x

31.12.14

တစ်သက်စာအတွက် နှုတ်ဆက်ခွင့်ပြုပါ


မင်းနဲ့စတွေ့ခဲ့တဲ့နေ့ကလေး ယနေ့တိုင် မှတ်မိနေသေးတယ်။ မင်းရဲ့သစ်လွင်တောက်ပတဲ့ အပြုံးလေးတွေ ဝေဆာနေသလို ပတ်ဝန်းကျင်တစ်ခွင် လူသားတိုင်း အလေးပေးမှုကို ကျေနပ်စွာခံယူနေတဲ့ မင်းရဲ့ဟန်ပန် အမူအယာလေးတွေ။ တစ်လောကလုံးရဲ့ ကြိုဆိုမှုအောက်မှာ ထယ်ဝါ၀င့်ကြွားခဲ့တဲ့ မင်းလေး။ တို့ကတော့ တစ်ချိန်ချိန်မှာ အပြီးတိုင်နှုတ်ဆက် ထွက်ခွာသွားရမည့် မင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ပေမယ့် မရပ်မနား လည်ပတ်နေတဲ့ အချိန်ဆိုတဲ့ နာရီစက်ဝန်းကြီးကို တားဆီးနိုင်ခွင့်မရှိခဲ့ဘူးလေ။ အခုတော့ မင်းအတွက် ရှင်သန်ခွင့်ရတဲ့ရက်တွေ ပြီးဆုံးသွားပြီမို့ တစ်သက်စာအတွက် နှုတ်ဆက်ခွင့်ပြုပါတော့ ၂၀၁၄-ခုနှစ်ရေ။ နှစ်ဟောင်းကြွေလို့ နှစ်သစ်လောင်းတဲ့ ၂၀၁၅-ခုနှစ်ကို နွေးထွေးစွာကြိုဆိုလိုက်ပါတယ်။




နှစ်သစ်နဲ့အတူ ဆွေမျိုး မိတ်ဆွေ သင်္ဂဟအပေါင်း ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz