x

9.9.25

သတ္တဝါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ



ဒီ​နေ့မနက် အမျှ​ဝေ သာဓု​ခေါ်ချိန်မှာ အခုဘဝ နောက်ထပ်တစ်ကြိမ် ဆုံနိုင်ခွင့်မရ​နိုင်တော့ဘဲ တစ်သက်လုံး​ဝေးသွားကြတဲ့ ​မောင်နှမသားချင်း ဆွေမျိုးညာတိ မိတ်​ဆွေသင်္ဂဟ​များ မြင့်မြတ်တဲ့ဘုံဘဝအသီးသီးမှာ သံသရာဝဋ်ဆင်းက​နေအပြီးတိုင် ကျွတ်လွတ်နိုင်ကြ​စေဘို့ရာ ဝိပဿနာတရား​တော်မြတ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါ​စေလို့ ဆု​​တောင်းခဲ့တယ်။ 
မရပ်မနား လည်ပတ်နေတဲ့ သံသရာစက်ဝိုင်းကြီးထဲမှာ ပဌာန်းဆက်ပါခဲ့သူတို့ တိုတောင်းတဲ့လက်ရှိဘ၀မှာ ခေတ္တခဏဆုံဆည်းခဲ့ကြသလို တခါပြန်လည်လို့ ခွဲခွာသွားကြရပြန်တယ်၊ တရားသဘောနဲ့ပြောရရင်ဖြင့် ဖြစ်ပျက် ဓမ္မတာဘဲမို့ သွားသူများလည်း သွားကြသလို ကျွန်မအပါအ၀င် ကျန်နေသူများလည်း အချိန်တန်လာတဲ့တစ်​နေ့ကျရင် အလျှိုလျှို ထွက်သွားကြရမှာအသေအချာ။ 
စုတိစိတ်ဖြစ်ပြီးနောက် ဘဝအသစ်၌ ပဋိသန္ဓေ စိတ်ဖြစ်၏။စုတိစိတ်နှင့် ပဋိသန္ဓေ စိတ်တို့သည် ချက်ချင်းဆက်၏။ စုတိစိတ်နှင့် ပဋိသန္ဓေစိတ်အလယ်၌ အချိန်ကာလ အကြားကလေးမျှ မခြားတော့ချေ။ ဘဝအသစ်ရောက်ဖို့ရာထိုမျှလောက်မြန်၏။ လူ့ပြည်မှစုတေ၍ နတ်ပြည်ရောက်သူဖြစ်ဖြစ် ငရဲရောက်သူဖြစ်ဖြစ် စုတေပြီးသည်နှင့် တပြိုင်နက် ပဋိသန္ဓေစိတ်ဆက်ကာ ဆိုင်ရာဘဝအသစ်၌ ခန္ဓာအသစ်ထူထောင်မိလေသည်။ 
ကျန်ရစ်ခဲ့တဲ့ အနှစ်မဲ့ခန္ဓာကြီးဟာ တကယ်တော့ ဘယ်လိုတွေးတွေး ဖက်တွယ်နေစရာ မလိုတော့တဲ့ အနှစ်မဲ့ရုပ်တရားကြီးပင်ဖြစ်ပါတယ်။ 
သူတော်စိတ်မြတ်၊ အငြိမ်းဓါတ်၊ လွှမ်းပတ်ကမ္ဘာတည်ပါစေ။ 
မေတ္တာစိတ်မြတ်၊ အအေးဓါတ်၊ လွှမ်းပတ်ကမ္ဘာခြုံပါစေ။ 
သတ္တဝါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ။ 
သတ္တဝါမှန်သရွေ့၊ တရားတွေ့၊ ချမ်းမြေ့သာယာရှိပါစေ။ 
သာဓု သာဓု သာဓု 
🙏🙏 ​🙏
မေတ္တာဖြင့် 
တီတင့်(၉-၉-၂၀၂၅)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz