10.11.12

ပုလဲရတု တောင်းဆုလေးများ


စက်တင်ဘာလ ၂၈ရက်နေ့ည ၉နာရီခွဲမှာ ထုံးစံအတိုင်း သွားနေကျ ရွှေနန်းတော် အထူးယာဉ်နဲ့ ဦးလေး အဒေါ်တွေနဲ့အတူ မန္တလေးဘက်ကို ခရီးထွက်ခဲ့တယ်။ မန္တလေး ရောက်ပြီဆိုတာနဲ့ ခြေရာခြင်းထပ်နေတဲ့ ဘုရားတွေလည်း ဖူးဖြစ်သလို မန္တလေးရောက်တိုင်း အကြောင်းရှာပြီး သွားလေ့ရှိတဲ့ ပြင်ဦးလွင်လည်း ရောက်ခဲ့တယ်လေ။ ပြင်ဦးလွင်အသွား တောင်တက် ခရီးလမ်းလေးမှာ သတိထားမိလိုက်တာကတော့ အရင်ကလို အနီးစခန်းကျော်သွားတာနဲ့ လေအေးလေးတွေ ပါးပြင်ကို လာပြီးရိုက်ခတ်တဲ့ ခံစားမှုမျိုး မရှိတော့သလို ချမ်းစိမ့်တဲ့ ရာသီဥတုမျိုးလည်း ပျောက်ကွယ်နေတယ်။ ကျမနှစ်သက်တဲ့ အဲဒီလို ခံစားမှုလေးတွေ ရဘို့အတွက် ဆောင်းရာသီ အလယ်လောက် တစ်ခေါက်ထပ်သွားသင့်တယ်လို့ အတွေးဝင်ခဲ့တယ် :P တောင်လှေခါးမြို့လေးကို သွားတိုင်းလည်း နှီးဘုရားကအစပြုပြီး အစဉ်လိုက် ဘုရားတွေကို ဖူးရတာ စိတ်ကြည်နူးစရာ ကောင်းသလို ဈေးထဲဝင်ပြီး ဒေသထွက် သိုးမွေးထည်လေးတွေ လိုက်ကြည့် ဒေသထွက် မုန့်တွေဝယ်ရတာလည်း မမောနိုင်မပမ်းနိုင်။ ပြင်ဦးလွင် ရောက်ပြီဆိုရင်ဖြင့် စားနေကျ တို့ဟူးနွေး ဆိုင်လေးဆီကို ကျမတို့ တစ်ဖွဲ့လုံး ရောက်စမြဲ။ ကိုယ်နှစ်သက်ရာ ရှမ်းစာတွေကို အသီးသီး မှာစားကြသလို ကျမကတော့ အမြဲလိုလို မပြောင်းမလဲ မှာစားနေကျ တို့ဟူးနွေးပေါ့း) နေ့ဝက်လောက် အချိန်ပေးပြီး ၂နာရီမှာ တောင်အောက်ကို ပြန်ဆင်းခဲ့တယ်။ အဆင်းလမ်းမှာ အိမ်ဦးသခင်နဲ့ စလုံးက အငယ်ဆုံး ညီမလေးအတွက် ကြက်သွန်ဖြူ တစ်ယောက် ၅၀သားဆီ ဝယ်ဖြစ်တယ်။ ကြက်သွန်ဖြူကို သေးသေးလေးနဲ့ အနံ့မွှေးမွှေးလေး ကြိုက်ကြတယ်လေ။ ဒီတစ်ခေါက် မန္တလေးကို လာရခြင်း အကြောင်းရင်းကတော့ ညီမဝမ်းကွဲတစ်ယောက်ရဲ့ အိမ်တက်မင်္ဂလာ အလှူရယ် အိမ်ဦးသခင်နဲ့ ကျမတို့ရဲ့ နှစ် ၃၀-ပြည့် ပုလဲရတု မင်္ဂလာရယ် နောက်တစ်ခုက အိမ်ဦးသခင် လက်ရှိ တာဝန်ထမ်းနေတဲ့ အလုပ်မှာ ကထိန်ခင်းမှာရယ် အစရှိတဲ့ အလှူပွဲလေးတွေကြောင့် ရောက်ခဲ့ခြင်းပါ။ တိုက်တိုက်ဆိုင်ဆိုင် ညီမဝမ်းကွဲရဲ့ အိမ်တက်မင်္ဂလာ အလှူက ကထိန်ခင်းမဲ့ နိုဝင်ဘာလ ၃-ရက်နဲ့ ထပ်တူ ဖြစ်နေတာကြောင့် အဒေါ်တွေအဖွဲ့က မနက်ပိုင်းမှာ ညီမလေးအလှူမှာ ပါဝင်ခဲ့ကြပြီး ညီမလေးရဲ့ အလှူပြီးမှ နှစ် ၃၀-ပြည့် ကျမတို့ ဇနီးမောင်နှံရဲ့ ညစာ စားပွဲကို လာရောက်အားပေးကြပါတယ်။
ပြင်ဦးလွင်သို့


အနီးစခန်းရှိ မောင်ဝမ်းကွဲရဲ့အိမ်(အိမ်ရှင်မရှိလို့ အထဲမရောက်ခဲ့ :P)
နှီးဘုရားကိုအရင်ဆုံးဖူး
နှီးဘုရားကြီး
နှီးဘုရားပေါ်မှ မြင်ရတဲ့ ရှုခင်း

ဈေးဆိုင်တန်းများ

ပြင်ဦးလွင်ကိုရောက်
ပြင်ဦးလွင် အဝင်ရှိ ဇိနမာန်အောင် လွတ်လပ်ရေးအောင်စေတီ


ပြင်ဦးလွင်ဈေးအဝင်
တို့ဟူးကြော်
တို့ဟူးနွေး
မဟာအံ့ထူးကံသာ ဗုဒ္ဓရှင်တော်မြတ်
ဘုရား ရင်ပြင်


ရွှေပုလဲဆိုင်မှာ နေ့လည်စာ လဘက်ရည်နဲ့မုန့်စား

တောင်လှေခါးမြို့တော်မှ အပြန်ခရီး



ညီမဝမ်းကွဲအိမ်မှာ အဒေါ်တွေနဲ့အတူ အမှတ်တရ
အပြန်ခရီး
၎ရက်နေ့ မနက် ၉နာရီမှာ ရွှေနန်းတော် အထူးယာဉ်နဲ့ ကျမတို့တစ်တွေ ရန်ကုန်မြို့တော်ကြီးကို ပြန်လာ ခဲ့ပါတယ်။ ညနေ ၆နာရီ ရန်ကုန် အဝေးပြေးဂိတ်ဆုံးမှာ ကားတွေ ပိတ်ကြပ်နေတာကြောင့် ဆိုက်ရောက်လာတဲ့ အဝေးပြေးကားတွေ အားလုံးလိုလို ကားဝန်းအပြင်ဖက်မှာပဲ ရပ်တံ့ပြီး ခရီးသည်တွေ ဆင်းကြရပါတယ်။ အိမ်ကိုပြန်ရောက်တော့ ည ၇နာရီခွဲနေပါပြီ။ ပြန်ရောက်ပြီး နာရီဝက်လောက် ပစ္စည်းသိမ်းရင်း ခနအနားယူလိုက်ပါတယ်။ ၈နာရီလောက် ရေချိုး ထမင်းစားပြီး အချိန်စောသေးတာနဲ့ ကွန်ပျူတာလေးဖွင့် ဘလော့အိမ်လေးတွေကို လည်မယ်လို့ အားခဲပြီးကာမှ အလုပ်ကြွေးတွေကို သတိရပြီး ဘလော့အိမ်လည်ဘို့ စိတ်လျှော့လိုက်ပါတယ်။ အကယ်၍သာ ဘလော့ တစ်အိမ်လောက် အလည်သွားမိခဲ့ရင် အဲဒီညအဖို့ အိပ်ဖြစ်တော့မယ် မထင်ဘူး။ အသက်အရွယ်ကလည်း လူငယ်တွေနဲ့ ပြိုင်ပြီး ညဥ့်နက် သန်းခေါင် အပင်ပန်းမခံသင့်ဘူး မဟုတ်ပါလား။ တစ်ရက်တာပြီး နိုဝင်ဘာလ ၅ရက် မနက် ၈နာရီမှာတော့ နိုဝင်ဘာလ ၂ရက်နေ့က ကွယ်လွန်သွားလေသူ ကျေးဇူးရှင် ရန်ကုန်စက်မှု တက္ကသိုလ် ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဘာသာရပ် ပါမောက္ခ၊ ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ်ကြီး ဦးမောင်မောင်သန်း(အငြိမ်းစား)ရဲ့ နေအိမ်ကို စီနီယာအစ်မ တစ်ယောက်နဲ့ အတူ သွားရောက်ပြီး နာရေးမေးခဲ့ပါတယ်။

အိမ်ကိုပြန်ရောက်တာနဲ့ အွန်လိုင်းပေါ် ရောက်သွားပြီး ကျမနဲ့ အိမ်ဦးသခင်တို့ရဲ့ ပုလဲရတုအတွက် ဖေ့ဘုတ် ဘလော့တို့မှာ ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတို့ရဲ့ တောင်းဆုလေးတွေကို ကြည်နူးနှစ်သက်စွာနဲ့ ဖတ်ခဲ့တယ်။ ဖေ့ဘုတ်မှာ ကျေးဇူးတင်ကြောင်းကို အလျဉ်းသင့်သလို ရေးပြီး ဘလော့ဖက်ကို ဆက်ကူးခဲ့တယ်။ ဘလော့ထဲမှာ အံ့အားသင့်လောက်အောင် ဆောင်းပါး ကဗျာလေးတွေ ကလောင်  ထက်ထက်နဲ့ ရေးသားထားတာလေးတွေဟာ ကျမကို နွေးထွေးစေခဲ့တယ်။ ကြည်နူးမှုနဲ့အတူ ဝမ်းသာမိတာ အမှန်။ ရေးထားတဲ့ ပို့စ်တွေထဲမှာလည်း ဘလော့မိတ်ဆွေတို့ရဲ့ ဆုတောင်း ကွန်မန့်လေးတွေကို ဖတ်ခွင့် ရပြန်တယ်။ ကျေးဇူးတင်ကြောင်း ပို့စ်တစ်ခုလောက် ရေးမယ်လို့ အတွေး ဝင်လာချိန်မှာပဲ အမေပြန်လာမဲ့ရက်ကို အသင့်စောင့်နေတဲ့ သားငယ်က အွန်လိုင်းပေါ် ရောက်လာပြီး သူ့မဂ္ဂဇင်းနဲ့ ပတ်သက်တဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတို့က အစ မေးခွန်းပေါင်းများစွာ မေးပြီး ရှေ့ဆက် လုပ်သင့်တာလေးတွေ ပြောပြတာကို လိုက်မှတ်ရင်း သုံးသပ် ဆုံးဖြတ်ချက်တွေနဲ့ တစ်နေကုန် ဖြစ်သွားပါတယ်။ တစ်ရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက် ရက်တွေပြောင်းသွားတာနဲ့ အညီ ခေါင်းစဉ်မတူတဲ့ အကြောင်းအရာတွေကို သားနှစ်ယောက်အတွက် ကူညီ လုပ်ပေးရင်း နောက် တစ်ကြိမ် ဘလော့အိမ်လေးတွေကို လစ်လျူ ရှုခဲ့ရပြန်တယ်။ ဒီကြားထဲ ၅မိနစ်ရရ ၁၀မိနစ်ရရ ဖေ့ဘုတ်ကိုတော့ ရအောင် ဝင်ပြီး လိုက်ခ်လေးတွေ လုပ်ဖြစ်အောင် လုပ်လိုက်သေးတယ်း)


အဓိက ကျမဒီပို့စ်ကို ရေးရတဲ့ အကြောင်းရင်းလေးက နိုဝင်ဘာလ ၂-ရက်နေ့ ကျမနဲ့ အိမ်ဦးသခင် တို့ရဲ့ နှစ်-၃၀ ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့မလျော့ အချိန်ကုန်ခံပြီး ရင်းနှီးချစ်ခင်စွာနဲ့ အမှတ်တရ ရေးပေးတဲ့ ကဗျာ ဆောင်းပါးလေးတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ရှိတဲ့ အကြောင်း ပြောချင်တာပါ။ စာဖတ်သူ မိတ်ဆွေတို့ မဖတ်ရသေးရင်လည်း ဖတ်ခွင့်ရအောင် ကျမ လင့်ခ်လေးတွေကို ပြန်လည် မျှဝေလိုက်ပါတယ် တကယ်လို့များ ကျမမမြင်လိုက်မိလို့ ကျန်နေတဲ့ ပို့စ်များ ရှိခဲ့လည်းရင် ကွန်မန့် ချန်ပေးပါနော် (အန်တီတင့်က အလွဲလေးတွေ မကြာခန ဖြစ်တတ်တာ ရင်းနှီးတဲ့ ဘလော့ဂါတွေ သိပါတယ် :P) အမှတ်တရ ရေးပေးခဲ့တဲ့ ပို့စ်လေးတွေကို မှတ်တမ်းအဖြစ် သိမ်းဆည်း ထားမှာပါ။  နောက်ပြီး ဘလော့ဂါတွေ တစ်ဦးအပေါ်တစ်ဦး ထားတဲ့ သံယောဇဉ်နဲ့ မေတ္တာတွေရဲ့ နက်ရှိုင်းမှုကို အလုပ်တွေ ရှုပ်နေတဲ့ကြားက ကျမရဲ့ ဘလော့ကို ဝင်ဖတ်လေ့ ရှိတဲ့ အိမ်ဦးသခင်ကို သိစေချင်တာလည်း ပါတာပေါ့လေ။ အခုလို ကြုံတောင့်ကြုံခဲ အခါ သမလေးမှာ ကြွားချင်တာလေး တစ်ခု ကျန်သေးတယ်။ ကျမတို့ နှစ်ယောက် တက္ကသိုလ်ကျောင်းသူ ကျောင်းသား ဘဝတုန်းက အိမ်ဦးသခင်က ကျမရဲ့မွေးနေ့မှာ ပေးခဲ့တဲ့ လက်ဆောင်လေး အခုထိတိုင် တန်ဘိုးထားပြီး သိမ်းထားလျှက်ပါ။ တောင်းဆု ပို့စ်လေးတွေကိုလည်း သိမ်းဆည်းထားမှာပါး)



ပုလဲရတု တောင်းဆုလေးတွေကို ပို့စ်တစ်ပုဒ်အဖြစ် ဖန်တီးပေးတဲ့







တို့ကို ကျေးဇူးအထူးတင်ကြောင်းပြောပါရစေနော်။


‘လွင်ပြင်လှိုင်းငယ်’ရဲ့ ဒုတိယမ္ပိ ဆုတောင်းလေးက ဒီလို-
အိမ် ထောင်တခု အလှတွေစုအောင်
ဦး ဆောင်နေမယ့်
ခင်ဆိုတာ
ခင် ယုံပေးပါ
+ ဘက်တဲ့ နှစ်ပေါင်းများစွာ
တီ တီတာတာ သားလိမ္မာများနှင့်
တင့် တင့်တယ်တယ် လောကအလယ်မှာ
နှစ် ရက်မှစ စက္ကန့်တိုင်းလဲ
၃၀ နှစ်မှ နှစ်ပေါင်းများစွာ
ပြည့် စုံတဲ့ အကြင်နာမေတ္တာ နားလည်မှု့ သံယောဇဉ်တွေကို
ပု လဲရတနာလို လည်မှာဆွဲလို့
လဲ လှောင်းနားခိုအေးရိပ်စစ်မှာ
တုများစွာ အတူချီရင်း
တု နှိုင်းမရတဲ့ မိဘမေတ္တာ သားတို့ပေးရင်း တွဲလက်မဖြုတ် ဘ၀ခရီးဆက်ကြပါဆို့ ။

ဖေ့ဘုတ်နဲ့ ဘလော့များမှာ ပုလဲရတု တောင်းဆုပြုသူများကို ကျေးဇူးတင်ပါတယ်နော်။

သွားခဲ့တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အချိန်ရတဲ့အခါ ပို့စ်တစ်ပုဒ် အဖြစ် တင်ပေးမယ်လို့ ပြောခဲ့ပါရစေး)


စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz