x

18.2.26

အကြောင်းကောင်း၍ အကျိုးကောင်း


အရှင် သာသန
သာဓု သာဓု သာဓု 🙏🙏🙏 

သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူသော မြတ်စွာဘုရားသည် ဒုက္ခိတ သတ္တဝါများကို ချမ်းသာစေရန် အလို့ငှာ ကမ္ဘာပေါင်းများစွာ၀ယ်အသက်ကိုစွန့်၍ သီလစောင့်ခြင်း၊အသက်ကိုစွန့်၍ သည်းခံခြင်း၊ မိမိအသက်ကိုစွန့်၍ သူတစ်ပါးအသက်ကို ကယ်ဆယ်ခြင်းအားဖြင့် လွန်စွာကောင်းသောပါရမီများ ဖြည့်တော်မူလာခဲ့သောကြောင့် ဘုရားဖြစ်မည့်ဘ၀၌ ရရှိသောအကျိုးများ၏ အထက်တန်းကျခြင်းကို ‘အကျိုးကောင်းခြင်း’ ဟု ဆိုလိုပါသည်။ 
ထိုအကျိုးများကား ရုပ်အဆင်းတော်၏ သပ္ပာယ်ခြင်း၊ ဉာဏ်တော်ကြီးမားခြင်း၊ တန်ခိုးအာနုဘော် ကြီးမားခြင်းများတည်း။ ထိုသို့သော အကြောင်းကြောင့် တင့်တယ်ကြီးမားခမ်းနားသော အကျိုးကို ရရှိတော်မူပြီးသောအခါ အေးအေးသက်သာ သီတင်းသုံးတော်မမူပါဘဲ သတ္တဝါတို့၏ အကျိုးစီးပွား များကြဖို့ရာ တရားဟောတော်မူလျက် ၄၅-ဝါ အချိန်အခါကို ကုန်လွန်စေတော်မူပါသည်။
ပရိနိဗ္ဗာန် စံတော်မူခါနီးဆဲဆဲမှာပင်- “ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တ ယာမိ ဝေါ။ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ” ဟု ဆုံးမသြ၀ါဒ ပေးတော်မူရှာပါသေးသည်။ ထိုသို့မနားမနေ ဟောပြောတော်မူပေသောကြောင့် ကုဋေများစွာ သတ္တဝါတို့ သံသရာ၀ဋ် ဇာတ်သိမ်း၍ အေးငြိမ်းကြရပါသည်။
ကိုယ်စိတ်နှစ်ပါး ​အေးချမ်းစွာဖြင့် သာသနာပြုနိုင်ကြပါစေ။ 
မေတ္တာဖြင့် 
တီတင့်(၁၃-၂-၂၀၂၆)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz