3.5.12
ကုန်ဆုံးရက်များ
ဘလော့နဲ့ဝေးခဲ့တာ ဘာလိုလိုနဲ့ 
တစ်လကျော်တောင် ရှိသွားပါပေါ့လား။ မထင်ရဘူး ဘာဖြစ်လို့ ရက်တွေ ဒီလောက်တောင်
 မြန်နေပါလိမ့်နော်။ ဒီရက်ပိုင်းအတွင်းမှာ ပို့စ်တွေမတင်ဖြစ်ခဲ့ရတဲ့ 
အကြောင်းရင်းတွေကို ပြန်ဆန်းစစ်ကြည့်မိတော့ ရှုပ်ထွေးနေတဲ့ 
လူမှုရေးတွေကြောင့်ပါပဲ။ ပို့စ်တွေမတင်ဖြစ်ပေမယ့် ကြုံတဲ့အခါ 
အချိန်တိုလေးမှာ ဖေ့ဘုတ်ကိုတော့ ဝင်မိပါရဲ့ အဆက်အသွယ် ပြတ်မသွားအောင် 
ဆွေမျိုး မိတ်ဆွေ အသိုင်းအဝိုင်းတို့ကို လတ်တစ်လော အခြေအနေလေးတွေ 
တီးမိခေါက်မိစေဘို့ ဓာတ်ပုံလေးတွေ  တင်တာမျိုး ကွန်မန့်လေးတွေ 
ပေးတာမျိုးတော့ ရှိခဲ့ပါတယ်။ အချိန်ပေးပြီး ပို့စ်တစ်ပုဒ်ရေးဘို့တော့ 
အဆင်မပြေတာကြောင့် မတင်ဖြစ်ခဲ့သလို ဘလော့ဂါမိတ်ဆွေတို့ရဲ့ ဘလော့တွေကိုလည်း 
အလည်အပတ် မသွားဖြစ်ခဲ့ပါဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို ကူးစက်လာတဲ့ 
အပူမီးဟာ ကျမတို့ရဲ့စိတ်တွေကို ထုံထိုင်း စေခဲ့ပါတယ်။ အလှူအတန်း 
ပျော်ရွှင်ဖွယ်ရာ ကိစ္စတွေမှာ အားတက်သရော် ပို့စ်တွေ ရေးနိုင်ခဲ့ပေမယ့်  
ဝမ်းနည်းစရာ နာရေးကိစ္စမျိုး ကြုံလာတဲ့အခါမှာတော့ စာတစ်ပုဒ် မပြောနဲ့ 
စာတစ်ကြောင်း ဖြစ်လာဘို့ဆိုတာတောင် အနိုင်နိုင်ပါ။
ကိတ်မုန်လေးနဲ့ လက်ဆောင်ပစ္စည်းများ လာရောက်သူများ ကျေးဇူးပါ 
 ပန်းသေးခေါက်ဆွဲအတွက် အမွှေးအကြိုင်
 ခေါက်ဆွဲ
 ကြက် အာလူးဟင်း
 ဆွမ်းတော်တင်
 ဖိုးစိန် ဘိုဘိုနဲ့ တွိုင်တို့ အဲဒီလို အပင်ပန်းခံကြတာ
 မေသူနဲ့မီးလေးလဲလုပ်အားကူ
 စားပွဲအတွက် အစ အဆုံး ဒိုင်ခံလုပ်တာ ဘယ်သူလဲသိလား?
 ဘိုဘိုရဲ့အာလူးကြော်
 တွိုင်လည်းမနေရ လှော်ပြီး အမွှေးအကြိုင် ကြေအောင်ထောင်း
နောင့်တို့အတွဲလည်း ကူပါတယ်
 ဝါးတီးကိုတော့ အင်တိုက်အားတိုက် ကူညီကြ :D
အလာပသလာပ ပြောကြဆိုကြ
 ပေါက်မဲလေးတွေ ကိုယ်စီနဲ့
 ပေါက်မဲ ၁နဲ့၃၅ အကောင်းဆုံးနှစ်ခု ဆွတ်ခူးသွားတဲ့ စုံတွဲ
 ဂျေးနဲ့ ဘယ်သူတွေလည်း သိတယ်ဟုတ် ?
 ဆောင်းနဲ့တွိုင်
 ဒီတစ်ခါတော့ ဓာတ်ပုံတင်လိုက်ပြီ စိတ်ဆိုးနဲ့နော် 
 စားသောက်ပြီး စုစုစည်းစည်း 
 ကြည်နူးစရာ သားအဖတစ်တွေ
 ခေါက်ဆွဲခွံ့တဲ့အချိန်ပဲ ဓာတ်ပုံရိုက်လို့ရတဲ့ TMH ရဲ့တားတားလေး 
 နှစ်ယောက်အပြိုင်ခွံ့
 သူတို့လည်း ခွံ့ကျွေး
ရွှေရင်အေးနဲ့ အဆုံးသတ်ကြ 
 ညီမလေးအိမ်မှာ အမှတ်တရ
ဆူရှီတစ်လိပ်ပြီးတစ်လိပ် ကုန်သွားလို့ ဓာတ်ပုံရိုက်ချိန်မရး)
 ဒုတိယညီမလေးရဲ့ ကြက် ဗူးဟင်း နဲ့ ခရမ်းချဉ်သီးချက်
 တတိယညီမလေးရဲ့ မြေစာဥ အချိုပွဲ
 အငယ်ဆုံးညီမလေးအိမ်မှာ 
နေမကောင်းတဲ့ တူမလေးအိမ်မှာ အမှတ်တရ
 တူမလေးအိမ်မှာ ညီအစ်မလေးယောက် 
 အိမ်ပြန်ရောက်တော့ ညီမတွေက ပန်းသေးခေါက်ဆွဲစားချင်တယ်ဆိုလို့
 ထမင်းဖြူ ကောက်ညှင်း ကို ဆား မိုင်းရိုးနက်စ်တို့နဲ့ နယ်ထား
 ဒီတစ်ခေါက်တော့ ဓာတ်ပုံရိုက်ဖြစ်အောင် ရိုက်း)
သားဇော်နဲ့အမှတ်တရ (သားအမိနှစ်ယောက် ရုပ်ဆင်တယ်ဟုတ်?း)
စကားလေးကြုံတုန်း ပြောခဲ့တာပါ။ ကျမရဲ့ ဒီရက်တွေမှာ ကုန်ဆုံးရက်များကို မှတ်တမ်းအဖြစ် သိမ်းရင်း ပို့စ်တစ်ပုဒ်အဖြစ် မျှဝေလိုက်ပြီနော်။ မိမိရဲ့ကုန်ဆုံးရက်များကို ပျော်ရွှင်ကြည်နူးမှုတွေအဖြစ် ကိုယ်တိုင် ဖန်တီး ရယူနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်
 


ခဏစောင့်ပါ...