x

26.9.14

ဘ၀တိုတို ထိုထိုလူသား BPP-Challenge


(လရိပ်အိမ်က ပြန်လည်တကျော့ စိန်ခေါ်တော့လဲ သန်းခေါင်ယံ တစ်ရေးနိုးမှာ ကောင်းနိုးရာရာ ဟိုတွေးသည်တွေး ဘလော့ရွာကြီး စည်ပင်ဘို့အရေး နောက်ဆုံးတော့ ရင်မှာလာညိ ဘ၀အသိ ရေးသားမိပေါ့)
ပုံမှန်စီးဆင်းနေတဲ့ အချိန်များ တိုက်စားလာခြင်းဟာ လူသားတို့အတွက် အရွယ်သုံးပါးကို ကျော်ဖြတ်ရင်း ဘ၀နိဂုံး အဆုံးသတ် နေ၀င်ချိန်ရောက်သည့်တိုင်ပင်။ တိုတောင်းတဲ့ လူ့ဘ၀ရဲ့ ဆုံဆည်းခွင့်ရချိန်လေးမှာ တစ်ဦးအပေါ်တစ်ဦး တန်ဘိုးထားကြဘို့ မေ့လျော့နေတတ်ကြတာ ကျမတို့လူသားတွေပါ။
တစ်ဘ၀ရဲ့ ၀မ်းတစ်ထွာအတွက် ပင်ပန်း ဆင်းရဲ ဒုက္ခမျိုးစုံ ကြုံဆုံရခြင်းဟာ သဘာဝတရားဆိုပေမယ့် ကံစီမံရာအတိုင်း ဖြစ်သင့်တဲ့အပေါ် ဦးတည်သွားနေခြင်းသာ။ အတိတ်က ကိုယ်ပြုခဲ့သမျှ ကုသိုလ်ကံ အကုသိုလ်ကံ အပေါ်မှာ ချွင်းချက်မရှိ ကြမ္မာရဟတ် တစ်ပတ်လည်ပြီး မိမိထံကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာခြင်းပါ။
လူမှုရေး စီးပွားရေး ဘာသာရေးနဲ့ ပတ်သက်သမျှ မိမိအနေနဲ့ အမြောက်အမြား ပေးဆပ်ငြားလည်း တုံ့ပြန်ရမှု အလွန်နည်းနေက ရသလောက်ကို တန်ဘိုးထားသင့်ပါတယ်။ တန်ဘိုးထားရကောင်း မသိခဲ့ရင် ရသမျှဟာ တန်ဘိုးမဲ့သွားတတ်ပါတယ်။ ဆန္ဒနဲ့လက်တွေ့ဘ၀ ဘယ်သောအခါမျှ တစ်ထပ်တည်းမကျတတ်ပါ။
မိသားစုအချင်းချင်းဖြစ်စေ မိတ်ဆွေအချင်းချင်းဖြစ်စေ တစ်ယောက်နဲ့ တစ်ယောက် ခွဲခွာခါနီးတိုင်း နှုတ်ဆက်ခြင်းဟာ ခွဲခွာခြင်းအတွက် စရံသပ်ခြင်းမို့ အပြုံးနဲ့ နှုတ်ဆက်ပါ။ တစ်သက်တာအတွက် မဆုံဆည်းနိုင်တော့တဲ့ ခွဲခွာခြင်းမျိုးမှာ ဘယ်သောအခါမှ နှုတ်ဆက်ဘို့ အခွင့်အရေးမရနိုင်ပါ။
(ခရီးသွားမှာမို့ အားလုံးကို အပြုံးနဲ့ နှုတ်ဆက်ခဲ့တယ်နော် :) BPP-Challenge ကို နှစ်ပတ် မကျော်ခင် ရေးခဲ့တယ် လရိပ်ရေ ကျေနပ်တော့နော်)


♥♥♥ အောက်ပါဘလော့ဂါများအား BPP-Challengeလုပ်ပါသည်။ ၂-ပတ်ကြီးများတောင် အချိန်ရပါတယ်။ အလုပ်များနေလဲ ရေးဖြစ်အောင်ရေးကြပါနော် ဘလော့ရွာလေး စည်ကားလာဘို့ ရည်ရွယ်တာမို့ ကြိုးစားရေးပေးကြပါလို့။

၁။ မောင်ရန်အောင်
၂။ မောင်လင်းဦး(စိတ်ပညာ)
၃။ သားဇော် (ကိုဇော်)
၎။ မောင်မျိုး
၅။ ဆရာဟန် (ဦးဟန်ကြည်)
၆။ ရာဇာထွေး
၇။ မချစ် (ချစ်ကြည်အေး)
၈။ မနော် (မနော်ဟရီ)
၉။ မမေ (မေဓာဝီ)
၁၀။ တတိယမြောက်သမီးတော်

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မှတ်ချက် 6 ခုရှိပါတယ်

September 30, mabaydar ၏မှတ်ချက်
မှတ်ချက်က စာအုပ်ပုံဖြစ်နေတော့ မနည်းရှာလိုက်ရတယ်... ဟီး...
ဟုတ်တယ်... ကိုယ့်အနားကလူတွေကို take it for granted မလုပ်ပဲ တန်ဖိုးထားဖို့ မေ့မေ့နေတတ်တယ်... ခုတော့ ဒီပိုစ့်နဲ့ ပြန် remind လုပ်သလိုဖြစ်သွားပြီ...
ခရီးသွားမယ်ဆိုတော့ ဘယ်သွားမှာလဲဟင်... ခရီးဆို စိတ်ဝင်စားတယ်...

September 27, မေဓာဝီ ၏မှတ်ချက်
တီတင့်
ဖြည်းဖြည်း ရေးမယ်နော် ...
ခရီးလမ်းပန်း အေးချမ်း ပါစေ ...

ချစ်တဲ့
မေ

September 26, Anonymous ၏မှတ်ချက်
ကျေးဇူးတီတင့်။
ခရီးအရမ်းထွက်ရတယ်နော် တီတင့် ၊ လမ်းခရီးမှာ အစစအရာရာ အဆင်ပြေပါစေ။

လေးစားစွာဖြင့်
လရိပ်အိမ်

September 26, 3rdthameetaw ၏မှတ်ချက်
စိန်ခေါ်သံကို
ဘယ်လိုပြန်အော်ရမလဲ
မတိဘူး
ပြန်တော့အော်ရမှာပဲ

September 26, မဒမ်ကိုး ၏မှတ်ချက်
သွားနိုင်လွန်းသူကြီး တီ

လမ်းခရီးဖြောင့်ဖြူးပါစေ

မဒိုး

September 26, သူကြီးမင်း (တုံးဖလား) ၏မှတ်ချက်
တီတင့် ခရီးတွေ ထွက်လှချည်လား။
သွားစရာ နေရာတွေများ ကျန်သေးရဲ့လား မသိ။း)

ခရီးစဉ်အားလုံးဖြောင့်ဖြူးသာယာပါစေ တီတင့်။

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz