x

30.8.19

ဘလော့ဂါတို့အတွက် ဘလော့ဒေး



၃၁-၈-၂၀၁၉ ရက်နေ့မှာ ကျရောက်မည့် ဘလော့ဒေးနဲ့ပတ်သက်ပြီး သမင်လည်ပြန် တစ်ချက်လောက် ကြည့်လိုက်မယ်ဆိုရင်ဖြင့် တစ်ခါက စည်ပင်သာယာဝပြောပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ဘလော့ရွာလေးကို တမ်းတမ်းတတ သတိရလွမ်းဆွတ်မိတယ်၊ ဘလော့ဂါဖြစ်စေ ဘလော့အိမ်တွေမှာ အချိန်ပေးပြီး စာတွေလိုက်ဖတ်တဲ့ စာဖတ်သူဖြစ်စေ ဘလော့ရွာလေးကို ဝိုးတိုးဝါးတား သတိရနေကြမှာပါ။
ထိုစဉ်အချိန်က ဘလော့အိမ်တွေဆီကို ခြေဦးလှည့်မိတယ်ဆိုရင် ထမင်းမေ့ဟင်းမေ့ အချိန်တွေ တိုက်စားရင်း ရသစုံဥယျဉ်ကြီးထဲမှာ နှစ်ခြိုက်စွာနဲ့ မိန်းမောခံစားကြဘူးတယ်။ ဘလော့ဒေးမှာ တစ်ယောက်နဲ့ တစ်ယောက် တဂ်ပို့စ်တွေရေးခိုင်းရင်းလည်း အချိန်တွေကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်း ခဲ့ကြဘူးတယ်။ နှလုံးသားအိမ်မှာ ရာသက်ပန် ဖျက်မရတဲ့ ‘ဘလော့ဂါ’ ဆိုတဲ့စည်းတံဆိပ်ရိုက်ခဲ့ကြတဲ့ ဘလော့ဂါ မောင်နှမများအားလုံးကို ဘလော့ဒေးရောက်တိုင်း၊ တိုက်ဆိုင်တိုင်း သတိရတယ်။ တခါက ရေးခဲ့ဘူးတဲ့ ရင်ထဲကစာသားလေး -
“ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ"
ဘလော့ဂါတို့ရေ မနက်ဖြန် ဘလော့ဒေးမှာ ဆုံကြစို့နော်
တီတင့် (၃၀-၈-၂၀၁၉)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz