x

23.4.13

ကြုံဆုံခဲ့ရ ၂-နှစ်တာ



ဒီကနေ့ ၂၃.၄.၂၀၁၃ ရက်နေ့ဟာ ကျမရဲ့ ဘလော့ဂါသက်တမ်း ၂-နှစ်ပြည့်တဲ့နေ့ တစ်နေ့ ဖြစ်သလို ပို့စ်အပုဒ် ၂၀၀ ပြည့်တဲ့နေ့ဆိုလည်း မမှားပါဘူး။ ဘလော့ရေးခဲ့တဲ့သူမို့ ဘလော့ဂါလို့ပဲ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုခြင်းပါ။ တကယ်တော့ ကျမ စာဖတ်သူတို့ စိတ်ဝင်စားအောင် မရေးတတ်သလို နူးညံ့ သိမ်မွေ့တဲ့ စကားလုံးလေးတွေနဲ့ ဖွဲ့နွဲ့ပြီးလည်း မရေးတတ်ခဲ့ဘူး ပါရမီအခံ နည်းတယ်လို့ ဆိုရလေမလား။ ကျမသိတဲ့ ဘလော့ဂါ အတော်များများ စာရေးကောင်းကြသလို ဖတ်မိတိုင်းလည်း အရှိန်မသပ်နိုင်အောင် ဖတ်လို့ကောင်းတဲ့ ပို့စ်တွေ အတော်များများကို ဖတ်ခွင့်ရခဲ့ပါတယ်။ သက်တမ်း ၂-နှစ်အတွင်းမှာ ပီပီပြင်ပြင် ဖွင့်ဆိုလို့ရတာကတော့ ကျမမှာ ဘလော့ဂါမိတ်ဆွေ ဖေ့ဘုတ်မိတ်ဆွေတွေ အများကြီးရခဲ့သလို ကျမကို ချစ်ခင်တဲ့ မိတ်ဆွေများအားလုံးကို ကျမလည်း ချစ်ခင်ခဲ့ပါတယ်။ ဘာသာရေးဆိုင်ရာ နည်းပညာဆိုင်ရာ ဗဟုသုတ ရသ ကအစ နည်းမျိုးစုံလင်နဲ့ စီမံ ချက်ပြုတ် ထုတ်လုပ်မှု အမျိုးမျိုးအဆုံး လေ့လာ မှတ်သားခွင့်တွေ အကျိုးရှိစွာ ရခဲ့ပြန်တယ်။ ကျမရဲ့ တစ်ခုတည်းသော မပြောင်းလဲတဲ့ အရာကတော့ ကျမအတွက် အခွင့်အရေး ပေးနေသမျှ ကာလပတ်လုံး လက်ရှိ မလှမပ ဘလော့စာမျက်နှာလေးကို ဆက်လက် အသက်သွင်းရင်း မပျောက်မပျက်အောင် ထိန်းသိမ်းသွားပါ့မယ် ဆိုတဲ့ ခံယူချက်လေးတစ်ခုပါ။ တကယ်တော့ ကျမရဲ့ ဘလော့ဂါသက်တမ်း ၂-နှစ်ပြည့်ပြီဆိုတဲ့ အကြောင်းလေးကို သိစေချင်တာ သက်သက်မို့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့။
အော်…. ပြောဘို့တစ်ခုကျန်သွားတယ် အမှတ်တရ အားဆေးတစ်ဇွန်းတော့ တိုက်သွားကြအုံးနော် :P

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz