမင်းစားဆောင်ကို သွားကြပြီး အလှူလေးတစ်ခု ပြုလုပ်ကြပါတယ်။
ခေါက်ဆွဲခြောက်နဲ့ မုန့်မျိုးစုံ
ကော်ဖီ အိုဗာတင်း မိုင်လိုမှုန့်များ
မုန့်အမျိုးမျိုးနဲ့ အအေးဗူးများ
လှူဘွယ်များ
ဆရာစောသောင်းကြည် (လက်ထောက်အထွေထွေအတွင်းရေးမှူး)မှ ရှင်းပြပုံ
စပ်အောင်နိုင်ဝင်း (Reception) ဒေါ်လီလီဘွင့် (အဆောင်မှူး) အဒေါ်ငယ်နဲ့ ညီမလေး
နေရာအသီးသီးယူပြီးနောက် ထမင်းနဲ့ အသားဟင်းများလိုက်ချပေးနေပုံ
မွန်မြတ်သော အစာအဟာရအတွက် ဘုရားသခင်သို့ ကျေးဇူးတင်နေပုံ
ဂီတသံစဉ်နဲ့အတူ ဘုရားသီချင်းအား သီဆိုနေကြပုံ
စပ်အောင်နိုင်ဝင်းမှ အလှူရှင်များနဲ့ မိတ်ဆက်ပေးပုံ
အလှူရှင်များအတွက် ညီညာစွာဆုတောင်းပေးကြပုံ
ဂီတသံစဉ်နဲ့အတူ သီချင်းဖြင့်ဆုတောင်းပေးကြပုံ
 ဆရာစောသောင်းကြည်မှဆုတောင်းပေးပုံ
အဒေါ်ငယ် မုန့်ဝေနေပုံ
ဒေါ်လီလီဘွင့်မှ ဂုဏ်ပြုမှတ်တမ်းပေးပုံ
ကျမတို့ကို ဒေါ်လီလီဘွင့် (အဆောင်မှူး)က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးပြီးတဲ့အခါမှာ မျက်မမြင်ကျောင်းနဲ့ ပတ်သက်ပြီး နေရာထိုင်ခင်း ကျောင်းသားများ အိပ်ဆောင် စာသင်ခန်းများ အလုပ် ခန်းများကို လိုက်လံပြသ ပါတယ်။ မျက်စိအာရုံ အားနည်းနေတဲ့ ကျောင်းသားလေးတွေရဲ့ အားသာချက် ကတော့ အကြား အာရုံခံပြီး မိမိ သွားလိုတဲ့ နေရာကို မထိမခိုက် တန်းတန်းမတ်မတ် သွားနိုင်သလို သူတို့လက်ထဲကို တစ်ခုခုပေး တာနဲ့ သူတို့ရတဲ့ ပစ္စည်းကို စမ်းသပ်ကိုင်တွယ် ကြည့်ရှုပြီး စူးစမ်းကြတာ တွေ့ရပါတယ်။ အဆောင်မှူး ပြောပြချက် အရ ကလေးတွေဟာ မျက်စိအလင်း မရပေမယ့် သူတို့ အင်္ကျီကို သူတို့ထိတွေ့ခြင်းနဲ့ မှတ်မိနေကြတယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးမှ လာရောက် ဆုံဆည်းသည့်နေရာ
 ကျောင်းသားများစုဝေးသည့်အခန်း
၎-တန်းအထိ ပညာသင်ကြား
၎တန်းထက်မြင့်သော ကျောင်းသားများအား မသိမနားလည်သည့်စာများ ပြန်သင်ကြားပေး
ကျောင်းသားများ အိပ်ခန်း
တစ်ခန်းကို ကျောင်းသား ၄ဦးထား
ငယ်ရွယ်သူများအား အခန်းရှည်တွင် ၁၀ဦးအထက်ထား
အားလပ်ချိန်မှာ ကစားကြပုံ
အားလပ်ချိန်မှာကစားကြပုံ
မျက်မမြင်ကျောင်း
အဆောင်များ
ဘွဲ့ရပြီး မျက်မမြင်ကျောင်းတွင် ဒုကျောင်းအုပ်အဖြစ် တာဝန်ယူနေသူ
မျက်မမြင်မိဘနှစ်ပါးမှ ပေါက်ဖွားလာတဲ့ မျက်စိမြင်တဲ့ ကလေးငယ်
မတ်တတ်ရပ်နေသူ မိခင်မျက်မမြင်
ဘွဲ့ရပြီးသူများ နိုင်ငံခြားသို့စေလွှတ်ပြီး အနှိပ်ပညာသင်ယူစေ
အမျိုးသားများအား အမျိုးသားအနှိပ်ပညာသည်များက နှိပ်ပေးသည့်အခန်း
အမျိုးသမီးများအား အမျိုးသမီးအနှိပ်ပညာသည်များက နှိပ်ပေးသည့်အခန်း
လက်မှုပညာရပ်လည်းတတ်ကျွမ်း
စေတနာသဒ္ဓါ ထက်သန်စွာနဲ့ အမြဲမပြတ် တစ်နေရာ သို့မဟုတ် တစ်နေရာကို လှူဒါန်းလေ့ရှိတဲ့ ညီမမြကြေးမွန်နဲ့ သူငယ်ချင်းဖြစ်သူ နော်ဝေးနိုင်ငံ ထရော့ဟိုင်းမြို့မှ မမြကေခိုင် တို့ကို ကူညီရင်း ကျမတို့ တစ်တွေလည်း ကုသိုလ် ရရှိခဲ့တာကြောင့် ညီမတို့ကို ကျေးဇူးတင်ရှိပါတယ်လို့ ဒီပို့စ်ကနေ ပြောလိုက်ပါရစေနော်။ အရင် တစ်ခေါက်က ဓာတ်ပုံနည်းသွားတာကြောင့် ဒီတစ်ခါတော့ ဓာတ်ပုံ များများ ရိုက်ပေးလိုက်ပါတယ်။  အေးချမ်းတဲ့ ရိပ်မြုံလေးကနေ ညနေ၅နာရီခွဲမှာ ပြန်လည် ထွက်ခွာခဲ့ပါ တယ်။
လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ခဏစောင့်ပါ...
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz