x

25.11.16

ဖြတ်သန်းခဲ့သော ဘ၀ရဲ့နေ့ရက်များ


နိုဝင်ဘာလ ၂၁ရက်နေ့က ဖေ့ဘုတ်မှာတင်ခဲ့ပြီးစတေးတပ်လေး ဘလော့ဂ်မှာမတင်ရသေးလို့ ထပ်တင်ခြင်းပါ။ အားလုံးကိုရင်းနှီးချစ်ခင်စွာ ထပ်ဆင့်ဖိတ်ပါတယ် ဆက်တင်မယ့်ပို့စ်ကိုလည်းအားပေးကြပါအုံးနော်။

မင်္ဂလာပါရှင်
--------------------

ကျွန်မ ခင်မင်လေးစားချစ်ခင်ရတဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေအားလုံးကို သတင်းလေးတစ်ခုပေးပါရစေရှင်။

မကြာတော့မယ့် အချိန်မှာ ကျွန်မရဲ့

“ ဖြတ်သန်းခဲ့သောဘ၀ရဲ့နေ့ရက်များ ” ဆိုတဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိဆန်ဆန် စာအုပ်လေး ထွက်လာမှာဖြစ်ပါတယ်။

ဒီစာအုပ်လေး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ ကျမ ဘလော့ဂါဘ၀ကို ရောက်ခဲ့တာကြောင့်ဆိုရင် မမှားပါဘူး။ ဘလော့ဂ်ပေါ်မှာ စာလေးတွေ ရေးဖြစ်ခဲ့လို့ ဒီစာအုပ်လေး ဖြစ်လာတဲ့ သဘောပေါ့လေ။

စာအုပ်လေး လုပ်ဖြစ်သွားတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မနဲ့ ထိတွေ့ဆက်ဆံခဲ့ရဖူးတဲ့ မိသားစု၊ ဆွေမျိုးသားချင်း၊ နောက် ပါဝင်ဆက်နွယ်နေတဲ့ မိတ်ဆွေသင်္ဂဟများအတွက် နောင်တစ်ချိန်မှာ အမှတ်တရ ခြေရာလေးတွေချန်ပေးခဲ့လိုတဲ့ဆန္ဒ သက်သက်နဲ့ပါ။

ရင်ထဲကစကားလုံးများကိုပြောရရင်-

တကယ်တော့ စာရေးဆရာမ တစ်ယောက်မဟုတ်တဲ့ ကျွန်မဟာ ကဗျာတစ်ပိုဒ်ကို အဆီအငေါ်တည့်အောင် မစပ်တတ်သလို ဆောင်းပါးတစ်ပုဒ်ကိုလည်း စာဖတ်သူတို့ရင်မှာ တန်ဖိုးရှိရှိ စွဲကျန်ရစ်အောင် သိပ်မရေးတတ်ပါဘူး။

ဒါပေမဲ့ အခုစာအုပ်လေးကိုတော့ စာပေကို ချစ်မြတ်နိုးတဲ့ စိတ်၊ ဘဝရဲ့ ဖြတ်သန်းခဲ့ရာ နေ့များ၊ တွေ့ကြုံဆုံခဲ့ရတဲ့ မိတ်ဆွေများ အကြောင်းကို မှတ်သားထားချင်တဲ့ ဆန္ဒတွေနဲ့ ကြိုးစားပြီး ရေးသားထားမိပါတယ်။

တကယ်လို့များ စာအုပ်လေးထဲမှာ အပြစ်အနာအဆာတချို့ ရှိခဲ့မယ်ဆိုရင်လည်း တအားကျွမ်းကျင်စွာ ရေးဖွဲ့နိုင်သူ မဟုတ်တဲ့အတွက် ချစ်တဲ့မျက်စိနဲ့ကြည့်ပြီး ခွင့်လွှတ်ပေးကြပါဦးလို့ ကြိုတင်ပန်ကြားထားပါရစေ။

ပြီးတော့ ဒီစာအုပ်လေးနဲ့ ကျွန်မရဲ့မိတ်ဆွေအားလုံးကို အောက်ပါအစီအစဉ်လေးနဲ့မိတ်ဆက်ပေးချင်ပါသေးတယ်။

နေ့ရက် - ၀၃၊ ဒီဇင်ဘာလ၊ ၂၀၁၆ - စနေနေ့။
အချိန် - နေ့လယ် ၂ နာရီမှ ၄ နာရီအထိ။
နေရာ - တော်ဝင်နှင်းဆီ။ ခြံအမှတ် ၂၂၃။ ရွှေဂုံတိုင်မီးပွိုင့်အနီး။ ဗဟန်းမြို့နယ်။

မိတ်ဆွေအားလုံးနဲ့ဆုံပြီး ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာဖြစ်မယ့် ဒီပွဲလေးကို ကြွရောက် အားပေးကြပါဦးလို့ အားလုံး အားလုံးကို ဒီနေရာလေးကနေပြီး လေးစားစွာ ဖိတ်ကြားပါရစေရှင်။

------------------

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
တီတင့် ( စက်မှုတက္ကသိုလ် )

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz