3.2.17
မပြယ်လွင့်သေးတဲ့ပုံရိပ်များ (ကုန်ကြမ်း)
‘ဖြတ်သန်းခဲ့သော ဘ၀ရဲ့နေ့ရက်များ’ အထုပ္ပတိဆန်ဆန် စာအုပ်တစ်အုပ်ကို ထုတ်ခွင့်ရခဲ့တဲ့ အချိန် နောက်ပိုင်းမှာ လူမှုရေးဆိုင်ရာ သာရေးနာရေးအပြင် ခေါင်းစဉ်ကွဲ များလိုက်တဲ့အလုပ်တွေ ဇယ်ဆက်နေတာကြောင့် ဘလော့ဂ်လေးနဲ့ အလှမ်းဝေးနေခဲ့ရတယ်။ စာအုပ်တစ်အုပ် ထွက်လာဘို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ ဘယ်လောက်ထိ ခက်ခဲနက်နဲတာကို နဖူးတွေ့ ဒူးတွေ့ကြုံတွေ့ခဲ့ရတယ်။ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် စဉ်ဆက်မပြတ် ရေးသား ဖြန့်ချိနိုင်တဲ့ အွန်လိုင်းမီဒီယာတစ်ဖြစ်လဲ ပုံနှိပ်မီဒီယာများနဲ့ စာရေးသူပုံနှိပ်မီဒီယာများကိုလည်း ချီးကျူးမိပါရဲ့။ ကျွန်မရဲ့ ကိုယ်ရေးအထုပ္ပတိဆန်ဆန်စာအုပ်လေးဆီကို ကျွန်မရဲ့ မျက်လုံးအစုံရောက်သွားတိုင်း အဲ့ဒီစာအုပ်လေး ဖြစ်လာဘို့အတွက် ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ၊ အတိတ်ကို ပြန်တူးဆွခဲ့ရတဲ့ အတွေး ခွန်အားတွေ၊ မေတ္တာတရားရှေ့ထားပြီး ကူညီပေးခဲ့ကြသူတွေရဲ့ စေတနာ အစရှိတဲ့ အချက်ပေါင်းများစွာကို မတွေးတောပဲ မနေနိုင်ပြန်။ ကျွန်မစာအုပ်ရဲ့ ပထမစာမျက်နှာမှာ အမှာစာလေးရေးပြီး မောင်ဏီလင်းညိုကို ‘အက်ဒစ်လုပ်ပေးပါအုံး မောင်ဏီရေ’ လို့ပြောပြီး ပေးခဲ့တုန်းက မောင်ဏီ ပြန်ပြောခဲ့တဲ့ ‘တီတင့်ရဲ့ အမှာစာက မာတောင့်တောင့်နဲ့ နည်းနည်းပျော့ပြောင်းသွားအောင် ကျွန်တော်ပြင်ပေးမယ်’ ဆိုတဲ့ စကားလေးဟာ နောက်တစ်အုပ်အတွက် သတိထားရမည့် အချက်တစ်ချက်မို့ သတိရနေစေတဲ့ အချက်တစ်ချက်ပါဘဲ။ မှန်သောစကား ဆိုရရင်ဖြင့် ၀ါသနာအရသာ စာရေးခဲ့ပေမယ့် စာသားတွေကို နူးညံ့သိမ်မွေ့ပြီး တစ်ဖက်သား စွဲမက်ပြီးကျလောက်တဲ့စာမျိုး မရေးတတ်တဲ့ တီတင့်ပါ။ ဖေ့ဘုတ်မှာ 'ရင်ထဲကဆိုစကား' ဆိုတဲ့ ကျေးဇူးတင်စတေးတပ်လေး တင်ပြီးတဲ့နောက်မှ ထပ်ရောက်လာတဲ့ တစ်ချို့ပုံတွေကို အလျဉ်းသင့်သလို တင်သွားပါ့မယ်။ အခုတော့ နတ်ရဲ၊ကိုကိုအောင်တို့နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ ၂-ပုံကိုတင်ပေးလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၀၁၆-ခုနှစ်က ခရီးတိုလေးမသွားခင် ဆရာသိန်းက ကျွန်မကို-
‘မိန်းမရေ ကိုယ်တို့အပတ်စဉ်(၆၃)ရဲ့ မဂ္ဂဇင်းမှာထည့်ဘို့ ဆောင်းပါးတစ်ပုဒ်လောက် ရေးထားအုံးနော်’ တဲ့။
ကျွန်မရဲ့စာရေးဖော်စာရေးဘက် ဘလော့ဂါများ။ ပုံထဲမှာမပါပေမယ့်
ရောက်လာခဲ့တဲ့ဘလော့ဂါများကိုလည်း ကျေးဇူးတင်တယ်။
မနက်ဖြန်လည်း ဆုံကြအုံးမယ် 75-81 RIT ချစ်သူငယ်ချင်းများ။
ဓာတ်ပုံထဲမပါပေမယ့် ရောက်လာခဲ့တဲ့ သူငယ်ချင်းများ ကျေးဇူးပါ။
ဓာတ်ပုံထဲမပါပေမယ့် ရောက်လာခဲ့တဲ့ သူငယ်ချင်းများ ကျေးဇူးပါ။
နှစ်ပေါင်း ၃၀ကျော် ဘ၀တူဖြတ်သန်းခဲ့ရတဲ့ အပတ်စဉ် (၆၃) ဇနီးမောင်နှံများ
လာရောက်ပေမယ့် ဓာတ်ပုံထဲမပါတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်။
လာရောက်ပေမယ့် ဓာတ်ပုံထဲမပါတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်။
အစ အဆုံး အကူအညီပေးတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းများ
ဓာတ်ပုံထဲမပါပေမယ့် လာရောက်ခဲ့သူအားလုံး ကျေးဇူးတင်ပါတယ်။
ဓာတ်ပုံထဲမပါပေမယ့် လာရောက်ခဲ့သူအားလုံး ကျေးဇူးတင်ပါတယ်။
နှစ်ပေါင်း ၃၄-နှစ် ကျော်ခဲ့ပေမယ့် အမြဲနားလည်မှုပေးတဲ့ ဆရာသိန်း
ကျေးဇူးတွေတင်ပြီးရင်းတင်နေရသူ
ကျေးဇူးတွေတင်ပြီးရင်းတင်နေရသူ
ကျေးဇူးတင်ပါတယ် နတ်ရဲရေ (စာတွေရေးနိုင်လွန်းသူလေး)
ကျေးဇူးတင်ပါတယ် ကိုအောင်ရေ (ပျူနိုင်ငံ)
‘မိန်းမရေ ကိုယ်တို့အပတ်စဉ်(၆၃)ရဲ့ မဂ္ဂဇင်းမှာထည့်ဘို့ ဆောင်းပါးတစ်ပုဒ်လောက် ရေးထားအုံးနော်’ တဲ့။
‘ကိုယ်တို့အပတ်စဉ်နဲ့ ဆက်စပ်တာလေးတွေတော့ ထည့်ရေးနော်၊ အထူးသဖြင့် …….’
ရှေ့ဆက်မပြောပဲ ကျွန်မကိုအကဲခပ်ရင်း စကားစကိုတစ်ဝက်တစ်ပျက်ရပ်ထားလိုက်တယ်။ ပြောရင်းဆိုရင်း လမ်းခုလတ်မှာ သူစကားရပ်သွားခြင်းဟာ မကြာခဏကျွန်မပြောတတ်တဲ့ စကားလုံးလေးတွေကြောင့် ထင်ပါရဲ့။ ပို့စ်တစ်ပုဒ်ဖြစ်တည်မှုအတွက် အရေးအကြီးဆုံး အချက်တစ်ချက်က ရေးချင်စိတ်ပေါ်မှဖြစ်တာ။ တစ်နည်းဆိုရရင် ‘မု’ ၀င်လာပြီဆိုလို့ကတော့ တစ်ပိုဒ်ပြီးတစ်ပိုင် စဉ်ဆက်မပြတ် အတွေးမျှင်လေးတွေ အမျှင်တန်းပြီး ရေးနေတတ်သလို ဟိုတစ်စသည်တစ်စ ဆွဲထုတ်စရာမလိုလောက်အောင် ချောမွေ့လှတယ်။ ‘မု’ မ၀င်ပြန်ရင် နာရီပေါင်းများစွာ လက်တော့ပ်အရှေ့ ငုတ်တုတ်ထိုင်ပြီး တွေးတောနေအုံးတော့ ကွက်လပ်ဖြစ်နေတဲ့ ဗလာဦးနှောက်ထဲကနေ ကောင်းနိုးရာရာ ဘယ်လိုအတွေးအမျှင်မျိုးမှ ဆွဲထုတ်လို့ မရပြန်။ သေသေချာချာပြန်လည်လို့ သုံးသပ်ကြည့်တော့ ‘မု’ မ၀င်ဘူးဆိုတာ အကြောင်းပြချက် သက်သက်လည်း ဖြစ်နိုင်ချေရှိသလို ကိုယ်တိုင်း အပျင်းထူတာလေးကြောင့်ဆိုတာလည်း လက်ခံမိတယ်။ စတေးတပ်တွေမှာ မရိုးအောင် တစ်ခုပြီးတစ်ခုတင်နေခဲ့ပေမယ့် ဆရာသိန်းရဲ့ တောင်းဆိုချက်ကို အခုထိ မရေးဖြစ်ခဲ့တာကိုပြန်တွေးရင်း ‘ငါရေးသင့်ပြီ’လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမမိတယ်။ ကျွန်မအပေါ် အမြဲလိုလို နားလည်မှုပေးတဲ့ ခင်ပွန်းဆိုတာတော့ နီးစပ်သူများ သိပြီးသားမို့ အကျယ်တ၀ံ့မရေးတော့ပါဘူး။ ဒီတော့ကာ မဂ္ဂဇင်းမှာပါသွားတဲ့အခါကျမှ စတေးတပ်မှာတင်ပါရစေလို့။
ရသေ့စိတ်ဖြေအနေနဲ့ စာဖတ်သူတို့ကို တိုးတိုးတိတ်တိတ်ပြောခဲ့မယ်နော် ‘မပြယ်လွင့်သေးတဲ့ပုံရိပ်များ’ ဆိုတဲ့ဆောင်းပါးလေး ရေးဘို့တွေးထားပါတယ်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
တီတင့်(စက်မှုတက္ကသိုလ်)
ခဏစောင့်ပါ...