15.12.24
စက္ကန့်တိုင်း မိနစ်တိုင်း
ကုန်လွန်သွားခဲ့တဲ့ အချိန်တွေကို ကျွန်မတို့ဘယ်တော့မှ ပြန်လည်ပြီး မရနိုင်တော့သလို လက်ရှိအချိန်ကိုလည်း ဖမ်းဆုပ်ထားလို့ မရနိုင်ပြန်။
“အချိန်နှင့်ဒီရေသည် လူကိုမစောင့်” ဆိုသလို ‘အိုမင်းရင့်ရော်ခြင်းနဲ့ သေခြင်းတရား’ တို့ဟာလည်း ဘယ်သောအခါမှ အချိန်ကိုစောင့်မည် မဟုတ်ပါ။ စက္ကန့်တိုင်း မိနစ်တိုင်း ကျွန်မတို့ရဲ့ ကိုယ်တွင်း ကိုယ်ပ ရုပ်နာမ်နှစ်ပါးတို့ အရှိန်အဟုန် ပြင်းစွာနဲ့ဒလစပ် ဖြစ်ပြီးပျက်နေတာတို့ဟာ လိုက်မမှီလောက်အောင် မြန်ဆန်လွန်းလှပါတယ်။
၁။ ကာမစ္ဆန္ဒနိ၀ရဏ = လိုချင်တပ်မက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
၂။ ဗျာပါဒနိ၀ရဏ = ဒေါသအမျက်ထွက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
၃။ ထိနမိဒ္ဓနိ၀ရဏ = ငိုက်မြည်းခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
၄။ ဥဒ္ဓစ္စကုက္ကုစ္စနိ၀ရဏ = စိတ်ပျံ့လွင့်ခြင်း၊ နောင်တဖန်ပူပန်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
၅။ ဝိစိကိစ္ဆာနိ၀ရဏ = သံသယရှိခြင်း၊ ယုံမှားခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
နေ့စဉ်နဲ့အမျှရွတ်ဖတ်လေ့ရှိတဲ့ ‘ငါသည်မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည် အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ပါတော့မည်’ ဆိုတဲ့တရားကို နှုတ်တိုက်ရွတ်ရုံသက်သက်မဟုတ်ပါပဲ ဉာဏ်ဦးစီးပြီး ခန္ဓာကိုယ်မှာရှိတဲ့ ၃၂ပါး ကောဌာသ (အဖို့အစုအစိတ်အပိုင်း) တို့ကို နှလုံးသွင်းခြင်းဖြင့် သင်္ခါရဒုက္ခ အကြောင်း တို့ကို ဆင်ခြင်မိလာရပါတယ်။
တစ်နည်းအားဖြင့်ပြောရရင်တော့ လက်ရှိအချိန်ကို အလဟသ မကုန်လွန်စေပဲ ဖြတ်ကျော်နေတဲ့ စက္ကန့်တိုင်း မိနစ်တိုင်းကို တန်ဘိုးထားပြီး ဝိပဿနာဉာဏ်ဦးစီးစေကာ နေ့စဉ်နဲ့အမျှ ခေါင်းစဉ်ကွဲ ဆင်ခြင်မှု ဓမ္မတရားတွေရဲ့ လမ်းဆုံးဟာ စစ်မှန်တဲ့ ဝိပဿနာတရား နှလုံးသားမှာကိန်း၀ပ်လာချင်းပင်ဖြစ်ပါတော့တယ်။ ဝိပဿနာဉာဏ် ရင့်လာတဲ့ အကျိုးကို ချက်ခြင်း လက်ငင်း ကြုံတွေ့လာတဲ့အခါ ‘စက္ကန့်တိုင်း မိနစ်တိုင်း’ ကို တန်ဘိုးထားလာတတ်သလို အဓိကနဲ့သာမညကိုလည်း ထိုးထွင်းသိမြင်လာမှာ ဧကန်မုချမလွဲပေ။
အသက်ရှူနိုင်ခွင့်လေးရတုန်း မိနစ်-စက္ကန့်မလပ် သတိတရားလက်ကိုင်ထားပြီး ဝိပဿနာတရားမြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေ။



မေတ္တာဖြင့်
ခဏေစာင့္ပါ...