x

28.12.15

မွေးနေ့ရှင် ဂျက်စမင်သို့-


ဘလော့လေးကိုမရောက်တာလည်း ၂-လကျော်ကြာခဲ့ပြီ။ စာဖတ်သူတွေကို ဘယ်လို ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး ပေးရမလဲလို့ စဉ်းစားနေမိသလို ခရီးသွားပို့စ်လေးတွေ ဖတ်ချင်ပါတယ်ဆိုတဲ့ မွေးနေ့ရှင်ဖြစ်သူ ဂျက်စမင် (စပယ်ချို)ရဲ့ ပုံရိပ်လည်းအာရုံမှာပေါ်လာပြန်တယ်။ တကယ်တော့ ဘလော့ပေါ်မှာ ပို့စ်တစ်ပုဒ်တက်လာဘို့ အတော်ကိုခဲယဉ်းနေတဲ့ အချိန်ကာလလေးအတွင်းမှာ ခရီးတွေဆက်တိုက် ထွက်ဖြစ်နေခဲ့သလို ထွက်သမျှ ခရီးစဉ်တိုင်းအတွက် ပို့စ်တွေ စဉ်ဆက်မပြတ် ရင်ထဲမှာ ရေးဖြစ်ခဲ့တာတော့ အမှန်ပါ။ သွားလေရာတစ်လျှောက် လက်တော့ပ်မပါသလို ဖုန်းလေးနဲ့ ပို့စ်တစ်ပုဒ်ရေးဘို့ကျပြန်တော့ အဆင်မပြေပြန်။ ရန်ကုန်ပြန်ရောက်လို့ ရေးမယ်ကြံခါရှိသေး ပျက်ကွက်ခဲ့တဲ့ လူမှုရေးတွေနဲ့ ခြာခြာလည်နေတာကြောင့် အွန်လိုင်းတောင် မှန်မှန်မတက်ဖြစ်။ အချိန်လုပြီး ဖေ့ဘုတ်ထဲဝင်ကာ လက်လှမ်းမှီသလောက် စတေးတပ်လေးတွေဖတ် Like လုပ်ဖြစ်တယ်ဆိုတာလည်း အပြေးအလွှားဝင်ပြီး ထွက်တာမျိုးရယ်ပါ။ မသွားရရင်စားမ၀င် အိပ်မပျော်ဖြစ်တဲ့ Cook အဖွဲ့ဆီကိုတော့ ဖေ့ဘုတ်ထဲအလည်ရောက်တိုင်း သွားဖြစ်တယ်။ စားစရာတွေနဲ့ ပတ်သက်ရင် ၀ါသနာကတားမရဘူးလေ။ သွားခဲ့တဲ့ခရီးက ၄-နေရာဆိုပေမယ့် ခရီးသွားပို့စ်လေးကို ၂-နေရာစာ ဓာတ်ပုံလေးတွေနဲ့ နှစ်သိမ့်ရင်း မွေးနေ့ပေါင်းများစွာကို ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာဖြင့် ကျော်ဖြတ်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်တယ် ဂျက်ရေ။ 

ချောင်းသာခရီးစဉ်-













မန္တလေးခရီးစဉ်-












စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz