x

14.12.11

ပစ်ပစ်အတွက် မွေးနေ့လက်ဆောင်


Blackroze ပစ်ပစ်ရဲ့ စကားလေးတစ်ကြောင်း ကျမရင်ထဲမှာ မှတ်မှတ်ရရ သိမ်းဆည်း ထားခဲ့တာ ရက်တွေကြာခဲ့ ပါပြီ။ ‘တီတီတင့်ရေ ပစ်ပစ်မွေးနေ့က 3ီဇင်ဘာလ 14ရက်နော် အဲနေ့ကျရင်မွေးနေ့ပွဲ ကျင်းပပေးရမယ်နော်’ တဲ့။ အားကိုးတကြီး ပြောလာတဲ့ ပစ်ပစ်အတွက် အလုပ်တွေနဲ့ မအားမလပ် ရှိစေအုံးတော့ အကောင်းဆုံးဖြစ်အောင် ကျမကြိုးစားရေးသားဘို့ ဆုံးဖြတ်ခဲ့တယ်။ ပို့စ်တွေ တစ်ခုပြီးတစ်ခုရေးနေတုန်းက အကောင်းပါပဲ။ အခုကျမှ ဟိုတစ်ခုရေးလိုက် ပြန်ဖျက်လိုက် ဒီတစ်ခုရေးလိုက် ပြန်ပြင်လိုက်နဲ့ ပစ်ပစ်အတွက် အမှတ်တရ ပို့စ်ကောင်းလေး တစ်ပုဒ် ရစေချင်တဲ့ စေတနာပေါ့နော်း) မွေးနေ့ရှင်လေးအတွက် တီတင့်ရဲ့လက်ဆောင်လေး အားပေးကြပါနော်း)

ပစ်ပစ်မွေးနေ့အတွက် ကိတ်မုန့်အပြေးအလွှားလေး ဝယ်ခဲ့တယ်း)
ကြက်ဥပူတင်း လည်းပါလာတယ်း)





ဒီကော်ဖီက သီးသန့်နော်း)

ကျမတို့အတွက် မွေးဖွားခြင်းနဲ့ ပတ်သက်ပြီး စဉ်းစားတွေးတောကြည့်ရင် သက်ရှိမှန်သမျှ မွေးဖွားခြင်းဟာ ကမ္ဘာလောကကြီး တစ်ခုလုံး အတွက် ကောင်းကျိုးပြုဘို့ တစ်နည်းအားဖြင့်တော့ ပတ်ဝန်းကျင် အကျိုးရှိဘို့ ဖြစ်လာ တာပါ။ လောကဓါတ် တစ်ခုလုံးဟာ မွေးဖွားခြင်းကနေ စတင်လေ့ ရှိကြပါတယ်။ ကျမတို့ ဗုဒ္ဓဘာသာမှာ ဘဝ တဏှာကြောင့် မွေးဖွားလာရပြီး ခရစ်ယန် ဘာသာမှာ ဘုရားသခင်က ဖန်ဆင်းခြင်းကြောင့် စတင်ခဲ့ရသလို ဟိန္ဒူ ဘာသာမှာတော့ မဟာဗြဟ္မာကြီးမှ စတင်ပြီး အတ္တလေးများကို သွင်းပေးခြင်းဖြင့် မွေးဖွားလာရပါတယ်။ မည်သည့် ဘာသာ တရားတွင်မဆို မွေးဖွားလာခြင်းကို ကောင်းမြတ်သော မင်္ဂလာလို့ သတ်မှတ်လေ့ ရှိကြပါတယ်။ မွေးဖွား လာသော လူသားတိုင်းဟာ စိတ်ရဲ့ချမ်းသာခြင်း ကိုယ်ရဲ့ချမ်းသာခြင်း စတဲ့ ချမ်းသာမှုတွေ နဲ့ နေထိုင်လိုကြတာ သဘာဝပါ။ လောကီသဘာဝအရ ပညာ စီးပွားဥစ္စာ ရာထူးအာဏာရှိရင် ချမ်းသာစွာ နေရပြီ လို့ ယေဘုယျ အပေါ်ယံ မှတ်ထင်နေကြပါတယ်။ ထိုပြည့်စုံမှုတွေဟာ စစ်မှန်တဲ့ ချမ်းသာမှုမျိုး မဟုတ်ပါ။

ဗုဒ္ဓဂေါတမ ပေါ်ထွန်းလာတဲ့အခါ ဗုဒ္ဓက ကိုယ်စိတ်ချမ်းသာနည်း (၃)မျိုးကို ကျင့်ကြံအားထုတ်ဘို့ အတွက် လမ်းညွှန် ဟောကြား ထားခဲ့ပါတယ်။ ဗုဒ္ဓဂေါတမရဲ့ နည်းများမှာ ဆုတောင်းနေရုံနဲ့မရ။ တမ်းတနေရုံနဲ့ မရ။ လက်တွေ့ဆောင်ရွက်မှ ရမယ်လို့ ဆိုပါတယ်။ ဆောင်ရွက်ရာမှာလည်း ကံ၊ ဉာဏ်၊ ဝီရိယဆိုတဲ့ နည်းလမ်း သုံးသွယ်နဲ့ ဆောင်ရွက်ရန် ဆိုခဲ့တဲ့ နည်းလမ်းသွယ်မှာ ပထမဉာဏ်နဲ့ ယှဉ်ရမယ်။ ဒုတိယဇွဲလုံ့လ အားထုတ်မှု ထားပြီး တတိယ ကမ္မကံဆိုတဲ့ အလုပ်ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဉာဏ်ဟာ ချိန်ခွင်လျှာသဘော ရှိပြီး ဝီရိယနဲ့ ကမ္မကို မျှတအောင် လုပ်ဆောင်တတ်စေဘို့ ဉာဏ်က ချိန်ဆပေးရမှာပါ။

မွေးဖွား သန့်စင်ပြီးတဲ့ ကလေးတိုင်းဟာ ရာနှုန်းပြည့် အပြစ်ကင်းစင်သူတွေ ဖြစ်ကြပေမယ့် ပတ်ဝန်းကျင် အရောင် ဆိုးမှုကြောင့် ခံယူချက်များ မှားယွင်းပြီး လွဲမှားတဲ့လမ်းကြောင်းဖက်ကို သွေဖီတိမ်းစောင်း သွားကြခြင်းပါ။ လောက ကြီးကို အကျိုးမဲ့စေတဲ့အပြင် အကျိုးယုတ်စေတဲ့ အခြေအနေရောက်ရှိသွားအောင် ဖန်တီးနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့် မွေးဖွားလာသော လောကလူသားအားလုံး မကောင်းမှုကို ကိုယ်ပိုင်အသိဉာဏ်နဲ့ ချေဖျက်တိုက် ထုတ်ပြီး လောကကြီးနဲ့ လူမှုအသိုင်းအဝိုင်း အကျိုးပြုနိုင်သူများအဖြစ် ရပ်တည်နိုင်သူများဖြစ်နိုင်ကြပါစေ။
(ဖတ်ခဲ့ဘူးတာလေးကို ရေးတတ်သလို ရေးလိုက်ပြီ ပစ်ပစ်ရေ ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်း များစွာကို ဖြတ်သန်းနိုင် ပါစေနော်)

လောကလူသားအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz