x

5.7.25

မကြာခဏနှလုံးသွင်းသင့်တဲ့ ဓမ္မစာစု-


"ငါသည်မုချ​သေရမည် အချိန်ပိုင်းသာလို​တော့သည် အ​သေမဦးခင် ဉာဏ်ဦး​အောင် အားထုတ်ပါ​တော့မည်" 
စာ​တွေ့မဟုတ် လက်​တွေ့လုပ်ဘို့ လိုပါတယ်၊ ​ကျေးဇူး​တော်ရှင် အဂ္ဂမဟာပဋိက မိုးကုတ်ဆရာ​တော်ဘုရားကြီးက-
"သြော်-ငါသေရင် အပါယ်ကျမလားရယ်လို့အများကြီးလျှောက်တွေးမနေပါနဲ့- 
ဘုရားတွေ ဘယ်လောက်တည်တည် ကျောင်းတွေ ဘယ်လောက်ဆောက်ဆောက် နောက်ဆုံးကုန်ကုန်ပြောမယ်ဗျာ စျာန် သမထတွေ ဘယ်လောက်မြင့်မြင့် အနိမ့်ဆုံးအရိယာဖြစ်တဲ့ သောတာပန်အဆင့်လောက်မှ ရောက်မထားဘူးဆိုလို့ရှိရင်ဖြင့် ဝိနိပါတိကဘေး မလွတ်ဘူးတဲ့ဗျာ၊ 
၀ိနိပါတိကဘေးဆိုတာက မြန်မာလိုပြန်တော့ ပရမ်းပတာ သေတာကိုပြောတာ၊ 
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက "အေး- ဘယ်သူသေသေ ပုထုဇဉ်အဖြစ်နဲ့သာသေရင် ပရမ်းပတာသေတဲ့ဘေးက လွတ်လိမ့်မယ်လို့ ငါ - မဟောနိုင်ဘူး" တဲ့၊ ကဲ ကိုယ်ကျိုးမနည်းပေဘူးလားဗျာ၊ 
အဲတော့ မလှူရဘူး မပြောပါဘူး လှူပါ၊ ဒါပေမယ့် သစ္စာသိပြီးမှလှူပါ၊ 
မပျော်ရဘူး မပြောပါဘူး ပျော်ပါ၊ ကျွန်​တော်လည်း လူငယ်သဘာ၀ ပျော်ချင်ပါတယ်၊ 
ဒါပေမယ့် ရှေ့ပိုင်းက သစ္စာလေးသိပြီးမှ ပျော်တာကောင်းတယ်၊ အဲတော့ အသေမဦးခင် ဥာဏ်လေး အရင်ဦးထားပါမှ တော်ကာကျမယ်နော်၊ 
ဂင်္ဂါဝါဠုသဲစုမက ပွင့်ပြီးခဲ့တဲ့ ဘုရားအဆူဆူတွေ မနည်းတော့ဘူးနော်၊ 
ဘုရားတစ်ဆူတစ်ဆူဖြစ်ဖို့ ဖြည့်ကျင့်ရတဲ့ ပါရမီတွေဆိုတာကလေ အနည်းဆုံး ​၄-သင်္ချေ နဲ့ကမ္ဘာ ၁ သိန်း၊ အများဆုံး ၁၆-သင်္ချေနဲ့ ကမ္ဘာ ၁ သိန်းဗျ၊ 
ကဲ ဥာဏ်မှီသလောက်လေးပဲ တွက်ကြည့်ကြပါဦး တို့တွေ ဒီသံသရာကြီးထဲမှာ ကျင်လည်ခဲ့ကြတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲလို့၊ 
အဲဒီထဲမှာ အဆိုးဆုံးက ဖြစ်ပျက်တဲ့ ဝိပဿနာဥာဏ်လေးကိုသံသရာတစ်လျှောက်လုံးမှာ တစ်ကြိမ်တစ်ခါလောက်မှ မမြင်ဘူးခဲ့ကြလို့များလား၊ 
ဘုရားပွင့်တဲ့အချိန် ကျွတ်တန်း၀င်တဲ့ ပုဂ္ဂိုလ် တွေဆိုတာ​လေ အဲဒီသံသရာတစ်လျှောက်လုံးမှာ ဝိပဿနာဥာဏ်လေး အနည်းဆုံးတစ်ကြိမ်တစ်ခါလောက်ဖြစ်ဖူးတဲ့သူ ရဘူးတဲ့သူတွေကိုပဲ ဘုရားက ကျွတ်တန်း၀င်အောင်လုပ်နိုင်တာ၊ 
ဖြစ်ပျက်မမြင်ဘူးတဲ့သူတွေကို ဘုရားနဲ့တွေ့လည်း မကယ်နိုင်ဘူးတဲ့ဗျ ၊ ဒီနေရာမှာတစ်ချို့တော့ဖြင့် ဝိပဿနာဥာဏ်လေး ဖြစ်ဖူးပါတယ်၊ 
သံသရာတစ်လျှောက်ရဲ့ဘ၀တစ်ခုခုမှာ၊ ဒါပေမယ့် ရပ်ပြစ်ရှစ်ပါး ရောက်နေပြန်ရင်လည်းဘုရားမကယ်နိုင်ဘူးတဲ့ဗျာ ဒါကြောင့် ပုထုဇဉ်ဘ၀ ရခဲလှတယ်ဆိုတာ၊ အလကား ဟောထားတာမဟုတ်ဘူးဗျ အကြောင်းတရားတွေ အများကြီးရှိတယ်၊ 
အလုံးစုံသိမြင်တော်မူတဲ့ ဘုရားရှင်ရဲ့ သဗ္ဗေညုတ ဥာဏ်တော်ကြီးနဲ့ဟောထားတာ၊ 
ကဲ အဲဒီတော့ အသေမဦးခင် ဥာဏ်ဦး အောင်လို့ ဝိပဿနာအလုပ် လုပ်ကြဦးစို့" 
(ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဩဝါဒ​ပေါင်း များစွာထဲက တစ်ပုဒ်ကို 'ဓမ္မတရား' ​အဖြစ် ပြန်လည်မျှ​ဝေခြင်းဖြင့် ကုသိုလ်ယူပါတယ်) 
သာဓု သာဓု သာဓု 
🙏🙏🙏 ​

မေတ္တာဖြင့် 
တီတင့် (၅-၇-၂၀၂၅)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz