14.11.11
ပြန်လည်ဆုံဆည်းကြပါစို့-၂
၁၃-၁၁-၂၀၁၁ (တနင်္ဂနွေ)နေ့ရက်မှာ (1975-1981) ပညာသင်နှစ်မှ အင်ဂျင်နီယာကျောင်းသား သူငယ်ချင်းများ ၃၀ကျော်ဟာ ၁၇-၁၂-၂၀၁၁ (စနေနေ့)မှာ ကျင်းပပြုလုပ်မည့် နှစ်(၃၀)ပြည့် ပုလဲရတု ဆရာကန်တော့ပွဲ ကျင်းပပြုလုပ်ရေးနဲ့ ပတ်သက်ပြီး White Rice Restaurant (ကန်တော်ကြီး)မှာ ထပ်မံဆုံဆည်း ကြပြန်တယ်။ ဒီတစ်ခေါက်မှာတော့ ယခင်အခေါက်များထက် လူပိုပြီးစုံလာသလို ဆွေးနွေးပွဲလည်း ပိုမိုပြီး ပီပြင်လာပါတယ်။ White Rice Restaurant မှာဆုံဆည်းရခြင်း အကြောင်းရင်းကတော့ အင်ဂျင်နီယာ သူငယ်ချင်းများရဲ့ ညစာစားပွဲကို ပြုလုပ်မည့် နေရာအဖြစ် ရွေးချယ် ထားတဲ့အတွက်  စားသောက်ဖွယ်ရာများ လေ့လာမြည်းစမ်းဘို့ရာ ကန်တော့ပွဲအတွက် လိုအပ်သော အတည်ပြုချက်များ ရယူရန်အတွက် ဆုံဆည်းကြခြင်းပင်။ White Rice Restaurant မှ လူဆယ်ဦးစာ တစ်စားပွဲကို အမြည်းသဘော စီစဉ် ထားပေးပါတယ်။ ကျန်စားပွဲနှစ်လုံးအတွက် ကုန်ကျစရိတ်ကို ဦးစိန်အောင် (Electrical Electronic)နဲ့ ဦးမျိုးဝင်း (Civil) တို့က စပွန်စာလုပ်ကြောင်း သိခဲ့ရပါ တယ်။ (ကျေးဇူးပါ သူငယ်ချင်းတို့ရေး)။ ဆရာကန်တော့ပွဲ ရက်လည်းနီးလာပြီမို့ အင်တိုက်အားတိုက် ဆွေးနွေး အတည်ပြုချက်များ ရယူကြပါတယ်။ 
White Rice ကားရပ်ကွင်းနှင့် မျက်နှာစာအလှ
White Rice သို့အတက် အုတ်လှေကား
White Rice အတွင်းဘက် ဒီဇိုင်း 
အလှူစာရင်းဖတ်ကြား
အလှူငွေများ စဉ်ဆက်မပြတ်ဝင် 
  
လိပ်စာ စာအုပ်မှာထည့်သွင်းရေးသားမည့် ကဗျာလေးတစ်ပုဒ် ဖတ်ပြစဉ်
လက်ဆောင်အတွက် အိတ်ဒီဇိုင်းအမျိုးစုံမှ ရွေးချယ်ရန်
လက်ဆောင်ပေးဘို့ အများသဘောတူ ရွေးချယ်လိုက်တဲ့ အိတ်
လက်ဆောင်အိတ် အဖုံးရဲ့ အတွင်းဖက်မှာ ထည့်မည့် အမှတ်တရစာတမ်း
 ထုံးစံအတိုင်း သူငယ်ချင်းများ ဆုံပြီဆိုတော့ တစ်ယောက်တစ်မျိုး  မရိုးနိုင်အောင် တစ်ခန်းလုံးကို ဆူညံ ပွက်လောရိုက်လို့ နေပါတော့တယ်။  ဆရာကန်တော့ပွဲအတွက် ဆွေးနွေးတဲ့အဖွဲ့က ဆွေးနွေး။ ကိုယ့်အကြောင်း  သူ့အကြောင်း ဖလှယ်နေသူများကဖလှယ်။ သူ့ထက်ငါ အလုအယက် ပြောကြနဲ့ အတော်လေး  စည်စည် ကားကား ပျော်စရာပါပဲ။ ဒီသူငယ်ချင်းတွေကြားထဲမှာ ဘလော့ဂါ  အန်တီတင့်လည်း မိမိရရ ဓာတ်ပုံများကို မနားတမ်း လိုက်ရိုက်နေခဲ့ပါတယ်။  ၃ရက်တစ်ကြိမ်မှာ ပို့စ်တစ်ပုဒ် မတင်ရရင် ကိုယ့်ကိုယ်ကို  စာဖတ်သူများအပေါ်  အကြွေးတစ်ခုဆပ်ဖို့ ရှိနေသလိုလို တာဝန်မကျေသလိုလို  ခံစားရတာကြောင့်  မဖြစ်မနေ ဒီပို့စ်ကိုတင်ဘို့အတွက် အားထည့်နေခြင်းပါး)။ အခုတစ်လော  အလုပ်ရှုပ်နေတာတော့ အမှန်ပါ။ သို့ပေမယ့်လည်း တစ်ခြားအလုပ်တွေကို   ခနခေါက်သိမ်းထားပြီး ဒီကနေ့တင်မည့် ပို့စ်လေးထဲမှာ  အာရုံကိုမြှုပ်ထားမိပါတယ်။ ကွန်နက်ရှင်နဲ့ လုံးပမ်းရင်း ပုံလေးတွေကို  တစ်ပုံပြီး တစ်ပုံ စိတ်ရှည်ရှည်တင်နေမိပါတာ အခု ၃နာရီကျော်နေပါပြီ။ 
ဆွေးနွေးပွဲများစတင်
ယခင်အပတ်မှ ဆွေးနွေးချက်များ အတည်ပြုမှုရရန် ညှိနှိုင်း  
 ဘဏ္ဍာရေးမှူးအလုပ်ရှုပ်း)
White Rice တွင်တစ်ဝိုင်းဆီအတွက် စီစဉ်ထားသည့် ဟင်းမယ်များ
လက်သွက်တဲ့ သူငယ်ချင်းတွေကြားမှာ ဓာတ်ပုံရိုက်နှေးရင် ပြစရာမရှိတော့း)
ဆုံဆည်းခိုက်အမှတ်တရ
အလှူစာရင်းဖတ်ကြား
ဆရာကန်တော့ပွဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီး  အစည်းအဝေးခေါ်လိုက်တဲ့နောက်ပိုင်း အမြဲလိုလို တစ်ဆင့်စကား တစ်ဆင့်နားနဲ့  လှူတန်းမှုအစုစုဟာ နည်းများမဆို ဝင်လာမစဲ တသဲသဲပါ။ “ယခင်ဆုံဆည်းပွဲ”  မှာရေးခဲ့သလို မိမိရဲ့ လက်ရှိ အခြေအနေပေါ်မူတည်ပြီး ထည့်ဝင်နိုင်သူ  မထည့်ဝင်နိုင်သူများ အားလုံးရဲ့ အလှူငွေများ စုပေါင်းခြင်းဖြင့် ဆရာကန်တော့ပွဲ ဖြစ်မြောက်အောင် ကျင်းပပြုလုပ်နိုင်ခဲ့တာချည်းပင်။  အဲဒီအချက်ဟာ စည်းလုံးညီညွတ်မှုရှိတဲ့ အင်ဂျင်နီယာသူငယ်ချင်းများရဲ့  ရင်တွင်းသံယောဇဉ်ကို အရင်းခံတဲ့ စေတနာတွေပါပဲ။  
လိပ်စာ စာအုပ်မှာထည့်သွင်းရေးသားမည့် ကဗျာလေးတစ်ပုဒ် ဖတ်ပြစဉ်
လက်ဆောင်အတွက် အိတ်ဒီဇိုင်းအမျိုးစုံမှ ရွေးချယ်ရန်
လက်ဆောင်ပေးဘို့ အများသဘောတူ ရွေးချယ်လိုက်တဲ့ အိတ်
လက်ဆောင်အိတ် အဖုံးရဲ့ အတွင်းဖက်မှာ ထည့်မည့် အမှတ်တရစာတမ်း
ဆုံဆည်းပွဲပြီးဆုံးတဲ့အတွက် နှုတ်ဆက်ကြ 
 ဆရာကန်တော့ပွဲနေ့မှာ Breakfast ကို ဒေါ်တင်မာမြင့် (Civil) က ဆီထမင်း၊ ပဲပြုတ်၊ ငါးခြောက်ကြော်နဲ့ အုန်းသီး ပုစွန်ခြောက်ကြော်တို့နဲ့ တည်ခင်းမှာဖြစ်ပြီး ဒေါ်သူဇာမြင့် (Chemical) က ကော်ဖီနဲ့ ဧည့်ခံပေးမှာ ဖြစ်ပါတယ်။ ထိုနေ့ နေ့လည်စာကို မြန်မာထမင်း ဟင်း (Buffet) ဖြင့်တည်ခင်း ဧည့်ခံမှာဖြစ်ပြီး အလှူရှင်တွေကတော့ ဦးစိန်အောင် (Electrical Electronic) ဒေါ်မီမီဝင်း (Civil) ဒေါ်ရွှေဝါ (Electrical Electronic) တို့ဖြစ်ပါတယ်။ ကန်တော့ခံ ဆရာများနဲ့ လာရောက် ကန်တော့နိုင်မည့် ကျောင်းသားခန့်မှန်းအင်အား စုစုပေါင်းမှာ (၃၅၀) ဦးခန့်မှန်းရှိပါတယ်။ မနက် (၈)နာရီမှ နေ့လည်(၁၂)နာရီအထိဖြစ်ပါတယ်။ ဆရာများနဲ့ ကျောင်းသားများကို တစ်ဦးလျှင် လက်ဆောင် အိတ်တစ်လုံးဆီ ပေးမှာဖြစ်ပြီး အိတ်အတွင်းဘက်မှာ အမှတ်တရ စာတမ်းပါရှိပါတယ်။ လက်ဆောင်အိတ်ကိုတော့ ဦးအောင်နိုင်မြင့် (Electrical Electronic) နဲ့ အန်တီတင့် (Textile) တို့က တာဝန်ယူ လုပ်ဆောင်ကြပါတယ်။ အင်ဂျင်နီယာ သူငယ်ချင်းများ အသီးသီး တာဝန်ခွဲဝေမှု ကိုယ်စီနဲ့ပျော်ရွှင်စွာ ၊ဆောင်ရွက်နေလျက်ပါ။ အသေးစိတ့် ရေးပြနေရင် ဒီကနေ့ ဒီပို့စ်တင်ဖြစ်မှာ မဟုတ်တာကြောင့် လုပ်ငန်းပိုင်းကို ဒီလောက်ပဲကျေနပ်ပါလို့း)။
ညစာ စားပွဲမှာတော့ ယခင်ဆုံဆည်းပွဲ မှာရေးထားခဲ့သလို အင်ဂျင်နီယာများအားလုံး လက်မှတ် ဝယ်ရန်မလိုပါ။ တစ်ယောက်ကို တစ်စောင် မေတ္တာလက်ဆောင် ရမှာဖြစ်ပါတယ်။ တကယ်လို့သာ အဖေါ်ခေါ်ခဲ့ရင်တော့ လက်မှတ်တစ်စောင် ကျပ်တစ်သောင်းနှုန်းနဲ့ ဝယ်ယူရမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ညစာစားပွဲကို ညနေ ၆နာရီမှာ စတင်မှာဖြစ်ကြောင်းသိရပါတယ်။ အင်ဂျင်နီယာ သူငယ်ချင်းများအားလုံး ကျပ် ၃,၀၀၀ နှင့်အထက် တန်ဘိုးရှိသော လက်ဆောင်တစ်ခုဆီ ယူဆောင်ခဲ့ရမှာဖြစ်ပြီး ယခင်ဆုံဆည်းပွဲကကဲ့သို့ပင် မဲဖောက်ကာ အမှတ်တရ ပစ္စည်း လဲလှယ်ကြမှာ ဖြစ်ပါတယ်။ (ညစာစားပွဲမှာ အန်တီတင့်ရဲ့ ကင်မ်ချီကို ကင်မ်ချီနှစ်သက်သူ သူငယ်ချင်းများ အတွက် ထည့်ပေးမှာ ဖြစ်ပါတယ်း))
ဒီကနေ့အထိ ကောက်ခံရရှိငွေပေါင်း ကျပ် ၁၄,၆၄၅,၀၀၀/- (ကျပ် တစ်ရာလေးဆယ့်ခြောက်သိန်း လေးသောင်း ငါးထောင်ကျပ် တိတိ) ဖြစ်ပြီး ယခင် လက်ကျန်ငွေ ၅,၅၀၀,၀၀၀/- (ကျပ်ငါးဆယ့်ငါးသိန်း တိတိ) ဖြစ်တဲ့အတွက် စုစုပေါင်း လက်ဝယ် ကျပ် ၂၀,၁၄၅,၀၀၀/- (ကျပ်နှစ်ရာ့တစ်သိန်း လေးသောင်း ငါးထောင် တိတိ) ရှိကြောင်း ဘဏ္ဍာရေးမှူး ဒေါ်ကြူကြူလွင် (Civil) မှကြေငြာပါတယ်။ ညနေ၃နာရီခန့်မှာ ဆွေးနွေးပွဲပြီးဆုံး သွားပြီး နောက် တစ်ကြိမ် ဆုံဆည်းပွဲကို ၂၀-၁၁-၂၀၁၁ (တနင်္ဂနွေ) နေ့လည် ၁နာရီမှ ၃နာရီအထိ ဆရာ ကန်တော့ပွဲ ပြုလုပ် မည့်နေရာ သမိုင်းဝန်း အတွင်းရှိ MES (Myanmar Engineers Society) အောက်ထပ်မှာပြုလုပ် မယ်လို့ ဆုံးဖြတ်ကြ ပါတယ်။
(ရပ်ဝေး ရပ်နီး သူငယ်ချင်းများအားလုံး ၁၇-၁၂-၂၀၁၁ (စနေနေ့)မှာ ကျင်းပပြုလုပ်မည့် နှစ်(၃၀)ပြည့် ပုလဲရတု ဆရာကန်တော့ပွဲမှာ ပြန်လည်ဆုံဆည်းကြပါစို့နော်)
လူသားအားလုံးစိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်
 















































ခဏစောင့်ပါ...