x

21.10.19

ကြိုတင်ရိက္ခာစုဆောင်း သူငယ်ချင်းအပေါင်း-


ပထမအကြိမ် 1975-81 RIT သူငယ်ချင်းများရဲ့ မဟာကထိန် အလှူတော်ကို ရွှေကျင်ကျောင်းသစ် ကျိုက်ဝိုင်းဘုရားလမ်း၊ သမိုင်းမှာ ၂၀-၁၀-၂၀၁၉ (တနင်္ဂနွေ) ဒီကနေ့မနက် ၉နာရီခွဲမှာ စတင်ကျင်းပခဲ့ပြီး နေ့လည် ၁၁နာရီခွဲမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

ကျောင်းသံဃာ ၇ ပါး၊ သီလရှင် ၇ ပါးနဲ့ ပင့်သံဃာ ၄၄ပါး၊ ကျောင်းရဲ့ ဧည့်သည်တော် ၁၂၅-ဦး၊ အင်ဂျင်နီယာ သူငယ်ချင်းများခန့်မှန်း ၁၀၀အထက်ကို ရွှေလမင်း (အောင်ကြီး)က သီးစုံထောပတ်ထမင်း ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သရက်ချဉ်တို့နဲ့ ဧည့်ခံကျွေးမွေးခဲ့ပြီး အချိုပွဲအဖြစ် ကျောက်ကျော၊ ရေခဲမုန့် လဘက်အကြော်စုံနဲ့ မန္တလေးထိုးမုန့်တို့ပါဝင်ခဲ့ပါတယ်။

သူငယ်ချင်းတွေရဲ့ လှူဒါန်းငွေစုစုပေါင်းမှာ ၆၁-သိန်းနှင့် ၅-သောင်း၊ သင်္ကန်း ၆-စုံ၊ သင်္ဃန်း ပရိက္ခရာစုံ ၁-ခြင်း၊ ဆန်အိတ် ၃-အိတ်တို့ပါဝင် လှူဒါန်းကြပါတယ်။ ပစ္စည်းစုံ ပဒေသာပင် ၃-ပင် သီးကြပါတယ်။ အမှတ်တရ ပုံရိပ်များနဲ့အတူ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။















































တီတင့် (၂၁-၁၀-၂၀၁၉)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz