5.5.13
ခေတ်ရေစီးကြောင်းနဲ့လိုက်လျောညီထွေမှု
တစ်လတစ်မျိုး မရိုးအောင် ဆန်းသစ်နေတဲ့ အွန်လိုင်းဂိမ်းများကို သားငယ်တို့ သူငယ်ချင်းအဖွဲ့ စုစည်းပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလမှာ လစဉ်ထုတ် ဂိမ်မာမဂ္ဂဇင်းအဖြစ် မြန်မာပြည်မှာ ပထမဦးဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး လက်လှမ်းမှီသလောက် မြို့နယ်တွေကို ဖြန့်ချိခဲ့တာ လက်ရှိ မေလဆိုရင် ၉ကြိမ်မြောက် ထုတ်ဝေပြီးဖြစ်ပါတယ်။ ကျမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာလည်း လစဉ် ဂိမ်မာမဂ္ဂဇင်းနဲ့ ပတ်သက်ပြီး ပုံမှန်ကြော်ငြာ ၀င်လေ့ရှိပါတယ်။ ဂိမ်မာမဂ္ဂဇင်းကို ဖေ့ဘုတ်ရဲ့ 'For Gamers,By Gamers' စာမျက်နှာမှာ သွားရောက် လေ့လာလို့လည်းရပါတယ်။ ဧပြီလထုတ် ဂိမ်မာမဂ္ဂဇင်းမှာ မမြသွေးနီရဲ့ 'ဘ၀စာမျက်နှာများနဲ့ တက်ထရစ်ဂိမ်း၊ တစ်ခါ မေလထုတ် ဂိမ်မာမဂ္ဂဇင်းမှာ မသက်ဝေရဲ့ 'ဂိမ်းကစားခြင်းကို ဘယ်လို ထိမ်းချုပ် ကျော်ဖြတ်ကြမှာလဲ' ခေါင်းစဉ်ပါ စာမူလေးတွေ အတွက် ကျေးဇူးတင် စကားလေး ပြောချင်တာရယ် နောက်တစ်ချက် အနေနဲ့ စာဖတ်သူများလည်း ဖတ်ခွင့် ရစေချင်တာမို့ ဒီပို့စ်လေးကို တင်လိုက်ခြင်း ဖြစ်ပါတယ်။ (ဂိမ်မာမဂ္ဂဇင်းကို အားပေးကြဘို့လည်း မေတ္တာရပ်ခံ လိုက်တယ်နော် :P)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်
 







ခဏစောင့်ပါ...