x

6.12.11

ပြန်လည်ဆုံဆည်းကြပါစို့-၃+၎


ပြန်လည်ဆုံဆည်းကြပါစို့-၃
၂၇-၁၁-၂၀၁၁ (တနင်္ဂနွေ) ရက်နေ့ နေ့လည်၁နာရီမှာ ကျမတို့ သူငယ်ချင်းများအဖွဲ့ MES (Myanmar Engineering Society) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဆောက်အဦးမှာ ထပ်မံလို့ ဆုံဆည်းခဲ့ကြပြန်တယ်။ ဒီတစ်ခေါက်လည်း ဆရာကန်တော့ပွဲအတွက် အားထည့်လှုပ်ရှားသူ အဖွဲ့ဝင်၂၀ကျော် တက်ရောက်ပြီး လက်ရှိ လုပ်ဆောင်ပြီးစီးမှု အခြေအနေနဲ့ ဆောင်ရွက်ရန်ကျန် အခြေအနေ အစရှိတဲ့ ခေါင်းစဉ်များရဲ့ အသေးစိတ် ကို ဆွေးနွေးကြပါတယ်။ ၂၀၀၉-ခုနှစ်က ပြုလုပ်ခဲ့တဲ့ မြတ်ဆရာပူဇော်ပွဲမှာ ဦးစီးကော်မတီ ဥက္ကဌ တာဝန်ကို ယူခဲ့တဲ့ ဦးစောမောင် (သတ္ထုတူး) ကို ဆက်လက် တာဝန်ယူဘို့ အဖွဲ့ဝင်များက ညှိနှိုင်းဆုံးဖြတ် ခဲ့ပါတယ်။ ဆက်လက်ပြီး ဒုဥက္ကဌ အတွင်းရေးမှူး ဘဏ္ဍာရေးမှူး ပြန်ကြားရေး  အခမ်းအနား ပြင်ဆင်ရေး  နေ့လည်စာ စားပွဲအတွက် စီစဉ်ရေး  ကြိုဆိုနေရာချထားရေး အစရှိတဲ့ ဆပ်ကော်မတီများနဲ့ ဘာသာရပ် အလိုက် ကိုယ်စားလှယ်များကို တာဝန်ပေးခံရမည့်သူ အမည်တွေကို ကြေငြာ ခဲ့ပါတယ်။ (တာဝန်ကျ အမည်များနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၇၅-၈၁ခုနှစ် အင်ဂျင်နီယာ၊ ဗိသုကာ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား / ကျောင်းသူဟောင်းများ၏ လိပ်စာမှတ်တမ်းမှာ  ရေးထားပါတယ်)

၁၇-၁၂-၂၀၁၁ (စနေ) ရက်နေ့မှာ ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများကို လက်ဆောင်အိတ်များနဲ့အတူ လိပ်စာ စာအုပ်များပါ ပေးမှာဖြစ်ပါတယ်။ ညစာစားပွဲမှာ သီချင်းဝါသနာရှင်များအတွက် ကာရာအိုကေ ထည့်သွင်း ထားတာကြောင့် ယခင်ဆွေးနွေးပွဲမှာ ပြောကြားခဲ့တဲ့ သူငယ်ချင်းများ အချင်းချင်း လက်ဆောင်လဲရန်နဲ့ ပတ်သက်ပြီး အချိန်လုံလောက်မှုမရှိတဲ့အတွက် ၄င်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ် (၃၀၀၀ကျပ်တန်အထက် လက်ဆောင်များ ယူလာရန်မလိုတော့ပါ)။ အလှူငွေထည့်ပြီး လာရောက်နိုင်ခြင်း မရှိတဲ့ သူငယ်ချင်းများ အမှတ်တရ လက်ဆောင်ပစ္စည်းနဲ့ လိပ်စာစာအုပ်များ မရရှိခြင်း မဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဘာသာရပ် အလိုက် ကိုယ်စားလှယ်များက တာဝန်ယူပြီး ပေးဆောင်ကြမှာ ဖြစ်ပါတယ်။ လက်ဆောင်အိတ်ကို အိတ်၄၀၀ စီစဉ်ရန် အဖွဲ့မှ သတ်မှတ်ပါတယ်။ မြတ်ဆရာပူဇော်ပွဲနဲ့ ပတ်သက်ပြီး သတင်းစာ နှစ်စောင်တွင် လည်း ကြော်ငြာ ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။

မြတ်ပူဇော်ပွဲအတွက်ဖိတ်ကြားစာ
 ဆပ်ကော်မတီဝင်များအသုံးပြုရန်တံဆိပ်
ကျောင်းသားများအတွက် ညစာထမင်းစားပွဲ လက်မှတ်
ဆုံဆည်းပွဲများ ပြုလုပ်တဲ့နေရာ

မြတ်ဆရာပူဇော်ပွဲပြုလုပ်မည့်နေရာ အဆောက်အဦး


ဆွေးနွေးပွဲများ ပြုလုပ်တဲ့နေရာ
ဆွေးနွေးပွဲအတွက် နေရာသာမက ကော်ဖီ အအေးပါ စီစဉ်ပေးတဲ့ သူငယ်ချင်း ဒေါ်နီလာကျော်(ဗိသုကာ)ရေ ကျေးဇူးပါး)
မပြီးပြတ်သေးသော ခေါင်းစဉ်များ ဆက်လက်ဆွေးနွေး
ဘဏ္ဍာရေးမှူးကတော့ ဓာတ်ပုံရိုက်တာတောင် လှည့်ကြည့်ဖော်မရး)

အဖွဲ့အလိုက်အလုပ်ရှုပ်
ဖိတ်စာဝေသူဝေ ငွေရေသူရေ
ကောင်းသည်ထက်ကောင်းအောင် ပြင်ဆင်ဆွေးနွေး
စီနီယာဆရာကြီးကတော့ မိန့်မိန့်ကြီးး))

ကောက်ခံရရှိငွေပေါင်း ယနေ့အထိ ကျပ် ၁၈,၁၆၉,၆၀၀/- (ကျပ် တစ်ရာရှစ်ဆယ့် တစ်သိန်း ခြောက်သောင်း ကိုးထောင် ခြောက်ရာ တိတိ) ဖြစ်ပြီး ယခင် လက်ကျန်ငွေ ၅,၅၀၀,၀၀၀/- (ကျပ်ငါးဆယ့်ငါးသိန်း တိတိ) ဖြစ်တဲ့ အတွက် စုစုပေါင်း လက်ဝယ် ကျပ် ၂၃,၆၆၉,၆၀၀/- (ကျပ် နှစ်ရာသုံးဆယ်ခြောက်သိန်း ခြောက်သောင်း ကိုးထောင် ခြောက်ရာတိတိ) ရှိကြောင်း ဘဏ္ဍာရေးမှူး ဒေါ်ကြူကြူလွင် (Civil) မှကြေငြာပါတယ်။ ယခုအချိန်ထိ ဆက်သွယ်ရရှိတဲ့ ကျောင်းသားအင်အားမှာ ၂၀၀သာ ရှိသေးတဲ့အတွက် မိမိနီးစပ်ရာကနေ တဆင့်ကြိုးစား ဆက်သွယ်ဘို့ ဆွေးနွေးကြပါတယ်။

ဝင်လာမစဲ တသဲသဲ
ဆွေးနွေးပွဲများကို ရီမောစရာလေးများဖြည့်စွက်ရင်း တစ်ပျော်တစ်ပါး
အလုပ်ရှုပ်ပြနေပြန်ပြီ စီနီယာကြီးကတော့း)
ကိုယ်စီတာဝန်တွေ ကျေပွန်ကြတဲ့ ချစ်စရာ သူငယ်ချင်းများ

ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ် လှမ်းအော်ပြီး ဆွေးနွေးး)


အလှူငွေလွှဲအပ်

ဆွေးနွေးပွဲပြီးတဲ့အခါမှာ ဘာသာရပ်ဆရာများကို ဖိတ်ကြားရန်အတွက် ဘာသာရပ် ကိုယ်စားလှယ်များ လက်သို့ ဖိတ်စာ များ ဝေပေးပါတယ်။ ညှိနှိုင်းဆွေးနွေးပွဲလေး ညနေ ၃နာရီကျော်မှာ ပြီးဆုံးကာ နောက်တစ်ကြိမ် ဆွေးနွေးပွဲ ကိုတော့ ၄-၁၂-၂၀၁၁ (တနင်္ဂနွေ) နေ့ရက်မှာ ယခုနေရာတွင် ပြန်လည် ဆုံတွေ့ဘို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြန်လည်ဆုံဆည်းကြပါစို့-၎
၎-၁၂-၂၀၁၁ (တနင်္ဂနွေ) ရက်နေ့ နေ့လည် ၁နာရီမှာ ကျမတို့ သူငယ်ချင်းများ အဖွဲ့ MES (Myanmar Engineering Society) မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက်အဦးမှာ ထပ်မံလို့ ဆုံဆည်းကြပါတယ် အခုလို မြတ်ဆရာပူဇော်ပွဲ နီးကပ်လာလေ ကျမတို့အဖွဲ့လည်း အပတ်စဉ်လိုလို ဆုံဖြစ်လာပါတယ်။ ယခင်ပြုလုပ် ခဲ့တဲ့ အတွေ့အကြုံများအပေါ်မူတည်ပြီး အားနည်းချက်များကို ဟာကွက် မရှိစေရန် အတတ်နိုင်ဆုံး ဝိုင်းဝန်းညှိနှိုင်း အကြံပေး တိုင်ပင်ပြီး ကြိုးပမ်းဆောင်ရွက် ခဲ့တာကြောင့် ကျမတို့ သူငယ်ချင်းများအားလုံး ယခင်အကြိမ်နဲ့ နှိုင်းယှဉ် လျှင် ပိုမိုအဆင်ပြေ ချောမွေ့လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ အလှူရှင်တို့မှ အတည်ပြု ဆုံးဖြတ်ချက်အရ ဆရာများ အတွက် နေ့လည်စာကို Feels စားသောက်ဆိုင်မှ ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ဘာလချောင်၊ ဟင်းချိုတို့ ဖြစ်ပြီး အချိုပွဲကိုတော့ ငှက်ပျောပေါင်း သစ်သီးစုံ ကျောက်ကျော အိုင်စကရင် တို့ဖြင့် ဧည့်ခံမှာဖြစ်ပါတယ်။ ကျောင်းသားများ အတွက် ထောပတ်ထမင်းကို Lunch  Box နဲ့ ဝေပေးမှာဖြစ်ပါတယ်။ တစ်ခု ကျန်သေးတယ် ရေသန့်ဗူးလည်း ပေးမယ်နော်။ မနက်စာနဲ့ နေ့လည်စာအလှူရှင် သူငယ်ချင်းများ ကျေးဇူးပါ။

မပြီးပြတ်သေးသော ဆွေးနွေးမှုများနဲ့အတူ
အားလုံးရဲ့ အကြံဥာဏ်များယူရင်း ဆုံးဖြတ်ချက်ချ

 ဘဏ္ဍာရေးမှူးများအတွက် လုံခြုံစေရန် တစ်ဖက်တစ်ချက် သက်တော်စောင့်များး)
 သူများတွေအလုပ်ရှုပ်တုန်း အမှတ်တရပုံလေးရိုက်ဖြစ်အောင်ရိုက်း)

ငွေလည်းရေတွက် ဆရာကလည်းလုပ်နေသေး ဟိဟိ
ဒေါ်တိုးတိုးစံရဲ့ လဘက်သုပ်
 ဦးစိန်အောင်ရဲ့ ဘီစကစ်ဗူး သစ်သီးဘယ်သူယူခဲ့လဲ မမေးမိဘူး

ကောက်ခံရရှိငွေပေါင်း ယနေ့အထိ ကျပ် ၂၁,၄၉၀,၀၀၀/- (ကျပ် နှစ်ရာတစ်ဆယ့်လေးသိန်း ကိုးသောင်း တိတိ)ပါ။ ယခင် လက်ကျန်ငွေ ၅,၅၀၀,၀၀၀/- (ကျပ်ငါးဆယ့်ငါးသိန်း တိတိ) ဖြစ်တဲ့အတွက် လက်ရှိစုစုပေါင်း လက်ဝယ် ကျပ် ၂၆,၉၉၀,၀၀၀/- (ကျပ်နှစ်ရာခြောက်ဆယ့် ကိုးသိန်း ကိုးသောင်းတိတိ) ရှိကြောင်း ဘဏ္ဍာရေး မှကြေငြာပါတယ်။ ယခုအချိန်ထိ ဆက်သွယ် ရရှိတဲ့ ကျောင်းသား အင်အားမှာ ၂၆၁-ဦး ရှိပြီဖြစ်ပါတယ်။ ယခင် ဆုံဆည်းပွဲပြုလုပ် စဉ်က ဆရာတစ်ဦးလျှင် ကျပ် တစ်သိန်း ခန့်မှန်းခဲ့ရာကနေ ယနေ့ဆုံဆည်းပွဲမှာတော့ တစ်သိန်းခွဲ ခန့်မှန်းသတ်မှတ် ခဲ့ပါတယ်။ စုဆောင်း ရရှိတဲ့ ရန်ပုံငွေများအနက် ယခင်လက်ကျန် ၅၅-သိန်းကို ဘဏ်မှာ ဆက်ထားပြီး တိုးငွေ ကျပ် ၂၁,၄၉၀,၀၀၀ ဖြင့်မြတ်ပူဇော်ပွဲကို အခုလို သိုက်သိုက် ဝန်းဝန်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

 နောက်ထပ်ဝင်လာသော အလှူငွေများ အဝေးရောက်သူငယ်ချင်းများမှ ဒေါ်လာများအပါအဝင်
အားတက်သရော် လှူကြ
 ဆွေးနွေးပွဲပြီးလည်း စကားကမပြတ်





အမှတ်တရများခြေရာချန်
 ပြန်ခါနီးလည်း ပြောမဆုံးတောသုံးတောင်ပါ
တကယ် ပြန်တော့မယ်
 ရှေ့တနင်္ဂနွေပြန်ဆုံကြပါစို့

ဖိတ်ကြားစာပေးရန်အတွက် ပါမောက္ခချုပ် ဦးခင်အောင်ကြည်(ငြိမ်း) အိမ်သို့ တစ်ပျော်တစ်ပါးသွားကြ

ညှိနှိုင်း ဆွေးနွေးပွဲလေး ညနေ ၃နာရီကျော်မှာ ပြီးဆုံးကာ နောက်တစ်ကြိမ် ဆွေးနွေးပွဲကိုတော့ ၁၁-၁၂-၂၀၁၁ (တနင်္ဂနွေ) နေ့ရက်မှာ ယခုနေရာမှာ ပြန်လည်ဆုံတွေ့ဘို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခုလာမည့် ဆွေးနွေးပွဲဟာ ကျမတို့ ပုလဲရတု မြတ်ဆရာ ပူဇော်ပွဲ အတွက် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲလေး ဖြစ်တာကြောင့် အဖွဲ့ဝင်များ နောင် တစ်ချိန် အမှတ်တရ ခြေရာကျန်စေဘို့ မပျက်မကွက် တက်ရောက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

ယခင်ဆုံဆည်းပွဲလေးတွေရဲ့ ဆွေးနွေးခဲ့တာလေးတွေ သိချင်ရင်တော့-
‘ပြန်လည်ဆုံဆည်းကြပါစို့-၁’
‘ပြန်လည်ဆုံဆည်းကြပါစို့-၂’ မှာဖတ်ကြည့်ပါနော်း)


လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်
(ဒီကနေ့ တီတင့် ခရီးသွားအုံးမှာမို့ တစ်ပတ်လောက်တော့ ပျောက်အုံးမယ်နော်း))

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz