x

31.7.18

ဘလော့ဂ်ဂါတို့ဆုံဆည်းပွဲလေး


ထုံးစံအတိုင်းအွန်လိုင်းရောက်ပြီဆိုတာနဲ့ အရင်ဆုံးဖွင့်မိတာက ဘလော့ဂ်စာမျက်နှာဆိုတော့ ရွာလည်ပြီပေါ့။ ပြီးခဲ့တဲ့ မေလတုန်းက " ဘလော့ဂါတစ်ယောက်အတွက် အမှတ်တရရေးပေးတဲ့ ဘလော့ဂါ " ဆိုတဲ့ ဆူးသစ်ရဲ့တဂ်ပို့စ် ထွက်လာတဲ့အခါ ကောက်ရိုးမီးလို ဘလော့ဂ်ဂါတစ်ချို့ ခဏတာ တက်တက်ကြွကြွနဲ့ လှုပ်ရှားလာခဲ့သလို လွန်ခဲ့တဲ့တစ်ပတ်က မောင်ရန်အောင်ရဲ့ ‘နွေညများသို့တမ်းချင်း’ နဲ့ ‘Blog Day’ ပို့စ်လေးကြောင့် လပေါင်းများစွာ အိပ်ပျော်နေတဲ့ ဘလော့ဂ်ဂါတစ်ချို့ အိပ်မှုန်စဖွား နိုးထလာကြပြန်တယ်။ ဘလော့ဂ်ဂါတွေကို မြင်မိတိုင်းမကြာခဏတွေးမိတဲ့ အတွေးလေးတစ်ခုဝင်ခဲ့တယ်။ ဒီတစ်ခေါက်တော့ လက်တွေ့ အကောင်အထည် ဖေါ်နိုင်အောင် ကြိုးစားမယ်လို့လည်း စိတ်ကိုကြိုတင် ပြင်ဆင်လိုက်ပါတယ်။ မကြာမီရောက်လာတော့မယ့် Blog Day ကို ရည်ညွှန်းပြီး တစ်ယောက်တစ်နေရာဆီ လူရောစိတ်ပါ ဝေးကွာနေကြတဲ့ ဘလော့ဂ်ဂါတွေကို ဆုံဆည်းစေချင်တဲ့ ဆန္ဒလေးတစ်ခုပါ။ ရပ်နီးရပ်ဝေးရောက်နေတဲ့ ဘလော့ဂ်ဂါများရယ် ဆုံဆည်းမယ့်နေ့မှာ မထင်မှတ်ပဲ ရန်ကုန်မြို့ကို ရောက်ရှိနေကြတဲ့ ဘလော့ဂ်ဂါများ၊ ဘယ်လောက်ဝေးတဲ့ခရီးဖြစ်ပါစေ ဆုံဆည်းပွဲကို အရောက်လာကြမယ့် ဘလော့ဂါများ၊ အားလုံး အားလုံးသော ဘလော့ဂါများနဲ့ ဆုံဆည်းပွဲလေးမှာ ဆုံဖြစ်ကြမယ်လို့ တစ်ထစ်ချယုံကြည်မျှော်လင့်ရင်း အကောင်အထည် ပေါ်စေချင်တာ ရင်ထဲကစေတနာပါ။ အဲ့ဒီစေတနာရဲ့တွန်းအားကြောင့် ဘလော့ဂ်ဒေးအကြိုအဖြစ်၂၀၁၈-ခုနှစ် သြဂုတ်လ ၁၉ရက်နေ့ (တနင်္ဂနွေနေ့)ကို 'My Favourite Kitchen ဒို့အကြိုက်'မှာဆုံကြပါစို့နော်။ ဘလော့ဂ်အိမ်တစ်ခု တည်ဆောက်ပြီး ကိုယ့်ရဲ့အားသန်ရာ ပို့စ်လေးတွေကိုတင်ခဲ့ဘူးတဲ့ ဘလော့ဂ်ပိုင်ရှင်တိုင်းကို ၀မ်းသာကြည်နူးရင်းနှီးစွာနဲ့ ဆုံဆည်းစေချင်ပါတယ်။ အဲ…. ရေးလို့တောင်မဆုံးသေးဘူး လွန်ခဲ့တဲ့ ၆-နှစ်က အွန်လိုင်းမီဒီယာနဲ့ပုံနှိပ်မီဒီယာတို့ရဲ့အားပြိုင်ပွဲလေးတက်လာတယ်။ ဘလော့ဂ်ဂါတို့ရဲ့ဆုံဆည်းပွဲလေးကို ဘလော့ဂ်ဂါများလာရောက် ဆင်နွှဲဘို့ကို ဘလော့ဂါများအားလုံး တစ်ယောက်တစ်ပိုဒ်စတေးတပ်လေးတွေနဲ့ ၀ိုင်းဝန်းပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။ (တောင်းကားတောင်း၏ မရ :P )



ဆုံရပ်လိပ်စာကတော့-

My Favourite Kitchen, 
#774, 16/1 Quarter, 
Yadanar St, Thingyangun Township Myanmar Yangon 11071
ဆုံဆည်းချိန်က နေ့လည် ၁၂နာရီက စတင်မှာဖြစ်ပါတယ်။

 မေတ္တာဖြင့်တီတင့် (စက်မှုတက္ကသိုလ်)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz