14.9.25
၁၄-၉-၂၀၂၅
အတိတ်ဘဝပေါင်းများစွာက ပဌာန်းဆက်ကြောင့် လက်ရှိဘဝလက်တွဲ အဖေါ်မွန်အဖြစ်နဲ့ မွေးဖွားလာခဲ့သူ ကျေးဇူးရှင် ခင်ပွန်း ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် ဝိပဿနာတရားတော်မြတ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကာ သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်နိုင််ပါစေ။
🙏🙏🙏
နိ၀ရဏတရားငါးပါး-
မဂ်ဥာဏ်မရအောင် ဖုံးအုပ်တဲ့တရား၊ နိဗ္ဗာန်ကို မရအောင်ဟန့်တားတဲ့ တရား၊ သစ္စာလေးပါးကိုမသိအောင် ပြုလုပ်တဲ့တရားတွေသာ ဖြစ်ပါတယ်။
၁။ ကာမစ္ဆန္ဒနီ၀ရဏ(လိုချင်တပ်မက်ခြင်း)
၂။ ဗျာပါဒနီ၀ရဏ (အမျက်ထွက်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆင်းရဲခြင်း)
၃။ ထိနမိဒ္ဓနီ၀ရဏ (ငိုက်မျဉ်းခြင်း၊ မိမိစိတ်စေတသိက်တွေကို မနိုင်ပဲ ငိုက်သွားခြင်း)
၄။ ဥဒ္ဓစ္စကုက္ကုစ္စနိ၀ရဏ(စိတ်ပျံ့လွင့်ခြင်း၊ စိတ်မငြိမ်ခြင်း၊ နောင်တတစ်ဖန်ပူပန်ခြင်း)
၅။ ဝိစိကိစ္ဆာနိဝါရဏ (ယုံမှားသံသယဖြစ်ခြင်း)
Happy birthday my dear benefactor 🥰😍❤️
မေတ္တာဖြင့်
တီတင့် (၁၄-၉-၂၀၂၅)
ခဏေစာင့္ပါ...