18.12.24
ဝိပဿနာ ဆိုသည်မှာ-
အာနာပါနကျင့်စဉ်သည် အိန္ဒိယနိုင်ငံရှိ အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။ အချိန်ကြာမြင့်စွာက လူပေါင်းများစွာတို့ထံမှ ပျောက်ကွယ်ခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။
ပျံ့လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။ စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဠာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်းသဘာဝ (အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ) နှင့် အစိုးမရသော(အနတ္တ) သဘောသဘာဝ အမှန်တို့ကို သိရှိကြသည်။
ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။
ပြန်လည်မျှဝေပေးခြင်းဖြင့် တရားအလှူကုသိုလ်ယူပါသည်။
ခဏေစာင့္ပါ...