x

20.3.26

မမြဲသောတရား


ရုပ်နာမ်ခန္ဓာတို့သည်မမြဲ​သောတရား-အနိစ္စပါတကား- 
ဒီ​နေ့ memories ပြန်တက်လာတဲ့ ပုံ​လေး​က ရင်ကိုထိရှစေခဲ့တယ်။ 
ပဌာန်းဆက်ပါလို့ ဒီဘဝမှာဆုံဖြစ်ခဲ့တဲ့မိသားစုလေး၊
 ၂၀ရက်မတ်လဟာ ​ကျွေးမိခင်ရဲ့မွေးနေ့ရက်လေးဖြစ်လို့ သတိရနေမိတယ်။ 
အချိန်မတန်သေးဘူးလို့ ထင်ယောင်ထင်မှားဖြစ်ခဲ့ဘူးတယ်၊ 
တကယ်တော့ သွားချိန်တန်လို့ထွက်သွားကြရတာပါ။ 
"တိုတောင်းတဲ့ဘဝဟာ အချိန်မရွေးအဆုံးသတ်နိုင်ပါလား" 
ဆိုတာကို နှလုံးသွင်းနိုင်ရင် တန်ဘိုးရှိတဲ့အချိန်ကို တန်ဘိုးထားတတ်လာမှာ ဧကန်မလွဲပါ။ 
တတိယလှိုင်းမှာ အားမတန်လို့မာန်​လျှော့သွားတဲ့ သူငယ်ချင်းများ၊ 
အသက်ငယ်ပင်ငယ်ငြား အရာရာကို စွန့်ပြီးထွက်သွားရသူများ 
အရာခပ်သိမ်းကုန်တို့သည် မမြဲသောတရားပါတကား။ ​
ကျေးဇူးရှင်မိဘများ ​မောင်နှမသားချင်းများ ဆွေမျိုးညာတိနှင့် မိတ်ဆွေသူငယ်ချင်းများ မြင့်မြတ်​သောဘုံဘဝသို့ ​ရောက်ကြပါ​စေ။ 
🙏🙏🙏 

မေတ္တာဖြင့် 
တီတင့် (၂၀-၃-၂၀၂၆)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz