x

2.11.25

၄၃ နှစ်တိုင်ခဲ့ပြီ


ချစ်ခင်ကြင်နာ ယုံကြည်​လေးစား နားလည်မှုများဖြင့် အိမ်​ထောင်သက် ၄၃-နှစ်​ပြည့်အမှတ်တရလက်​ဆောင်-
"လက်ရှိခန္ဓာ မတွယ်တာနှင့် နောင်လာ ဘဝ မတောင့်တဘဲ ကြောင့်ကြစွဲဖြင့် အမြဲမပြတ် ဝိပဿနာ လေ့လာကြိမ်ကြိမ် အာစိဏ္ဏကံ ဖြစ်ကြောင်းဖန်မူ ထိုသည့် သူကား အယူမလွဲ ဂတိမြဲ၏။ 
မီးစွဲလောင်မှ ရေကိုတ သော် မရဖြစ်အင် ပုံနှိုင်းယှဉ်၍ မဂ္ဂင်သန္ဓေ တည်မြဲ နေအောင် မသေခင်က ပြင်ဆင်တောက်လျှောက် မေ့မပျောက်နှင့် ချွေးပေါက် ယိုစီး သေခါနီးဝယ် အပြီးမုချ မဂ္ဂင် ရလိမ့်။ 
ကိစ္စမလျော် အကြောင်းပေါ်၍ မတော်တဆ မဂ်မရဦး ဘဝအစွန် တမလွန်တွင် ထူးချွန်အံ့လောက် နတ်ပြည်ရောက်၍ မဖောက်မပြန် သောတာပန်စစ် ဧကန် ဖြစ်မည် မလစ်ဝိပဿနာ အကျိုးတည်း
" ​ဆွေမျိုး မိတ်​ဆွေသင်္ဂဟများ သံသရာဝဋ်ဆင်းရဲအ​ပေါင်းမှကင်း​ဝေးနိုင်ကြ​စေရန် ဝိပဿနာတရား​တော်မြတ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါ​စေ။ 
🙏🙏🙏 

(ဖြစ်ပြီးပျက်ခဲ့​သော ပုံရိပ်​ဟောင်း​လေးများ တင်ထားပါသည်) 

မေတ္တာဖြင့် တီတင့် 
(၂-၁၁-၂၀၂၅)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz