x

26.3.13

ခုတလော (တဂ်ပို့စ်) နဲ့အတူ မကွေးခရီးစဉ်


မနော် (မနော်ဟရီ) ရဲ့ တဂ်စာလေးကို မသက်က လက်ဆင့်ကမ်းတာ မြင်ကထဲက ရေးချင်နေတာပါ။ ခရီးကလည်း ထွက်စရာရှိ ရေးရင်းတန်းလန်း ပို့စ်တစ်ပုဒ်ကလည်း မပြီးပြတ်သေးတာနဲ့ ပစ်ပစ် မိုးငွေ့ မောင်မျိုး နွေလတို့ရဲ့ တဂ်ပို့စ်လေးတွေကို ဆက်ဖတ်ရင်းကနေ ရေးချင်တဲ့စိတ်ကို ဘရိတ်အုပ်ခဲ့ရတယ်း) ဘလော့ဂါတို့ ရေးလိုက်တဲ့ တဂ်ပို့စ်လေးတွေဟာ ရင်တွင်းဖြစ်တည်မှုလေးတွေကို တစ်စိတ်တစ်ဒေသ ဖွင့်လှစ်ပေးလိုက်တာမို့ ရေးသူအတွက် စိတ်ပေါ့ပါးသွားသလို ဖတ်သူတို့အတွက်လည်း ကြည်နူးစရာလေးတွေလို့ မြင်မိပါတယ်။ တဂ်ပို့စ်လေး ရေးရင်းအတွေးလေး တစ်ခုက  ကျမရောက်ခဲ့တဲ့  နေရာလေးတွေကို စာဖတ်သူတို့အတွက် မျှဝေလိုတာကြောင့် တစ်ပေါင်းတည်း ရေးပေး
လိုက်တယ်နော် နောက်တစ်ပတ်လောက်  နောက်တစ်ခေါက် ခရီးထွက်ဘို့က ရှိနေသေးတာမို့ အကြုံလေး တင်လိုက်တယ် ဆိုရင်လည်း မမှားဘူးပေါ့လေ။

တွေးနေမိတာက….လူမှုရေးတွေနဲ့ အချိန်ကုန်နေတာ တရားရိပ်သာ မ၀င်ဖြစ်တာကြာပါ ပကောလား။
ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက…..သင်္ကြန်တွင်းတော့ အချိန်ရသလောက် အကျိုးရှိမှဖြစ်မယ်။
ကျန်းမာရေး……… အပူ အအေးရှောင်ရင်း သတိထားပေမယ့် တစ်ချက်တစ်ချက် ဖောက်ချင်တယ်။
ဖတ်ဖြစ်တဲ့စာအုပ်တွေက…  ခရီးကအပြန် မကွေးမြသလွန် စာအုပ်ဖတ်နေမိတယ် ပို့စ်လေးတင်မလားလို့။
ရောက်ဖြစ်နေတာက….. မန္တလေးဘက်ကနေ အညာဘက်ကိုရောက်ခဲ့တယ်။
နားထောင်ဖြစ်နေတာက ….. လတ်တလော တရားသံတွေကြားမှာ ကြေးစည်သံတွေ ပဲ့တင်နေသံ။
ရွတ်နေဖြစ်တဲ့ကဗျာက….. ခင်ပွန်းရဲ့ မိဘနှစ်ပါးအုတ်ဂူကို ပြန်မြင်ယောင်ရင်း 'မနေရလို့ သေကြတဲ့အခါ ကိုယ့်နောက်ကိုမှ ဘာမှမပါ ပစ္စည်းအစု တစ်ခုမပါ ကိုယ်ပြုထား ကံများပါမည်သာ' သံဝေဂကဗျာလေး။
ဖြစ်ချင်နေတာက… သားနှစ်ယောက်ရဲ့ လုပ်ငန်းတွေ အမြန်ဆုံး လက်လွှဲပေးချင်တယ်။
စားဖြစ်နေတတ်တာက…. ၀ါစိမ်းနီပြာ ဓာတ်စာ
သနားနေမိတာက ….  ဒေါသ လောဘ မောဟ တရားတွေကို ထိန်းတဲ့ကြားက တစ်ချက်တစ်ချက် လွတ်သွားတဲ့ မိမိကိုယ်ကို။
လွမ်းနေမိတာက ……ပုထုတ်ဇဉ်မို့ ၀င်လာတဲ့ အလွမ်းစိတ်ကို တရားနဲ့ဖြေလေ့ရှိတယ်။
မေ့လျော့ပစ်နေရတာက ….ဖေ့ဘုတ်ထဲဝင်မိလို့ မထင်မှတ်ပဲ မြင်လိုက်ရတဲ့ အနိဌာန်ရုံမြင်ကွင်းတွေ။
ခါးသက်နေမိတာက …. ..သတိမကပ်ပဲ အရင်ထက် ပိုမေ့တတ်လာတာက ခါးသက်မိစေတယ်။
တမ်းတနေမိတာက ……. တစ်ချိန်ချိန်မှာ မိသားစုစုံနဲ့ ဗုဒ္ဓဂယာ ခရီးစဉ်ကို သွားဖြစ်ချင်တယ်။
ကြိတ်ပြီးချီးကျူးနေမိတာက ….. .. ပရဟိတ လုပ်ငန်းတွေမှာ ပျော်မွေ့နေတဲ့ လူငယ်များ။
ကြိတ်ပြီးအထင်သေးနေမိတာက ….အထင်သေးခြင်း အချင်းချင်းကင်းရှင်းကြပါစေ ဆိုတဲ့ ဆောင်ပုဒ်ကို အမြဲလက်ကိုင်ထားနေပါတယ်။
ဆန္ဒမရှိတဲ့နေရာ …..ပူလောင်အိုက်စပ်တဲ့ နေရာဒေသတွေ ဆိုတဲ့တိုင် သွားသင့်ရင် သွားရပါတယ်။
ဆန္ဒရှိနေတဲ့ကိစ္စ …….. အလှူလေးတစ်ခု ။
မုန်းတီးနေမိတာက ….မရှိဘူးလို့ ထင်မိတယ်။
ချစ်နေတာက … ဖြတ်တောက်ဘို့ခက်တဲ့ မိသားစု ညီအစ်ကိုမောင်နှ ဆွေမျိုးသားချင်း မိတ်သင်္ဂဟ
စိတ်ပျက်နေမိတာက .... အာရုံတွေစုစည်းမှုကို စိတ်တိုင်းကျမရသေးတာမို့။
စွဲလန်းနေမိတာက ….ဒေါသနဲ့သေ ငရဲပြေ လောဘနဲ့သေ ပြိတ္တာပြေ မောဟနဲ့သေ တိရိစ္ဆာန်ပြေ
လိုအပ်နေတာက …. ဒါန သီလ သမထ ၀ိပဿနာ
ရောက်နေတဲ့နေရာက…..သမုဒယသံယောဇဉ်တွေ လွှမ်းခြုံနေတဲ့ ဒုက္ခဘုံ။
နက်နက်နဲနဲပြန်စဉ်းစားနေမိတာက ….. ဖြစ်ပျက်ကို မှန်မှန်တရားသွင်းတတ်ဘို့။

'ခုတစ်လော' တဂ်ပို့စ်လေးကို စကားလုံးလှလှပပလေးတွေနဲ့ ဝေေ၀ဆာဆာလေး မရေးတတ်တာရယ် လက်ရှိ အသက်အပိုင်း အခြားအရ အဆင်ပြေသလို ရေးပေးလိုက်ပြီနော်… တဂ်ပို့စ်ရေးခွင့် ဖန်တီးပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါရစေ။ အော်…. ပြောဘို့ ကျန်သေးတယ် လာဖတ်တဲ့ ဘလော့ဂါများကို ဆက်တဂ်သွားတယ်နော် :P
မကွေးဘက်ကို ရောက်ခဲ့တုန်းက ၀င်ဖူးဖြစ်တဲ့ မကွေးမြသလွန် စေတီတော်မြတ်ကြီး စာဖတ်သူတို့ ကြည်ညို နိုင်စေဘို့အတွက် ဓာတ်ပုံလေးတွေ တင်ပေးလိုက်တယ်နော်-

 ဒီတစ်ခါ မကွေးဘက်ကို ခရီးဆန့်တာ 'ခိုင်မန္တလေး' ဘတ်စ်နဲ့သွားခဲ့တယ်

 တိုး ဂိတ်
 ကားပေါ်မှာ
 ဖြူးမှာ တစ်ထောက်နား လူတွေအလျှံပယ်
 ခရီးသွားသူများလွန်းလို့ ဆိုင်တွေချဲ့ထားတာတွေ့ရ
 ဖီးလ်ဆိုင်ကစီးပွားရေးအတော်ကောင်းပုံရ
 မိုးပေါ်မော့ကြည့်ပြီး လလေးမြင်တော့ရိုက်ဖြစ်တယ်
 ငါးဖယ် ဘဲဥနဲ့ မုန့်ဟင်းခါးစားဖြစ်တယ် အိမ်ချက်ကို ပိုနှစ်ခြိုက်
 မကွေးမြသလွန်ဖူးဘို့ သူငယ်ချင်းကလိုက်ပို့


 ဘုရားရင်ပြင်အတက် အ၀က ဘီလူးရုပ်
 မကွေးမြသလွန်စေတီတော်မြတ်ကြီး

 တိုးချဲ့ဆောင်
 စိတ်ကြည်နူးစရာ ရှုခင်း

အကြော်ဆိုင်လေးတွေ 
 အောင်မြေ














 ဘုရားဖူးပြီး အပြန်
 တောင်တွင်းကြီးဘက်သို့
 လမ်းတစ်လျှောက် ရှုခင်းလေးတွေ

အညာဒေသများမှာသာ ရုပ်လုံးပေါ်တဲ့ ထနောင်းပင်
 ခင်ပွန်းနဲ့ တာဝလမ်းဆုံမှာ ဆုံကြတယ်
ထန်းတောများဖြတ်ပြီး ရွာဘက်ကို ခရီးဆက်
လွမ်းမောဖွယ်ရာ မြေနီလမ်းလေး
 ယင်းချောင်းတစ်ဖက်ကမ်း

 ယင်းချောင်းအစပ်
ဗိဿနိုးဘုရင်မ တိမ်းရှောင်ခဲ့တဲ့ နတ်ကြီး ကမ်းပါးရံ
 ခင်ပွန်းရဲ့ ကျေးဇူးရှင်မိဘနှစ်ပါး သေအတူရှင်မကွာ
 မျက်စိတစ်ဆုံး တမုန်းကွက် အမှတ်တရ
 ယောင်းမအငယ်ရဲ့ လယ်ထဲကတူးဖော်ရတဲ့ သစ်သားကျောက်
 ရွာကဘုန်းကြီးကျောင်း
ခိုင်ခန့်တဲ့ နွယ်များ
 မင်းကွန်းဆရာတော်ဘုရားကြီးပုံတော်များ
 ရဟန်းပျိုစာသင်သားဘ၀ အသက် ၂၄နှစ်
  တန်ဘိုးရှိလှတဲ့ ပိဋကတ် ၃-ပုံ ရွှေပုရပိုဒ်များ
 ကျမ်းစာအုပ်များ သိမ်းဆည်းရာ ရှေးဟောင်းလက်ရာ
စည်
 ရှေးလက်ရာ ကွမ်းအစ်
 သက်တော် ၉၇-နှစ်ရှိ အရှေ့ကျောင်းဆရာတော်ဘုရား


 ခင်ပွန်းနဲ့အတူ ဘုရားတည် မှတ်တိုင်စိုက်ခဲ့

 အချိန်တန်တော့ လမ်းခွဲပြီး ကိုယ်စီအိမ်ပြန်ခဲ့ကြ

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz