11.11.24
သာသနာကိုရှောင်ကွင်းနေသူများ-
ဘေးကိုမမြင် ခေတ်လျှင်ချထား စောင့်ထားပါရမီ
ဒွိဟိတ်မည်နှင့် တတ်လီဒိပဟိတ် ဤငါးစိတ်သည် တိရစ်ဘုံစံတို့တည်း။(လယ်တီ)
၁။ အိုနာသေဘေးကို မမြင်ဘဲ ပျော်ရွှင်မိုက်မှားနေသူ။
၂။ ဒီခေတ်ဟာ အရိယခေတ် မဟုတ်တော့ဘူး ကျင့်လျှင်လည်း ပင်ပန်းရုံသာရှိမယ်ဟု ခေတ်ကိုလွှဲချနေသူ။
၃။ တို့က ပါရမီနည်းတယ်ဆိုပြီး ပါရမီကို လွှဲချနေသူ။
၄။ မဂ်ဖိုလ်ကို တိဟိတ်သာရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒွိဟိတ်ဟုထင်နေသူ။
၅။ ဘဝပေါင်းများစွာက ဆုတောင်းလာခဲ့ကြတဲ့ ဆုထူးပန်အဓိပတိ ပုဂ္ဂိုလ်တွေသာ ကျင့်ရင်ရနိုင်တာ တို့လို အညတရသမားတွေနဲ့ မတန်ပါဘူးလို့ ထင်နေသူ။
'မသေခင်သတိ"
မနေရလို့ သေကြသောအခါ
ကိုယ့်နောက်ကိုယ့်ကား ဘာများပါမှာ
ပစ္စည်းဝတ္ထု တစ်ခုမပါ
ကိုယ်ပြုထား ကံများကိုယ့်နောက်ပါ။
သေမှာမုချ ဖြစ်ရလေပြီ
မသေခင်လေး သင်တွေးချိန်မှီ
သေမည့်ဆဲဆဲ မလွဲကိုယ်စီ
မြတ်တရား ရှုပွားချိန်တန်ပြီ။
ဝိပဿနာတရားတော်မြတ်အား ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ကာ သစ္စာလေးပါး ပိုင်းခြားထင်ထင် သိမြင်နိုင်ကြပါစေ။
🙏🙏🙏
မေတ္တာဖြင့်
တီတင့် (၁၁-၁၁-၂၀၂၄)
ခဏေစာင့္ပါ...