x

20.12.11

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် မနှင်းဆီရဲ့ (Tag) ပို့စ်


ခရစ်စမတ် ကိုရောက်ခါနီးတိုင်း ငယ်စဉ်က မောင်နှမတစ်တွေနဲ့ မိုးလင်းပေါက် တစ်အိမ်ဝင် တစ်အိမ်ထွက် ဘုရား သီချင်းတွေ လိုက်ဆိုသလို တက္ကသိုလ် ရောက်စမှာလည်း သူငယ်ချင်းတွေနဲ့ သီချင်း လိုက်ဆိုတာတွေကို သတိရမိ သွားတယ် အောက်မေ့ဖွယ်တွေမို့ ပြန်တွေးပြီး ကြည်နူးမိတယ်။

ငယ်စဉ်အရွယ်ထဲက ဒီဇင်ဘာလ ရောက်တာနဲ့ မေမေက ခရစ်စမတ်နဲ့ပတ်သက်တဲ့ decoration တွေဝယ်ပြီး Christmas tree မှာအလှဆင်လေ့ ရှိခဲ့တယ်။ ညဥ့်သန်းခေါင်ဆိုရင် Christmas tree ရဲ့ဝန်းကျင် တစ်နေရာရာ မှာ ဖေဖေနဲ့ မေမေတို့ဟာ သားသမီးတွေအတွက် လက်ဆောင်ထုပ်လေးတွေကို ဖွက်ထားလေ့ရှိပြီး ဘယ်လိုနေရာ မျိုးမှာရှိတတ်လဲဆိုတာကို စာရွက်လေးမှာရေးပြီး ပဟေဠိလုပ်ထားလေ့ရှိတယ်။ ဥပမာ ကျမရဲ့ အစ်ကိုကြီးအတွက် 'ကောင်းကင်ပေါ်က လက်ဆောင်ထုပ်' လို့ရေးထားပြီး မျက်နှာကျက် ပန်ကာပေါ်မှာဖွက်ထားသလို ကျမရဲ့ လက်ဆောင်ထုပ်ကိုတော့ 'ဖေဖေ့နောက်မှာ လက်ဆောင်ထုပ်' လို့ရေးထားပြီး ဖေဖေ့ဓာတ်ပုံအနောက်မှာ ဖွက်ပြီး ထားတာမျိုးပါ။ ငယ်စဉ်ဘဝရဲ့ အမှတ်တရတွေပေါ့လေ။

နှင်းတွေ အေးခဲနေတဲ့ နေရာကို အလည်သဘောလောက်တော့ သွားချင်ပေမယ့် ရွေးချယ်ခွင့်လေးသာ ရှိခဲ့မယ် ဆိုရင်တော့ အေးအေးချမ်းချမ်းလေးရှိတဲ့ နှင်းမပါတဲ့ Christmas ကိုပဲပိုမိုနှစ်သက်ပါတယ်။ ရှမ်းပြည်လို ရာသီဥတု မျိုးကို သဘောကျတယ်။

နှစ်စဉ် ခရစ်စမတ် ပိတ်ရက်တွေမှာ Christian မောင်နှမတွေရဲ့ အိမ်နဲ့ သူငယ်ချင်းတွေရဲ့အိမ်ကို သွားလေ့ရှိတာ မို့ နှစ်သစ်ကူးပြီးမှ ခရီးထွက်လေ့ရှိတယ်။ ခရီးဆိုလို့ အခုလာမည့် ဇန္နဝါရီလ (၂) ရက်နေ့ ၂၀၁၂ (တနလာင်္နေ့) မှာ ညီမလေးတို့ စုံတွဲ အဒေါ်ငယ် စုံတွဲ အဒေါ်အကြီး အဒေါ်အလတ်တို့နဲ့အတူ ပုဂံဘုရားဖူးသွားဘို့ စီစဉ်ထားပြီးပြီး)။

လက်ဆောင် ပေးဖြစ်တဲ့သူတွေကတော့ အဝေးရောက်သားငယ် အလုပ်တွေများနေတဲ့ သားကြီး တီတင့်အပေါ် အမြဲတန်း အကူအညီပေးနေတဲ့ တူမလေး လေးယောက်နဲ့  အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ အတူတူတက်ခဲ့တဲ့ သူငယ်ချင်းကို Christmas လက်ဆောင်လေးတွေ ပေးလေ့ ရှိတာကြောင့် ပုံစံအမျိုးမျိုးကို ကြိုတင်စီစဉ်ထားပြီးပြီ။ အိမ်ဦးသခင်ကတော့ တီတင့်ကို လက်ဆောင်ပေးလေ့ ရှိတယ်း)

Christmas တိုင်းကို ပုံမှန်ကျော်ဖြတ်ခဲ့ပေမယ့် ထူးထူးထွေထွေ သတိရစရာရယ်လို့တော့ မရှိခဲ့ပါဘူး။

ရင်ထဲကဆန္ဒပြောရရင်တော့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးနေ့တွေမှာ Home Sweet Home မှာမိသားစု စုံစုံလင်လင် ရှိစေချင်ခဲ့တယ် ဒါပေမယ့်လည်း ဆန္ဒနဲ့ဘဝဆိုတာ ထပ်တူမကျတတ်တဲ့ ကံတရားမို့ နားလည်းထားပါတယ်လေ။

မှတ်မှတ်ရရတော့ New Year Eve တွေမှာ အိမ်မှာပဲရှိပြီး နိုင်ငံတကာ နှစ်သစ်ကူးပွဲတော် ကျင်းပတာတွေကို တီဗွီကနေကြည့်သလို New Year wish လုပ်တဲ့ မောင်နှမတွေနဲ့ သူငယ်ချင်းများရဲ့ ဖုန်းတွေကို လက်ခံ စကားပြောလေ့ရှိတယ်။

ဒီကနေ့အထိ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်ရယ်လို့တော့ မရှိခဲ့ပါဘူး။

ဘာတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့အတွေးမျိုးကတော့ မထင်မှတ်တဲ့အချိန်တိုင်းလိုလို ပေါ်တတ် လုပ်တတ်တာမို့ New Year မှာတော့ အထူးတလည် အကောင်အထည်ဖော်တာမျိုး မရှိခဲ့ဘူး။

သက်တမ်းတစ်လျှောက်လုံးမှာတော့ ကုန်ဆုံးသွားတဲ့နှစ်ကို လွမ်းမောတသတာမျိုး အချိန် မကုန်စေချင်တာမျိုး မရှိခဲ့ပဲ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ကြိုတတ်တာမျိုးပဲရှိခဲ့ပါတယ်။

ငယ်စဉ်ကတော့ e-card လေးတွေနဲ့ မောင်နှမ သူငယ်ချင်းတွေကို နှုတ်ဆက်တာမျိုး ရှိခဲ့ပေမယ့် အသက်အရွယ် ရလာတဲ့အခါမှာ ဖုန်းနဲ့ပဲနှုတ်ဆက်လေ့ရှိပါတယ်။

Rose ရဲ့မေးခွန်းလေးတွေနဲ့တင် ပြီးပြည်စုံသွားတာမို့ ဖြည့်စွက်ရေးဘို့အကြောင်း ထူးထူးထွေထွေ မရှိတော့ပါဘူး။

တီတင့်ကို Tag ပို့စ်ရေးခွင့်ပေးတဲ့ ‘Rose’အပါအဝင် စာဖတ်သူများနဲ့ ဘလော့ဂါများအားလုံး-

Merry Christmas & Happy New Year !!!



လူသားအားလုံးစိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz