x

31.8.16

ဘလော့ဂ်ဒေးအမှတ်တရ-ဘလော့ဂ်ဂါအလွမ်းပြေ


ဒီကနေ့ ၃၁-၈-၂၀၁၆ရက်နေ့ဟာ ဘလော့ဂါများအားလုံး တန်ဘိုးထားတဲ့ အမှတ်တရ နေ့လေးတစ်နေ့ ဆိုရင်လည်းမမှားပါဘူး။ ဒီကနေ့ မနက်ထဲက အိမ်ရှိလူကုန် အလုပ်ကိစ္စတွေနဲ့ အပြင်ထွက်နေကြလေတော့ အိမ်စောင့် တာဝန်ကျနေတဲ့ ကျမဘလော့ရွာကြီးထဲလျှောက်လည်နေမိတယ်။ အရင်က ပျော်ရွှင်စွာနဲ့ တက်ကြွခဲ့ဘူးတဲ့ ရက်လေးတွေကို ပြန်သတိရလာတယ်။ အထူးသဖြင့် ကိုယ်တင်လိုက်တဲ့ ပို့စ်လေးပေါ်မှာ ဘလော့ဂါတွေနဲ့ စာဖတ်သူတို့က ကွန်မန့်လေးတွေ ၀ိုင်းဝန်းပေးရင်း ကုန်သွားတဲ့ စွမ်းအင်လေးတွေ ပြန်ဖြည့်ဆည်းခွင့် ရလိုက်သလို ခံစားမိတာဟာ အင်မတန်ချစ်စရာကောင်းတဲ့ အချက်လေး တစ်ချက်ပါ။ ဘလော့ဂါတွေဟာ တစ်ဦးနဲ့တစ်ဦး မဆုံဘူး မတွေ့ဘူးကြပေမယ့် အချင်းချင်း ရင်ထဲမှာ ချစ်ခင်လေးစား နွေးထွေးနေကြတယ်။ လွန်ခဲ့တဲ့ ၂၀၁၁-ခုနှစ် ဘလော့ဂ်ဒေး အမှတ်တရတဂ်ပို့စ်လေးထဲမှာ ချစ်သော ဘလော့ဂါများရဲ့ ကွန်မန့်လေးတွေ တစ်ဝကြီးဖတ်လို့ရပါတယ်။ အခုတော့ သီချင်းလေးထဲကလို ♪♪ ♫ ♪♪ ♫ ♪ ♪♪ ဘယ်ဆီကိုမင်းရောက်နေလဲ လို့ဆိုရမလိုဖြစ်နေပြီ ^_^
ခြောက်သွေ့သွားတဲ့ ဘလော့ဒေး

စိမ်းလန်းစိုပြေခဲ့တဲ့ ဘလော့ဒေး
August 26, သဒ္ဓါလှိုင်း ၏မှတ်ချက်
ဘလော့ဒေးအမှတ်တရလေးကို ကြည်နူးစွာ လာဖတ်ပါတယ် အဏ်တီတင့်။ ဘလော့လောကလေးထဲမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စာပေများကိုဆက်လက်ရေးသားနိုင်ပါစေ။ ဘဝအတွေ့အကြုံလေးတွေ ဖတ်ရတာကတော့ တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။
ခင်မင်လေးစားလျက်
သဒ္ဓါ

August 26, Mon Petit Avatar ၏မှတ်ချက်
Happy Blogging Aunty Tint and wish you all the best!!!

August 26, PhyoPhyo ၏မှတ်ချက်
အန်တီတင့် ပလာတာလုပ်နည်းလေးဖတ်ပြီးစလုပ်ကြည့်ဖြစ်တာအမှတ်တရပါပဲ။
အန်တီတင့်က စာရေးကောင်းတော့ စာခဏခဏလာဖတ်ဖြစ်တယ်။ comment တော့ အမြဲမချန်ဖြစ်တာ။
လေးစားလျှက်

August 26, သက်တန့်ချို ၏မှတ်ချက်
ဘလော့ဒေး အမှတ်တရပို့စ်ကို လာရောက်အားပေးသွားပါတယ် အန်တီတင့် ရေး) ကျန်းမာပျော်ရွှင်ပါစေ ခင်ဗျ ။

August 26, Angelhlaing(May everybody be happy and healthy! ၏မှတ်ချက်
ဘလော့ဒေးအမှတ်တရလေး လာဖတ်တယ် အန်တီတင့်ရေ..အဲလိုပဲ ဘလော့ထဲမှာပဲ ပျော်တက်တဲ့ မောင်နှမတွေအတွက် ကြည်နူးစရာလေးတွေပါပဲ....ကောင်းသောနေ့လေးဖြစ်ပါစေလို့ ဆန္ဒပြုရင်း..

August 26, နေ၀သန် ၏မှတ်ချက်
အန်တီင်္တင့်ရဲ့စာရေးနိုင်စွမ်းကလည်း ထက်မြက်ပါပေ့ဗျာ...း)).. ဆက်လက်ပြီး စာကောင်းပေမွန်များစွာကို ရေးသားပြီး စိတ်လက်ချမ်းမြေ့ပါစေဗျာ..

ခင်မင်လျက်
နေ၀သန်

August 26, sulay ၏မှတ်ချက်
အန္တီတင့်ရဲ့ဘလော့က မိသားစုဘ၀ရဲ့ နွေးထွေးမှု ပုံရိပ်တွေ၊ ဘာသာရေး အငွေအသက်တွေ များစွာတွေ့ရပါတယ်...ပြီးတော့ အန္တီတင့် ချန်ထားခဲ့တတ်တဲ့ကွန်မင့်လေးတွေက အန္တီတင့်ဘလော့ကို အလည်ရောက်လာကြသူတို့အတွက် ထူးခြားတဲ့ ရသတစ်ခုလို့ ယူဆမိပါတယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

August 26, မိုးငွေ့...... ၏မှတ်ချက်
တီတင့်ရေ... ရှေ့ဆက်ပြီးတော့လည်း ဘလော့တွေများများရေးနိုင်ပါစေ... မှတ်သားစရာဗဟုသုတတွေများများတင်နိုင်ပါစေလို့...း)

လေးစားလျက်
မိုးငွေ့

August 26, ကိုအောင်(ပျူနိုင်ငံ) ၏မှတ်ချက်
အန်တီရေ၊ ဘလော့ပေါ်မှာ ခင်မင်ခွင့် ရပေမယ့် တကယ့်ကို တရင်းတနှီးပါပဲ၊ ဘလော့ဒေး အမှတ်တရ တက်ဂ်ကို ရေးပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ ...

August 26, ကိုကိုမောင်(ပန်းရနံ့) ၏မှတ်ချက်
အန်တီတင့်ရေ...
ဘလော့လောကကြီးက ပျော်စရာကြီးနော်။ အချိန်တိုအတွင်းမှာ ကိုယ်ပေးချင်တဲ့ အကြောင်းအရာကို ကမ္ဘာကို ချပြနိုင်တယ်။ ပြီးတော့ ဘလော့ဂါအချင်းချင်းကလဲ ချစ်ခင်ကြသလား မမေးနဲ့။ အနေဝေးနေလို့များလားတော့ မသိဘူးပေါ့။ ဘာဘဲ ဖြစ်ဖြစ် ကျေနပ်စရာပါ။

ခင်မင်လျက်

August 26, စော(အဝါရောင်မြေ) ၏မှတ်ချက်
အန်တီတင့် ရေးတဲ့ ဟိုးတုံးက အကြောင်းအရာတွေက ပုံပြင်လို ဖတ်လို့  ကောင်းတယ်။ ခုနဲ့ က တခြားဆီဖြစ်နေပြီ မို့ လား။

August 26, jasmine(တောင်ကြီး) ၏မှတ်ချက်
တီတင့်ရေ...
အမှတ်တရလေးကိုဖတ်လိုက်ရလို့ ၀မ်းသာပါတယ်ရှင်
တီတင့်တစ်ယောက် ရှေ့ဆက် ချမ်းမြေ့စွာနဲ့ စာတွေ
အများကြီး ရေးနိုင်ပါစေရှင်....
စားကြမယ်ဟေ့ ကောင်းကောင်းလဲ
အသစ်တင်ပေးပါဦးရှင် ။ ။

August 26, ချစ်ကြည်အေး ၏မှတ်ချက်
အန်တီတင့်ရေ...ဘလောဂ့်မိသားစုလေးထဲ နွေးထွေးစွာ ခင်မင်ခွင့်ရလို့ ဝမ်းသာပါတယ်။ ကော်မန့် သိတ်မချန်ဖြစ်ပေမဲ့ အသစ်တင်တိုင်း လာဖတ်လေ့ရှိပါတယ်။ ကျန်းမာပျော်ရွှင်စွာနှင့် ဆက်လက်ရေးသားနိုင်ပါစေရှင်...

August 26, တောက်ပကြယ်စင် ၏မှတ်ချက်
အသိပညာ၊ ဗဟုသုတများအားလုံးကို စာဖတ်သူများကို အောင်မြင်စွာ ဆက်လက်ဖြန့်ဝေပေးရင်း ကျန်းမာပျော်ရွှင်ပါစေ အန်တီတင့်ရေ...

August 26, blackroze ၏မှတ်ချက်
အန်တီတင့်ရေ
အန်တီတင့်ရဲ့ blog day အမှတ်တရလေးကို
လာရောက်အားပေးသွားပါတယ်နော်..

August 26, SHWE ZIN U ၏မှတ်ချက်
အမ ရေ

အမ ရေ ဘလောဂ်ဒေး အမှတ်တရ လေးကို ချစ်ခင်စွာရေးပေးတဲ့ အတွက် ကျေးဇူးပါနော် အမ ရဲ့ အတွေ့အကြုံ တွေ က အများကြီးဆိုတော့ ဖတ်လို့ အရမ်းကောင်းပါတယ် များများဖတ်ချင်ပါတယ် အမ နဲ့ အတူ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နဲ့ နှစ်ပေါင်း များစွာ ဘလောဂ့် ရေးချင်ပါတယ်

ခင်မင်စွာဖြင့်

August 27, Han Kyi ၏မှတ်ချက်
အန်တီတင့်ရေ...အားလုံးကို စနစ်တကျနဲ့ မှတ်မှတ်သားသားရှိသလို ကျကျနနနဲ့ ရေးထားလို့ ကျေးဇူးလည်းတင် လေးလဲလေးစား ချီးလဲချီးကျူးမိပါတယ်...သုတ၊ ရသ၊ နည်းပညာ၊ ဘာသာရေး စတဲ့ဖွယ်ဖွယ်ရာရာတွေနဲ့ ရင်းနှီးခင်မင်မှု နွေးထွေးဖော်ရွေမှုတွေနဲ့ ထံမွှမ်းပြီး ခင်တွယ်ဖို့ အင်မတန်ကောင်းလှတဲ့ ဘလော့ရွာလေးထဲမှာ ပျော်ရွှင်ငြိမ်းချမ်းပါစေလို့ ဆုတောင်းရင်း...ခင်ပွန်းသည်အတွက် အမှတ်တရဖြစ်အောင် ဘလော့လေးလုပ်ဖြစ်တယ်ဆိုတဲ့ အန်တီတင့်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း လေးစားအားကျမိပါရဲ့ . . .

August 27, ကိုဇော် ၏မှတ်ချက်
အစ်မ ဘလော့က အစ်မရဲ့ သမိုင်းလေးတွေကို ပုံဖော်နေသလိုပါပဲဗျာ။ စိတ်ထဲမှာ ရှိတဲ့ အတိုင်း အဖြစ်အပျက် အမှန်တွေကို ရေးထားတာ ဆိုတော့ ဖတ်ရတာ ဗဟုသုတရစေပါတယ်။

August 26, ဆွေလေးမွန် ၏မှတ်ချက်
blog day အမှတ်တရ လာဖတ်သွားပြီး အန်တီတင့်ရေ.
ဖတ်ရတာ အားကျစရာကောင်းလိုက်တာ..

August 26, အိမ့်ချမ်းမြေ့ ၏မှတ်ချက်
အန်တီတင့်နဲ့ ခင်မင်ခွင့် ရတာ ၀မ်းသာမိပါတယ်။
စာတွေ အများကြီး ဆက်လက်ရေးနိုင်ပါစေရှင်။

August 26, မအိမ်သူ ၏မှတ်ချက်
Happy Blog Day! ပါအန်တီရေ။ အန်တီက စာအရေးကောင်းသလို အတွေ့အကြုံတွေကလည်းစုံတော့ အန်တီ့ဘလော့ဂ်ကို ဖတ်ရတာ ဗဟုသုတတွေအများကြီးရတယ်။ ဘလော့ကနေတဆင့် ခင်ခွင့်ရတာကိုလည်း ၀မ်းသာမိပါတယ်။ ဆက်လက်ပြီးလဲ အတွေ့အကြုံတွေ ဗဟုသုတတွေ ချက်နည်းပြုတ်နည်းတွေ အကြောင်းအရာစုံကို ကျန်းမာ ပျော်ရွှင်စွာနဲ့ ဆက်လက်ရေးသား ဝေမျှပေးသွားနိုင်ပါစေရှင်။

August 26, KMC@ချင်းလေး ၏မှတ်ချက်
အင်ဂျင်နီယာပီပီစေ့စပ်သေချာစွာနဲ့ရှင်းပြသွားခဲ့တာ၊ လာလည်သူများ၉၉%ကိုမမေ့မလျော့မှတ်တမ်းတင်
ဖော်ပြပေးတာ၊အားလုံးကိုအမြဲစိတ်ဓါတ်ကြည်လင်
စေဖို့ဆုတောင်းပေးတတ်တာတွေကြောင့်လေးစားမိ
တာထက်ပိုလေးစားသွားပါပြီ။ဘလော့ဂ်ဒေးနဲ့အတူတူ
ချစ်စရာကောင်းတဲ့အန်တီလည်းနောင်နှစ်ပေါင်းများ
စွာဘလောဂ္ဂင်းနိုင်ပါစေဗျာလို့ဆုတောင်းလိုက်ပါတယ်။
နောက်ကျသွားတာခွင့်လွှတ်ပါအန်တီ..။

August 26, မြစ်ကျိုးအင်း ၏မှတ်ချက်
ပျော်ပျော်ရွှင်ရွှင်နဲ့ စာတွေ ဆက်ရေးနိင်ပါစေ။

August 26, မိုးယံ ၏မှတ်ချက်
ဘလော့ဂ်ဒေးအမှတ်တရ ပို့တွေလိုက်ဖတ်နေတာ အန်တီတင်တို့ စေ့စပ်ပုံများ အားကျလိုက်တာ...
လူသားအားလုံးကို စိတ်ဓါတ်အစဉ်ကြည်လင်အေးမြ စေဖို့ ဆုတောင်းပေးတဲ့ အန်တီတင့်ကို လူသားအားလုံးအတွက် ဘလော့ဂ်မှ မိုးယံကလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် ပျော်ပျော်ကြီး ဘလော့ဂ်ဂင်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သ ပါသည်ခင်ဗျာ။

August 26, မောင်(စွယ်စုံကျမ်း) ၏မှတ်ချက်
အန်တီတင့်ရေ..စာတွေအများကြီးဖတ်သွားတယ်နော်..အလုပ်တွေနဲ့ မအားလပ်တဲဝန်ထမ်းဘ၀မလို့ စိတ်သွားတိုင်းမလည်နိုင်ပေမယ့်မေတ္တာများစွာနဲ့ ဆုတောင်းပေးတဲ့
အန်တီတင့်ကိုအမြဲသတိရနေပါတယ်နော်
ခင်မင်လေးစားစွာဖြင်..မောင်(စွယ်စုံကျမ်း)

August 26, ahphyulay ၏မှတ်ချက်
အင်း...
မမရေ..၊ ကိုအောင်ရေးခိုင်းတဲ့ အထဲမှာ
ကျွန်တော်လည်းပါနေတယ်ဗျ၊ စာအရေး အားနည်း
တာကြောင့်  ရေးဖို့ တော့  ကြိုးစားရပြီပေါ့ နော်.။
အမှန်က ကျွန်တော်က အသွားအလာအလွန်နဲ
တော့ လည်း ကျွဲခြေရာခွက်ထဲက ဖား တစ်ကောင်
လို ဖြစ်နေရတယ်လေ..။
အားပေးနေပါတယ်ဗျား....။

August 29, အလင်းသစ် ၏မှတ်ချက်
ခရီးကပြန်ရောက်ရောက်ချင်း ဖတ်ဖို့စာတွေက တဂ်ပို့စ်တွေချည်းပါပဲလား။။။ပျော်စရာ ကြည်နူးစရာ တဂ်ပို့စ်လေးတွေကို ကြည်နူးစွာ ဖတ်ရှုခဲ့ပါတယ်။။။
အားပေးခဲ့ပါတယ် အန်တီတင့်ရေ။။။
နောက်ထပ်ရေးသားမယ့် စာတွေကိုလည်း စောင့်မျှော်လျက်ပါ။။။

August 28, မောင်မောင် ၏မှတ်ချက်
အန်တီတင်.ရေ ဘလော.ဒေးပို.စ်လေး လာဖတ်သွားပါတယ်။
ရှေ.ဆက်ပြီးစာတွေအများကြီးရေးနိုင်ပါစေ။

August 28, ဆဲဗင်းဒီဇင်ဘာ ၏မှတ်ချက်
အမ.... မုန်တိုင်းကြားထဲ က နေ စာတွေ လာဖတ် သွားတယ်..အေးချမ်း တဲ့ အိမ် လေး ထဲ မှာ အနားယူတဲ့ သူ လို အမ စာ တွေ ကြောင့် စိတ်ချမ်းသာ ပြီး ပြန်သွားတယ်...

August 28, Thitsaralin ၏မှတ်ချက်
မမရေ...
ပိုစ့်လာယူပါတယ်...ဘုရားတစ်ဆူပြီး တော့တစ်ဆူလာပင့်တာပေါ့နော်..မမ ချမ်းမြေ့ရွှင်လန်းပါစေ..။

ညီမ-သစ္စာအလင်း

August 28, ဖြိုးမောင်မောင်(CTM) ၏မှတ်ချက်
blog day post လေးကိုလာရောက်ဖတ်ရှုသွားပါတယ်။
အန်တီတင့် ကျမ်းမာပျော်၇ွှင်ပါစေ။

August 27, သမီးစံ ၏မှတ်ချက်
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြအောင်
အမြဲဆုတောင်းပေးတတ်တဲ့အန်တီတင့်လည်း..
စိတ်သွားတိုင်းကိုယ်ပါ၊လိုရာဆန္ဒများပြည့်ဝကာ
ဘလော့ဂါတာဝန်များကို..
ဒီ့ထက်များစွာထမ်းရွက်နိုင်ပါစေရန်..
ဆုတောင်းပေးလိုက်ပါတယ်ရှင်။

August 27, ချော(အစိမ်းရောင်လွင်ပြင်) ၏မှတ်ချက်
ဘလောဂ့်သက်တမ်း နှစ်ပေါင်းများစွာ ရှည်ကြာပါစေ..
ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် စာများစွာကို ရေးသားမျှဝေနိုင်ပါစေရှင်...

August 27, san htun ၏မှတ်ချက်
တီတင့်ရေ စာတွေ အများကြီး ရေးနိုင်ပါစေ...

August 27, shwewunyatana ၏မှတ်ချက်
အန်တီတင့်ရေ..ဘလောဒေးပို့စ်လေကိုလာဖတ်ပါတယ်..အမြဲတန်းလဲအလည်ရောက်ပါတယ်ကွန်မန်မပေးပေမဲ့.စီဘောက်မှာတော့အမြဲလာရောက်တယ်ဆိုတဲ့အကြောင်းရေးသားခဲ့ပါတယ်..ရှေ့ဆက်ပြီးတော့လဲဘလောဂ်တွေများများရေးနိုင်ပါစေ.ဗဟုသုတတွေများများပေးနိုင်ပါစေ..
ကြံစီသမျှအနန္တဆန္ဒပြည့်ဝပါစေ....
ရွှေဝန်းရတနာ....

August 27, နတ်ဆိုးလေး ၏မှတ်ချက်
အန်တီရေ... ဘလော့ဒေးပို့စ်လေး လာဖတ်တယ်.. ခုထိတော့ လွတ်နေသေးတယ်.. ရေးချင်တာဗျ.... ဒိုမိန်းကိစ္စ မပြီးသေးလို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ ပြီးမှ ပြန် export ထုတ်မယ် .. ဆိုပြီး ရေးလိုက်ရကောင်းမလား... :)
August 30, Nyi Linn Thit ၏မှတ်ချက်
လာလည်ပါတယ် အန်တီတင့်ရေ...၊ လူငယ်၊ လူကြီးတွေ စည်စည်ကားကားနဲ့ ပျော်စရာကောင်းတဲ့ ဘလော့ဂ်လေးပါပဲ၊ စာတွေကိုလည်း ပျော်ရွှင်စွာ ဆက်ပြီး ရေးနိုင်ပါစေဗျာ...။

August 29, ပန်းချီ ၏မှတ်ချက်
အန်တီရေ..
စာအရေးကောင်းပြီး၊ ရေးအားလည်းကောင်းပြန်တဲ့ အန်တီ့ကို တကယ်ကို ချီးကျူး၊ အားကျ၊ အားပေးလျှက်ပါနော်..။ ခုလိုပဲ စာတွေကို အင်အားရှိနေသမျှ ရေးနိုင်ပါစေ..
အန်တီတို့ တစ်မိသားစုလုံးလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေရှင်..။

August 29, မြသွေးနီ ၏မှတ်ချက်
ဤနေ့ ဤရက် ဤဘလော့ဒေးမှသည် ဆက်လက်၍ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် ဘလော့ဂ်ဂင်နိုင်ပါစေကြောင်း ဆုမွန်ချွေခဲ့ပါတယ်..။

Blog Day အတွက် အလည်ရောက်ရင်း လင့်ခ်ပါ ချိတ်ထားလိုက်ပါတယ်ရှင်...။
September 01, An Asian Tour Operator ၏မှတ်ချက်
အားပေးပါတယ် အန်တီတင့်။

September 01, Le Yi ၏မှတ်ချက်
မတင့်ရဲ့ Blog Day Post ကို ဖတ်သွားပါတယ်။ ဒီရက်ပိုင်း online သိပ်မတက်ဖြစ်လို့ ခုလိုနောက်ကျမှ comment ပေးဖြစ်တာ ခွင့်လွှတ်ပါနော်။

သမီးအနေနဲ့ကတော့ အစားအသောက်ပြင်ဆင်ချက်ပြုတ်ပုံ post တွေကို ကြိုက်ပါတယ်။ မြန်မာပြည်အလွမ်းပြေ သွားရည်ကျရတာပေါ့လေ... မတင့်ကိုယ်တွေ့ဖြစ်ရပ်တွေကိုတော့ ဖတ်ရတာအကြိုက်ဆုံးပါ။ ကိုယ်တွေ့ဖြစ်ရပ်တွေဆိုတော့ unique ဖြစ်တယ်၊ ဆင်တူမရှိနိုင်ဘူးဆိုတော့ တန်ဖိုးရှိပါတယ်။ ဘုရားတွေဖူးရတာလည်းကြိုက်တယ်။ ဘုရားသမိုင်းတွေကိုတော့ ဗဟုသုတအနေနဲ့ဖတ်ဖြစ်ပါတယ်။
မတင့် သက်ရှည်ကျန်းမာစွာဖြင့် စာတွေဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
အားပေးလျက်ပါနော်...

September 03, kokoseinygn ၏မှတ်ချက်
အမကြီး ရဲ့ ဘလောဂ့် ရာဇ၀င်ကိုတ၀ကြီးဖတ်သွား
ပါတယ်..မိသားစုအားလုံး ကိုယ်ေ၇ာစိတ်ပါ ကျန်းမာချမ်း
သာကြပါစေ...စာတွေအများကြီးထပ်ေ၇းနိုင်ပါစေ

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz