x

16.10.14

တစ်ဘ၀ရဲ့ လှေခါးထစ်များ


အောက်ခြေကစလို့ အထက်သို့ ဘယ်အထိမြင့်အောင် ဆက်တက်နေရအုံးမှာလဲ။ ‘လူ’ရယ်လို့ စာရင်းဝင်နေမှတော့ နေ၀င်ချိန် မရောက်မခြင်း ကိုယ်စွမ်း ဥာဏ်စွမ်း စွမ်းအားရှိသလောက် ဇွဲ ၀ိရိယတို့ကို အုတ်မြစ်ချရင်း တစ်ထစ်ခြင်း ကြိုးစားပမ်းစား တက်နေရမှာ ဘ၀ပေးတာဝန်တစ်ခုပါ။ တစ်ခါတစ်ရံ လှေခါးထစ်ရဲ့ အချိုးအကွေ့လေးတွေမှာ အထက်ကို ဆက်လှမ်းဘို့ရာ အားအင်တွေ ကုန်ခန်းသွားတတ်သလို တစ်ခါတစ်ရံ ခြေပစ်လက်ပစ် အရာခပ်သိမ်း လစ်လျူရှု ပစ်ပယ်လိုစိတ်များ ဖြစ်ပေါ်လာတတ်ပြန်တယ်။ လူသားတိုင်း မလွဲမသွေ ကြုံတွေ့ရမယ့် မိမိကို တုံ့ဆိုင်းစေမယ့် အခက်အခဲတွေ။ လောကမှာ ဖြေရှင်းလို့မရတဲ့ အခက်အခဲဆိုတာ မရှိဘူးလို့ ခံယူထားသူတို့အတွက် အချိန်ကာလတစ်ခုကို ကျော်လွန်သွားပြီးရင် ကြုံဆုံတွေ့မြင်ခဲ့ရတဲ့ အခက်အခဲ အစိုင်အခဲတွေ တစ်ချိန်မှာ ပျော်ဝင်စီးဆင်းသွားစမြဲ။ ကျမတို့ရဲ့ ကုန်ဆုံးခဲ့တဲ့ ကာလကို လည်ပြန်တစ်ချက် လှည့်ကြည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား အတိတ်ပုံရိပ်များ ရှိနေလျှက်ပါ။ အရာခပ်သိမ်း ပြီးပြည့်စုံတဲ့ လောကလူသားရယ်လို့ မရှိသလို လူတိုင်းမှာ ကိုယ်စီခက်အခဲနဲ့ပါ။ အတိတ်ကံအကျိုးပေးပေါ် မူတည်ပြီး အနည်းနဲ့အများသာ ကွာခြားခြင်းလို့ ကျမထင်မြင်ယူဆမိတယ်။ ဆုတောင်းပြည့်တယ် မပြည့်ဘူးဆိုတာလဲ ကိုယ်ပြုခဲ့သမျှ အကြောင်းရဲ့ အကျိုးဆက်ကို ခံစားရခြင်းသာ။ လက်ရှိဘ၀ရဲ့ ဆိုးမွေ ကောင်းမွေတို့အပေါ် သုံးသပ်ပြီးသင်္ခန်းစာယူကာ နောင်မဖြစ်မနေ ကြုံတွေ့လာရအုံးမည့် အချိန်ကာလအတွက် ကျမတို့တစ်တွေ ကြိုတင်ထုပ်ပိုး ပြင်ဆင်သင့်ပါတယ်။
ရှောင်လွှဲလို့မရတဲ့ အခက်အခဲကိုယ်စီနဲ့ ကျမတို့လူသားတွေ တစ်ဘ၀စာအတွက် မိမိချစ်နှစ်သက်သူနဲ့ ပေါင်းသင်းတော့မယ်ဆိုရင် သာမာန်ထက် ပိုမိုထုထည်ကြီးမားတဲ့ အခက်အခဲများ ကြုံတွေ့လာကြရအုံးမှာ ဓမ္မတာ။ အခက်အခဲထုထည် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကြုံတွေ့လာရသမျှကို နှစ်ယောက်အားနဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် တက်ညီလက်ညီ ရင်ဆိုင် ဖြေရှင်းသင့်ပါတယ်။ အပြင်ဘန်းမဟုတ်ပဲ အတွင်းစိတ် စွယ်တော်ရွက်သဏ္ဍာန် နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အကြောင်းကား ရင်တွင်းခံစားချက်ကို သိုသိပ်ထားတတ်တာ လူတို့ရဲ့ သဘာဝမို့ပါ။ ကျမရဲ့ ထင်မြင် ယူဆချက်က နှစ်ကိုယ့်တစ်စိတ် ဖြစ်ဘို့ဆိုရင် တစ်ဦးအပေါ်တစ်ဦး-

၁။ ယုံကြည်မှုရှိခြင်း၊
၂။ ချစ်ခင်ကြင်နာမှုရှိခြင်း၊
၃။ လေးစားမှုရှိခြင်းနဲ့
၎။ နားလည်မှုရှိခြင်းတို့ဖြစ်ပါတယ်။

သံသယဆိုတာ ခိုင်မြဲအောင်အုတ်မြစ်ချ တည်ဆောက်ထားတဲ့ အခိုင်အမာ အိမ်တစ်ဆောင်ကို နာရီပိုင်း မိနစ်ပိုင်းအတွင်း တစ်စစီပြိုကွဲသွားအောင် ဖန်တီးနိုင်စွမ်းရှိပါတယ်။
ချစ်ခင်ကြင်နာမှု အားနည်းသူတို့အဘို့ တစ်ဦးအပေါ်တစ်ဦး သည်းခံစိတ် အားနည်းတတ်သလို ခွင့်လွှတ်ရန် ခက်ခဲတဲ့အတွက် အပြစ်မြင်လွယ်ပါတယ်။
တစ်ဦးအပေါ် တစ်ဦးလေးစားမှု အားနည်းသူတို့အဘို့ ကိုယ်နေထိုင်ရှင်သန်ရာ ပတ်ဝန်းကျင်ရဲ့ လေးစားမှု ခံယူနိုင်မှာ မဟုတ်ပါ။
အချင်းချင်းနားလည်မှု မပေးနိုင်ခဲ့ရင် လူမှုရေး ဘာသာသာသနာရေး စီးပွားရေးဆိုင်တဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းကိစ္စ အများစုမှာ စိတ်တူကိုယ်တူ လုပ်ကိုင်နိုင်ဘို့ ခက်ခဲပြီး သာယာချမ်းမြေ့ကာ အောင်မြင်မှုရတဲ့ အိမ်ထောင်တစ်ခု  တည်ဆောက်နိုင်ဘို့လည်း ခဲယဉ်းမှာဖြစ်ပါတယ်။
မကြာခင်ရောက်လာတော့မယ့် နိုဝင်ဘာလ (၂)ရက်နေ့ဆိုရင် ကျမဖြတ်သန်းခဲ့တဲ့ လှေခါးထစ်ပေါင်း ၃၂ ထစ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီးဖြစ်သလို ကျမရဲ့သားကြီးနဲ့ ချွေးမလေးတို့ရဲ့ ပထမဆုံးသော လှေခါးထစ် တစ်ထစ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ နေ့ထူးနေ့မြတ်လေးဆိုလဲ မမှားပါဘူး။ လောကလူသားတိုင်း ကိုယ်ပိုင်ခံယူချက်ကိုယ်စီကို ခိုင်မာစွာ လက်ကိုင်ထားပြီး ဘ၀ရဲ့အချိုးအဆစ်များတဲ့ လှေခါးထစ်ပေါင်း များစွာကို အောင်မြင်စွာ ဖြတ်သန်းရင်း တက်လှမ်းနိုင်ကြပါစေ။ 
ဘ၀ လှေခါးထစ် ၅-ထစ်ကျော်ချိန်

ဘ၀ လှေခါးထစ် ၆-ထစ်ကျော်ချိန်

 တစ်မူးရှိလို့ တစ်ပြားလှူ
 တစ်ပတ်တစ်ကြိမ် ပြည်သူ့ရင်ပြင်သွားဖြစ်
လှေခါးထစ် ၉-ထစ်ကျော်ပြီး ရွာကဖိုးဖိုး ဖွားဖွားဆီအလည်သွား

 ရွာမှာရှင်ပြုပေး ရှင်လောင်းသားကြီး
 ရှင်လောင်းသားငယ်
 သင်္ကန်းမနိုင် အသက် ၃-နှစ်မို့ ဖိုးသူတော်ဝတ်ရ

  လှေခါးထစ် ၁၀-ထစ်ကျော်လွန်ပြီး

ရွှေမိုးငွေမိုးရွာ
 ဆွေမျိုးများနဲ့အတူတကွ ကုသိုလ်ယူ
 အုတ်တစ်ချပ်သဲတစ်ပွင့်လှူ
 လှေခါးထစ် ၁၃-ထစ်ကျော်ပြီးချိန်ကစ၍ နှစ်စဉ် ၀ါတွင်းကာလ ရန်မျိုးအောင်ဘုရား အိမ်သို့ ဒေသစာရီကြွ

အဘရာကျော်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်သော ရန်မျိုးအောင်ပြည်တော်ဝင် ရုပ်ပွားတော်မြတ်


နေ့ထူးနေ့မြတ်များ ဆွမ်းဂျိုင့်ပို့ ကပ်လှူ
 ရွာမှကြွလာသော ဦးဇင်းအား န၀ကမ္မကပ်လှူ
မိသားစု ရင်းနှီးနွေးထွေးမှု
 နှစ်စဉ် တပည့်သားသမီးများနဲ့ ကျိုက်ထီးရိုးတက်ဖြစ်ခဲ့
 ကားလမ်းမဖောက်ခင်ကာလ ပိုပျော်စရာကောင်း
သူ့တပည့် ကိုယ့်တပည့်များနဲ့ အမှတ်တရ (ကျမကဓာတ်ပုံရိုက်ပေးသူပေါ့) :P
နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း သင်္ကန်းကပ်လှူဖြစ်
 ကျောင်းတက်နေတဲ့သားငယ် နားချိန်ဘယ်လိုနေလဲ တစ်ခါတစ်ရံသွားကြည့်
လှေခါးထစ် ၁၃-ထစ်ကျော်ပြီး
 ဖခင်နဲ့အတူ သာသနာ့ဘောင်ဝင်စေခဲ့
ရှင်ကုသလနဲ့ရှင်နန္ဒမာလာ
မနက်ဆွမ်းခံကြွ
နွေရာသီကျောင်းပိတ်ရက် တစ်နှစ်တစ်နေရာ ခရီးထွက်

 လှေခါးထစ် ၁၆-ထစ်ကျော်မှာ ရှင်ပြုအလှူတော်မင်္ဂလာလုပ်ခဲ့
 ကိုရင်နှစ်ပါးကို အသုံးလိုပစ္စည်းကပ်လှူ
ညီအစ်ကိုများ အတူတကွ သာသနာ့ဘောင်ဝင်စဉ်မှာ ရွှေတိဂုံသွားဖူး
 သားတို့ဖေဖေ ရဟန်းခံစဉ်က
လှေခါးထစ် ၂၁-ထစ်ကျော်ပြီး
ရန်မျိုးအောင် ပြည်တော်ဝင် ဗုဒ္ဓရှင်တော်မြတ်ကိုပင့်လာစဉ်
 မန္တလေးရောက်ခဲ့စဉ် အမှတ်တရ
သားကြီးနဲ့အမှတ်တရ
သားငယ်နဲ့အမှတ်တရ
 လှေခါးထစ် ၃၀-ထစ်ကျော်ပြီးချိန်
ညီနောင်နှစ်ပါး ရဟန်းခံ


ရှင်ကုသလ၊ ရှင်နန္ဒမာလာတို့နဲ့အတူ အမှတ်တရ

စန်းစန်းရဲ့ စိန်ခေါ်ပို့စ်လေးကို တုံ့ပြန်လိုက်ပြီနော်။ အော်တစ်ခုရေးဘို့ကျန်နေသေးတယ် စိန်ခေါ်ဘို့ :P

* အောက်ပါ ဘလော့ဂါများအား BPP-Challenge လုပ်ပါသည်။ အရင်စိန်ခေါ်ခံရသူများရဲ့ ပို့စ်များကိုလဲ ယနေ့တိုင် မမေ့မလျော့ပဲ စောင့်မျှော်နေဆဲပါလို့။ ကိုယ်စီကိုယ်ငှ အလုပ်များတဲ့အထဲ စိန်ခေါ်မိတာ ဘလော့ရွာလေး စည်ကားဘို့ ရည်ရွယ်တာမို့ ကြိုးစားပြီး ရေးပေးကြအုံးနော်။

၁။ သန္တာ (မယ်သံ)
၂။ သဒ္ဓါလှိုင်း
၃။ ဆွိတီ
၎။ သီတာ (ဧရာ သီတာ)
၅။ ခင်ဦးမေ
၆။ အိုင်အိုရာ
၇။ ကေသွယ်
၈။ မောင်ဘုန်း
၉။ မောင်ဘကြိုင်
၁၀။ ပဥာက်

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။ 

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz