x

12.12.19

ေတာင္းဆု


မနေ့က-
Facebook တခွင်မှာ ဘလော့ဂါတို့ရဲ့ ICJ နဲ့ဆက်နွယ် တက်လာသမျှ ပို့စ်တွေကို ရတဲ့အချိန်တိုင်း မလွတ်တန်း လိုက်ဖတ်ဖြစ်တယ် နေ့လည်အားချိန်မှာ GM က 'အန်တီရေ မြစ်ကျိုးအင်း တင်ထားတဲ့ 'ထွီ' ပို့စ်ကို ရှယ်လိုက်‌တယ်'လို့ ပြောလာတော့ ဂုဏ်ယူစွာနဲ့ မောင်မြစ်အကြောင်းပြောဖြစ်သေး။
ကျွန်မအတွေးလေးကို လွန်ခဲ့တဲ့အချိန်တွေဆီ ဖြန့်ကျက်မိတယ် မြစ်ဆုံစီမံကိန်းပို့စ်တွေတက်လာစဉ် အချိန်အခါကလို ကျွန်မရဲ့စိတ်တွေဟာ တက်ကြွလန်းဆန်းနေတယ်၊ ဒီတခေါက်ခံစားချက်က ရသပေါင်းချုပ်ကို တချိန်တည်းမှာ တပိုးတနင့် ခံစားလိုက်မိတယ်။ တုန်လှုပ်မှု၊ အံ့ဩမှု၊ ဝမ်းနည်းမှု၊ ဝမ်းသာမှုတွေ တသီကြီးရောပြွမ်းနေခဲ့တယ်။
ကျွန်မရဲ့ကလောင်သွားဟာ ဘလော့ဂါအချို့လို ထိထိရှရှ မထက်မြက်တာရယ်၊ အတွေးအခေါ်ပိုင်းမှာ အားနည်းတာရယ်တို့ကြောင့် ဘဝမှာကိုယ်တွေ့ တွေ့ကြုံခဲ့တဲ့ ကိုယ်ပိုင်ဝတ္ထုသာရေးသားခဲ့တယ်။ ဘယ်လိုဖြစ်ဖြစ်ကိုယ်တနိုင်တပိုင်ဖြစ်တဲ့ ဆုတောင်းမှုကိုတော့ မနက်အာရုဏ်မတက်ခင်၊ ကမ္မဌာန်းတရား ရှုမှတ်ပြီးချိန်မှာ၊ သစ္စာဆိုပြီး ဆုတောင်းဖြစ်တယ်။
- မိမိအသက်အရွယ်ကို ပဓာနမထား ဒုက္ခအတိ ရောက်အံ့ဆဲဖြစ်သည့် ဤတိုင်းပြည်ကြီးကို စွမ်းစွမ်းတမံ ကယ်တင်‌သည့် တိုင်းပြည်ခေါင်းဆောင် အမေစု ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် လုပ်ငန်းဆောင်တာများ အောင်မြင်စွာ လုပ်ဆောင်နိုင်ပါစေ။
- ၇ရက် သားသမီးတို့နှင့် သူတော်စင် ပုဂ္ဂိုလ်များ တိုင်းပြည်ခေါင်းဆောင် အမေစုကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီရင်း စိတ်ခွန်အား ပေးခြင်းဖြင့် အထောက်အကူဖြစ်ပါစေ။
- မြန်မာနိုင်ငံကြီးတွင် မှီတင်းနေထိုင်သူ လူ နတ် ဗြဟ္မာ သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေသတည်း။

တီတင့် (၁၂-၁၂-၂၀၁၉)

- - - - - - - - - - - - - - - - - - - - -

မေန႔က-
Facebook တခြင္မွာ ဘေလာ့ဂါတို႔ရဲ႕ ICJ နဲ႔ဆက္ႏြယ္ တက္လာသမွ် ပို႔စ္ေတြကို ရတဲ့အခ်ိန္တိုင္း မလြတ္တန္း လိုက္ဖတ္ျဖစ္တယ္ ေန႔လည္အားခ်ိန္မွာ GM က ‘အန္တီေရ ျမစ္က်ိဳးအင္း တင္ထားတဲ့ ‘ထြီ’ ပို႔စ္ကို ရွယ္လိုက္တယ္’ လို႔ ေျပာလာေတာ့ ဂုဏ္ယူစြာနဲ႔ ေမာင္ျမစ္အေၾကာင္းေျပာျဖစ္ေသး။
ကြ်န္မအေတြးေလးကို လြန္ခဲ့တဲ့အခ်ိန္ေတြဆီ ျဖန္႔က်က္မိတယ္ ျမစ္ဆံုစီမံကိန္းပို႔စ္ေတြတက္လာစဥ္ အခ်ီန္အခါကလို ကြ်န္မရဲ႕ စိတ္ေတြဟာ တက္ႂကြလန္းဆန္းေနတယ္၊ ဒီတေခါက္ခံစားခ်က္က ရသေပါင္းခ်ဳပ္ကို တခ်ိန္တည္းမွာ တပိုးတနင့္ ခံစားလိုက္မိတယ္။ တုန္လႈပ္မႈ၊ အံ့ၾသမႈ၊ ၀မ္းနည္းမႈ၊ ၀မ္းသာမႈေတြ တသီႀကီးေရာႁပြမ္းေနခဲ့တယ္။
ကြ်န္မရဲ႕ကေလာင္သြားဟာ ဘေလာ့ဂါအခ်ိဳ႕လို ထိထိရွရွမထက္ျမက္တာရယ္၊ အေတြးအေခၚပိုင္းမွာ အားနည္းတာရယ္တို႔ေၾကာင့္ ဘ၀မွာကိုယ္ေတြ႕ ေတြ႕ၾကံဳခဲ့တဲ့ ကိုယ္ပိုင္၀တၳဳသာေရးသားခဲ့တယ္။
ဘယ္လိုျဖစ္ျဖစ္ကိုယ္တႏိုင္တပိုင္ျဖစ္တဲ့ ဆုေတာင္းမႈကိုေတာ့ မနက္အာ႐ုဏ္မတက္ခင္၊ ကမၼဌာန္းတရား ရႈမွတ္ၿပီးခ်ိန္မွာ၊ သစၥာဆိုၿပီး ဆုေတာင္းျဖစ္တယ္။
- မိမိအသက္အရြယ္ကို ပဓာနမထား ဒုကၡအတိ ေရာက္အံ့ဆဲျဖစ္သည့္ ဤတိုင္းျပည္ႀကီးကို စြမ္းစြမ္းတမံ ကယ္တင္သည့္ တိုင္းျပည္ေခါင္းေဆာင္ အေမစု ကိုယ္စိတ္ႏွစ္ပါးေအးခ်မ္းစြာျဖင့္ လုပ္ငန္းေဆာင္တာမ်ား ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ပါေစ။
- ၇ရက္ သားသမီးတို႔ႏွင့္ သူေတာ္စင္ ပုဂၢိဳလ္မ်ား တိုင္းျပည္ေခါင္းေဆာင္ အေမစုကို အဘက္ဘက္မွ ဝိုင္း၀န္းကူညီရင္း စိတ္ခြန္အားေပးျခင္းျဖင့္ အေထာက္အကူျဖစ္ပါေစ။
- ျမန္မာႏိုင္ငံႀကီးတြင္ မွီတင္းေနထိုင္သူ လူ နတ္ ျဗဟၼာ သတၱဝါအားလံုး ကိုယ္စိတ္ႏွစ္ပါး ေအးခ်မ္းသာယာၾကပါေစသတည္း။

တီတင့္ (၁၂-၁၂-၂၀၁၉)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz